‘NAC’ HIVကူညီစောင့်ရှောက်ရေးဂေဟာမှာ စားဝတ်နေရေးနဲ့ ဆေးဝါးတွေလိုအပ်နေ

ရန်ကုန်၊စက်တင်ဘာ ၂၀-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်ဆင်ဒူးဝါးလမ်းမှာရှိတဲ့ ‘NAC’ HIVစောင့်ရှောက်ရေးဂေဟာမှာ ကုသနေတဲ့လူနာတွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ဂေဟာတာဝန်ရှိသူဆီကနေ သိရပါတယ်။
 
အဲ့ဒီဂေဟာမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက လူနာပေါင်း ၁၆၀ ကျော်ရှိပြီး ကလေး ၁၀၁ဦးနဲ့ လူကြီး ၆၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။
 
ဂေဟာတာဝန်ခံကိုစိုးရာဇာထွန်းက ” အခုကာလမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်ချက်ရှိနေတယ်၊ ကလေးက အသက်၅လကနေစပြီး အသက်၁၈နှစ်ရှိတယ်၊ လူကြီးဆို ၁၈နှစ်ကနေ ၈၂နှစ်အထိရှိတယ်၊ ဒီကာလမှာ ပိုပြီးခက်ခဲတယ်၊ နိူင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကလည်း မပြီးသေးတော့ ဆေးထုတ်ဖို့ အခက်အခဲရှိတယ်၊ ARTဆေးတောင် ထုတ်ဖို့မလွယ်ဘူး”လို့ ပြောပါတယ်။
 
အဲ့ဒီဂေဟာမှာ ရောဂါသက်သာလာပြီး မွေးရပ်မြေ ပြန်ချင်ပေမယ့် လမ်းစရိတ်မတက်နိူင်တာကြောင့် ဂေဟာမှာပဲနေထိုင်ကာ ကလေးတွေကို ကျန်းမာရေးပြန်လည်စောင့်ရှောက်မှုပေးတဲ့အလုပ်ကို လုပ်ကိုင်ပေးနေတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။
 
“၂၀၁၄မှာရောက်တာပေါ့ ၈နှစ်ရှိပြီ၊ ရောဂါက သက်သာသွားပြီ ပြန်ချင်တယ်၊ ရွာမှာက အဖေနဲ့အမေပဲ ရှိတယ်၊ ရန်ကုန်ကိုပြန်လာပြီး ဆေးထုတ်ဖို့ကျတော့ တကယ်တမ်းမဖြစ်နိူင်ဘူး၊ လမ်းစရိတ်မတက်နိူင်ဘူးအဲ့ဒါကြောင့် ဂေဟာမှာပဲ နေလိုက်တာ”လို့ ကလေးတွေကို ဆေးတိုက်တဲ့တာဝန်ကိုယူထားတဲ့ ဒေါ်နီနီအောင်က ပြောပါတယ်။
 
NAC HIVစောင့်ရှောက်ရေးဂေဟာမှာ ကျန်မာရေးစောင့်ရှောက်မှုခံယူသူတွေဟာ ကလေးတွေအတွက် ကျောင်းပညာသင်ကြားခွင့်ပါစီစဥ်ပေးထားတာကြောင့် တက္ကသိုလ်အထိတက်ရောက်ပညာသင်ကြားနေသူတွေလည်း ရှိတယ်လို့ NACဂေဟာကနေ သိရပါတယ်။
 
လက်တလောအခြေအနေအာ ဂေဟာမှာကုသနေသူတွေအတွက် စားဝတ်နေရေးအတွက် ကူညီထောက်ပံသူနည်းပါးလို့ ဆေးဝါးလိုအပ်ချကတွေလည်းရှိနေတာကြောင့် အဆင်ပြေအောင်ရုန်းကန်နေရတယ်လို့ ဂေဟာတာဝန်ခံကိုစိုးရာဇာထွန်းကပြောပါတယ်။
 
NAC HIVစောင့်ရှောက်ရေးဂေဟာကို ၂၀၀၂ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ တောင်ဒဂုံမြို့နယ်တွင် အခြေပြုကာ ၂၀၀၈ခုနှစ်မှာတော့ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်းဆင်ဒူးဝါးလမ်းကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
# voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW