ရခိုင်လူငယ်တွေပြုလုပ်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့အခမ်းအနား

စစ်တွေ၊ စက်တင်ဘာ ၂၁- ၂၀၂၁
ထက်အောင်စိုင်း (VOM)
 
ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အခမ်းနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ လူငယ်တွေစုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။
 
” အခုလိုမျိုးအခမ်းအနားပြုလုပ်ရတာဟာ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့နှစ်တွေက ​စစ်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်နစ်နာတာတွေရှိခဲ့တာကြောင့် အဲဒီလို အဖြစ်အပျက်တွေကို နောက်နောင်မဖြစ်စေဖို့နဲ့ ရခိုင်ဒေသငြိမ်းချမ်းသာယာစေလိုတဲ့ အတွက် ပြုလုပ်တာဖြစ်တယ်”လို့ အခမ်းအနားပြုလုပ်နဲ့ လူငယ်တစ်ဦးကပြောပါတယ်။
 
အခမ်းအနားမှာ လူငယ်တွေအချင်းချင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆွေးနွေး ဖလှယ်မှုတွေ၊ ကဗျာရွက်ဖတ်တာတွေ၊ ငြိမ်းချမ်းရေးသီချင်း သီဆိုမှုတွေအပြင် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေကို ပုံဖော်ရေးဆွဲမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
 
နိုင်ငံတကာငြိမ်းချမ်းရေးနေ့အဖြစ် (၂၀၀၁) နှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီး တရားဝင်သတ်မှတ်ခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စစ်တွေ #ငြိမ်းချမ်းရေးနေ့အခမ်းအနား

Related posts

Leave a Comment

VOM News

FREE
VIEW