သောင်တင်နေတဲ့ လင်းရှူးတစ်ကောင်ကို အသက်ကယ်ဖို့ ကြိုစားခဲ့ပေမယ့် အချိန်မမီလိုက်

စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့နယ် ၊ ဝါးကုန်းကျေးရွာအုပ်စု ၊ ဝါးကုန်းသောင်ပြင်မှာ မနေ့ စက်တင်ဘာ ၁၃ ရက်
မနက်ပိုင်းက လင်းရှူးတစ်ကောင် သောင်တင်နေတာကို ရေလုပ်သားတွေက တွေ့ရတဲ့အတွက် အသက်ကယ်ပေးဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မမီလိုက်တာကြောင့် သေဆုံးသွားတယ်လို့ ဝါးကုန်းရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” လင်းရှူးတွေ မကြာခဏ သောင်တင်နေတာကို တွေ့ရတတ်ပါတယ် ၊ အသက်သေဆုံးတယ်ဆိုတာ မရှိဘူး ၊ အခုတွေ့သေဆုံးသွားတဲ့ အကောင်က ၊ ကမ်းတင်ချိန် ကြာမြင့်ပြီး သေဆုံးတာဖြစ်နိုင်တယ် ” လို့ ဝါးကုန်းရွာ ရေလုပ်သား တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ သေဆုံးသွားတဲ့ လင်းရှူးဟာ အလျားအရှည် ၆ ပေ နဲ့ ကိုယ်ထည် လုံးပတ် ၁ ပေခွဲ အရွယ်အစားရှိပြီး ဒွါရပေါက်တွေက သွေးများထွက်ကာ အင်းအားချိနဲ့ တဲ့အတွက် သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ရေလုပ်သားတွေက ထင်ကြေးပေး မှတ်ချက်ပြုထားပါတယ်။
 
သေဆုံးသွားတဲ့ လင်းရှူးကို ဝါးကုန်းသောင်ပြင်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရေလုပ်သားတွေက ကောင်းမွန်စွာ မြေမြုပ်ထားလိုက်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကလည်း
​မကွေးတိုင်း ပခုက္ကူမြို့နယ် ၊ မန်ကျည်းပင်ပုအုပ်စု ၊ နှောကုန်းကျေးရွာအနီးမှာ ဦးခေါင်းထိပ် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ဧရာဝတီ လင်းပိုင် တကောင် တွေ့ရှိရပါတယ်။
 
ဒါ့အပြင် တနသ်ာရီကမ်းရိုးတန်းဘက်မှာလည်း ပြီးခဲ့တဲ့ သြဂုတ်လထဲက ကမ္ဘာ့ရှားပါး ဝေလ အမျိုးအစား ငါးမန်းကြီး တစ်ကောင် သောင်တင်သေဆုံးခဲ့ပါသေးတယ် ။
 
#voiceofmyanmar #VOM #လင်းရှူး #ပုသိမ
 
ပုံစာ ၊ သေသွားတဲ့ လင်းရှူးပုံနဲ့မြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW