ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၁၉၊၂၀၂၁
KK(VOM)
 
ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိလူသုံးဦးက ဒီကနေ့မနက်ပိုင်းမှာပဲ နေအိမ်ထဲဝင်ပြီး သေနတ်နဲ့လာပစ်ခဲ့လို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒေသခံတစ်ဦးက ” နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်တာ သုံးချက်၊ နေရာကတော့အစုံပဲ ကျိုက်ထော်တိုက်နယ်ဆေးရုံမှာတင်ထားရတယ်၊ အခြေအနေက စိုးရိမ်ရတယ်”လို့ ပြောပါတယ်။
 
သေနတ်နဲ့ပစ်ခတ်ခံရသူဟာ ရှာဘွားကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်အောင် ဖြစ်ပြီး လက်တလော ဒဏ်ရာအခြေအနေမှာစိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကြီးသို့လွဲပြောင်းကုသမှုခံယူနေတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့လပိုင်းကလည်း ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှာ ရာအိမ်မှူးတစ်ဦးကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဆေးကုသမှုခံယူခဲ့ရတဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
 
# voiceofmyanmar #VOM #ကော့မှူး

Related posts

Leave a Comment

VOM News

FREE
VIEW