အင်းစိန်မြို့နယ်မှာ ရုံးအတွင်း ဧည့်စာရင်းရေးနေတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ၂၀-၂၀၂၁
KK(VOM)
 
အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖွဲနုဆီစက်လမ်းနယ်မြေ(၁)ရုံးအတွင်းမှာ ဧည့်စာရင်းရေးနေတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတဲ့ဖြစ်စဉ် မနေ့ စက်တင်ဘာ ၁၉ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ရပ်ကွက်နေသူတစ်ဦးက”ရုံးထဲမှာ ရာအိမ်မှူးက အလုပ်လုပ်နေတဲ့အချိန်ပစ်တာ၊ ပြတင်းပေါက်ကနေ နားထင်ကိုထိပြီး ရုံးထဲမှာတင် ပွဲချင်းပြီးသေသွားတယ်”လို့ ရှင်းပြပါတယ်။
 
သေဆုံးသူဟာ အင်းစိန်ရွာမအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှူး ဦးစိုးသိန်းဖြစ်ပြီး နားထင်မှာ သေနတ်ထိမှန်ဒဏ်ရာနဲ့သေဆုံးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။
 
အင်းစိန်မြို့နယ်မှာ အုပ်ချုပ်ရေးပိုင်းက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့သူ(၄)ဦးရှိနေပြီး ဇွန်လကလည်း ပိန္ဒဲကုန်းရပ်ကွက်ရှိ ရာအိမ်မှူး ဦးမောင်မောင်၊ သြဂုတ်လနဲ့စက်တင်ဘာမှာ တောင်သူကုန်းရပ်ကွက်ရှိ ထွေ/အုပ်စာရေး ဦးညီညီထွေးနဲ့မြို့သစ်(က+ခ)ရပ်ကွက်ရာအိမ်မှူးဦးစိုးမြင့်ထွေးတို့ဖြစ်တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
 
ဒါ့အပြင် အင်းစိန်မြို့နယ်မှာ ဌာနဆိုင်ရာရုံးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ စျေးအချို့မှာ ဗုံးပေါက်ကွဲလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်အချို့လည်းရှိခဲ့ပါတယ်။
 
# voiceofmyanmar #VOM #ရန်ကုန် #ရာအိမ်မှူး #သေနတ်ခံရ #သေဆုံး
ပုံစာ – ပိန္ဒဲကုန်းရာအိမ်မှူးသေနတ်နဲ့ပစ်ခံရချိန် စစ်တပ်မှလာရောက်စစ်ဆေးနေသည့်(ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW