မြဝတီမြို့မှာ စတစ်ကာ အမဲကပ်ထားတဲ့ကားတွေကို ဒဏ်ကြေး ၃၀၀၀၀ ရိုက်နေ

စက်တင်ဘာ ၂၄-၂၀၂၁
GH ( VOM )
 
မြဝတီမြို့မှာ စတစ်ကာအမဲရောင်ကပ်ထားတဲ့ ကားတွေကို ဒဏ်ငွေ ၃၀၀၀၀ ကျပ် သတ်မှတ်ပြီး အရေးယူမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
 
ဒဏ်ကြေးသုံးသောင်းကို တရားရုံးကိုသွားပြီးပေးဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
 
” ဒဏ်ရိုက်တဲ့ အစီ အစဉ်ကျင့်သုံးတာ ၃ ရက်လောက်ရှိပြီ၊ အဲဒီအရင်ရက်တွေမှာက အသိပညာပေးတာတွေလုပ်တယ်။ စတစ်ကာအမဲကပ်ထားတာကို ခွာပေးဖို့သတိပေးတယ်၊ ခုတော့ ကပ်ထားတဲ့သူတွေကို ဒဏ်ငွေ ၃၀၀၀၀ ရိုက်တယ်။ ” လို့ မြဝတီဒေသခံကပြောပါတယ်။
 
ဒါကြောင့် မြဝတီမြို့တွင်းသွားလာကြမယ့်သူတွေအပါအဝင် ဒေသခံတွေအနေနဲ့ ကားမှန်မှာ
စတစ်ကာအမဲတွေမကပ်ဖို့၊ ကပ်ထားသူရှိပါကလည်း ခွာထားဖို့လိုအပ်တယ်လို့ သိရပါတယ်။
 
” အရင်ရက်ထဲကသတိပေးတာတော့ကြုံတယ်။ခုတော့ဒဏ်ကြေးရိုက်နေပြီသိရတယ်။ခွာဆိုလဲခွာလိုက်ရုံပေါ့။ ၃၀၀၀၀ ကလဲခုကာလ အတော်အရေးပါတယ်။ ကျနော်တို့ကားသမားတွေအားလုံး သတိရှိကြဖို့ပါ ၊ ကပ်တယ်ဆိုတာလည်းခုမှမဟုတ်ဘူး အရင်ငကတည်းကလေ၊ နေပူသက်သာအောင်လို့ ပါ” မြဝတီက ယာဉ်ပိုင်ရှင်ဖြစ်သူကပြောပါတယ်။
 
မြဝတီမြို့တွင်းမှာ ကားတွေစတစ်ကာအမဲကပ်ထားခြင်းရှိမရှိကို မြို့နယ်ယာဉ်ထိန်းရဲအချို့က လိုက်လံစစ်ဆေးနေကြတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #မြဝတီ #စတစ်ကာအမဲရောင်

Related posts

Leave a Comment

VOM News

FREE
VIEW