လက်နက်မှောင်ခိုတင်သွင်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ လုံခြုံရေးတပ်လှန့်ထား

ဘန်ကောက်၊ စက်တင်ဘာ-၂၁-၂၀၂၁
မျိုးဆက် (VOM)
 
လက်ရှိအချိန်မှာ လက်နက်မှောင်ခိုတင်သွင်းမှုတွေကို ကာကွယ်ဖို့အတွက် မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်တွေမှာ ပိုမိုတင်းကြပ်တဲ့ လုံခြုံရေးအစီအမံတွေချထားဖို့ ထိုင်းလုံခြုံရေးအေဂျင်စီတွေက သတိပေးတပ်လှန့်ထားပါတယ်။
 
ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အဆင့်လက်နက်တွေကို မှောင်ခိုရောင်းချနေကြောင်း မကြာသေးမီက သတင်းတွေရရှိပြီးနောက် ထိုင်းဒုတိယ၀န်ကြီးချုပ် Prawit Wongsuwon ကအခုလိုက်ညွှန်ကြားလိုက်တာလို့ ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Kongcheep Tantrawanich ကပြောပါတယ်။
 
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှ မထောက်ခံကြောင်း ၊ မှောင်ခိုသမားတွေအသုံးပြုတဲ့ လက်နက်၀ယ်ယူတဲ့အရင်းအမြစ်တွေ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ ငွေကြေးလမ်းကြောင်းတွေရဲ့ အချက်အလက်တွေကိုစုဆောင်းရယူဖို့ လုံခြုံရေးအေဂျင်စီတွေကို ညွှန်ကြားခဲ့တယ်လို့သူကပြောပါတယ်။
 
မကြာသေးမီက ချွန်ဘူရီရှိ ဆတ်သာဟစ်ခရိုင်မှာ လက်နက်မှောင်ခိုသမားတွေကို ဖမ်းဆီးခဲ့တဲ့အမှုမှာ ပြည်နယ်တာ၀န်ရှိသူတွေအပြင် အသိုင်းအဝိုင်းများစွာ ဆက်စပ်နေတယ်လို့ဆိုပါတယ်။
 
စုံစမ်းစစ်ဆေးမှုတွေကို တိုးချဲ့လုပ်ဆောင်နေပြီး အသေးစိတ်အချက်အလက်တွေကိုတော့ သူကထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
 
Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW