အမေရိကန်အပါအ၀င် နေတိုးမဟာမိတ်တွေနဲ့ ယူကရိန်းတို့ ပူးတွဲစစ်ရေးလေ့ကျင့်မယ်

ကိယက်ဗ်၊ စက်တင်ဘာ-၁၇-၂၀၂၁
မျိုးဆက်(VOM)
 
အိမ်နီးချင်းနိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေခဲ့တဲ့ ရုရှားနဲ့ ဘီလာရုစ်တို့ရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုပြီးနောက် ရက်အနည်းငယ်အကြာမှာ ယူကရိန်းကလည်း နိုင်ငံအနောက်ပိုင်းမှာ အနောက်ပိုင်းမှာ လာမယ့် သီတင်းပတ်အတွင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်မယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က စက်တင်ဘာ ၁၆ ရက်မှာပြောပါတယ်။
 
ရုရှားနဲ့ ဘီလာရုဇ်တို့ရဲ့ စစ်ရေးလေ့ကျင့်နေရာထဲမှာ အီးယူအဖွဲ့၀င်နိုင်ငံတွေရဲ့ နယ်စပ်တွေအနီးရှိနေရာတွေပါ၀င်နေတာကြောင့် ယူကရိန်းနဲ့ အခြားသောနေတိုးအဖွဲ့၀င်နိုင်ငံတွေက သတိထားစောင့်ကြည့်နေခဲ့ကြပါတယ်။
 
Rapid Trident 2021 လို့အမည်ပေးထားတဲ့ စစ်ရေးလ့ကျင့်မှုမှာ ယူကရိန်း၊ အမေရိကန်နဲ့ အခြားနေတိုးအဖွဲ့၀င်နိုင်ငံတွေမှ တပ်ဖွဲ့၀င် ၆၀၀၀ ကျော်ပါ၀င်မှာဖြစ်ပြီး အောက်တိုဘာ ၁ ရက်ထိ ကြာမြင့်မယ်လို့ ယူကရိန်းကဆိုပါတယ်။
 
ညွှန့်ပေါင်းစစ်ဆင်ရေးတွေအတွင်း နိုင်ငံစုံတပ်ဖွဲ့တစ်ခုရဲ့ ပူးတွဲလုပ်ဆောင်မှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ယူကရိန်းစစ်ဘက်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ဒီလိုအနောက်မဟာမိတ်နိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ နေတိုးအဖွဲ့သို့၀င်ရောက်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ယူကရိန်းက ရှုမြင်ထားပြီး ရုရှားရဲ့ ကျူးကျော်မှုတွေကို ခုခံကာကွယ်ရာမှာလည်း အားကောင်းစေမယ်လို့ ယုံကြည်ထားပါတယ်။
 
Ref : Reuters
Photo:Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW