မုံရွေး၊ကြေးမုံမှာ ရွာကနေရှောင်တိမ်းရသူများလို့ မွေ့ယာလုပ်ငန်း ရပ်နားထားရ

စက်တင်ဘာ ၃၀-၂၀၂၁
ထွန်းတောက်(VOM)

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၇)ရက်နေ့ မနက် (၅) နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကြေးမုံရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

အခုလိုဝင်ရောက်ခဲ့တာဟာ ဒီရွာတွေမှာ PDF အဖွဲ့တွေ၊ ဆန္ဒပြအဖွဲ့တွေရှိနေတယ်ဆိုတဲ့ ယူဆချက်အရ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

မုံရွေးရွာမှာ အိမ်ခြေ(၁၀၀၀)ကျော်နဲ့ ကြေးမုံရွာမှာ အိမ်ခြေ (၇၀၀) ကျော်ရှိပြီး စစ်တပ်ဝင်ရောက်ခဲ့တာကြောင့် ဒီရွာတွေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ နီးစပ်ရာလုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဲ့ဒီလိုထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ဒီဒေက စောင်၊ခေါင်းအုံး ၊မွေ့ယာချုပ်လုပ်ငန်း လုပ်ကိုင်သူ တချို့ဟာ လုပ်ငန်းတွေရပ်နားထားရတယ်လို့ပြောပါတယ်။

လာမယ့်ဆောင်းရာသီအတွက် ဒီလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေရတဲ့အချိန်ဖြစ်ပြီး အခုလိုရပ်နားထားရတဲ့အတွက် အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်နေသလို ရာသီချိန် ဈေးကွက်တင်ပို့ဖို့အတွက်လည့် အခက်အခဲတွေရှိလာတယ်လို့ ပြောကြပါတယ်၊

ဒါကြောင့် ဒေသခံရွာသားတွေအနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်း အခြေအနေတွေကို ငြိမ်းချမ်းစွာနဲ့ဖြေရှင်းစေလိုပြီး လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်နိုင်ဖို့ လိုလားနေကြတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွေးကြေးမုံ #မွေ့ယာလုပ်ငန်း

Youtube Link – https://youtu.be/l_sqGLA5wsw

Related posts

Leave a Comment

VOM News

FREE
VIEW