ဖမ်းဆီးခံရပြီးမှ ပြန်လွတ်လာတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာတွေနဲ့အတူသေဆုံးနေ

စက်တင်ဘာ ၁၉-၂၀၂၁
GH (VOM )
 
ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ ဖမ်းဆီးခံရပြီး မကြာခင်ကမှ ပြန်လွတ်လာတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒီကနေ့မနက်ပိုင်းက တွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြိး မျက်မြင်တွေ့ရှိသူတစ်ဦးက “
ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာ ဘုန်းကြီးကျောင်းဝင်းထဲက လယ်ထဲမှာပဲ ပက်လက်အနေအထားနဲ့တွေ့တယ်၊ လည်ပင်းမှာ လှီးထားတဲ့ဒဏ်ရာတွေ့တယ်။ ခေါင်း နောက်ဘက်မှာလည်း ဒဏ်ရာတွေ့တယ်။သုဿာန်ဘက်သွားကြည့်တော့ အဲ့ဒီမှာလည်းကြိုးဆွဲချထားတဲ့အနေအထားတွေ့ရတယ်။ကြိုးပြတ်နေတာလည်းတွေ့တယ်၊ ဒါကြောင့် သူ့ဘာသာသတ်သေတယ်လို့တော့ အားလုံးကထင်ကြတယ် “လို့ပြောပါတယ်။
 
သေဆုံးသူကအမျိုးသားဟာ ပေါင်းတည်မြို့ ၊ ဘွဲ့ပင်ကန်ရပ်ကွက်မှတ်တိုင်လမ်းမှာနေထိုင်သူ အသက် ၅၀ နှစ်အရွယ် တိုးကြီးဆိုသူဖြစ်တယ်လို့ သိရပါတယ်။
 
ကိုတိုးကြီး နဲ့ သားဖြစ်သူကို စစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခဲ့ပြီး မကြာသေးခင်ကမှ ကိုတိုးကြီးတယောက်ထဲကို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
 
သေဆုံးသူရဲ့ရုပ်အေလာင်းကို ရဲတပ်ဖွဲ့က ဆေးရုံကိုပို့ပြီး ရင်ခွဲစစ်ဆေးပြီးနောက် ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ၃ နာရီကျော်လောက်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
ပေါင်းတည်ရဲစခန်းကတာဝန်ရှိသူကို VOM ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့မရခဲ့တာကြောင့် အခုလို ဖြစ်စဉ်နဲ့ပတ်သက်လို့ ထပ်မံအတည်ပြုချက်ရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
 
# voiceofmyanmar #VOM #ပေါင်းတည်

Related posts

Leave a Comment

VOM News

FREE
VIEW