ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောခွင့်ရဖို့ တာလီဘန်အဖွဲ့ တောင်းဆို

ကဘူး၊ စက်တင်ဘာ-၂၂-၂၀၂၁
မျိုးဆက် (VOM)
 
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်များရှေ့မှောက် မိန့်ခွန်းပြောခွင့်ရဖို့အတွက် တာလီဘန်အဖွဲ့က တောင်းဆိုထားပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး တာလီဘန်အဖွဲ့ရဲ့ နိုင်ငံခြားရေး၀န်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ကုလသမဂ္ဂသို့ စာပို့တောင်းဆိုခဲ့တာဖြစ်ပြီး တောင်းဆိုချက်အပေါ် ကုလသမဂ္ဂရှိကော်မတီတစ်ရပ်က ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
 
တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်ရဲ့ ကုသလမဂ္ဂသံအမတ်ကြီးအဖြစ် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးရှာဟင်ကို အမည်စာရင်းတင်သွင်းထားပါတယ်။
 
အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့က လွန်ခဲ့လမှာ ထိန်းချုပ်ခဲ့ပြီး ပြုတ်ကျသွားတဲ့အာဖရန်အစိုးရ အစိုးရမှ သံအမတ်ကြီးဟာ နိုင်ငံကို ကိုယ်စားမပြုတော့ဘူးလို့ပြောဆိုထားပါတယ်။
 
အာဖဂန်သံအမတ်ကြီးအဖြစ် အမည်စာရင်းတင်သွင်းမှုကို ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီက ဆွေးနွေးစိစစ်သွားမှာဖြစ်ပြီး ကော်မတီမှာ အမေရိကန် ၊ ရုရှားနဲ့ တရုတ်အပါအ၀င် အဖွဲ့၀င် ကိုးနိုင်ငံပါ၀င်ပါတယ်။
 
Ref : BBC
Photo:Global News
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW