တီးတိန်မြို့မရဲစခန်းက ရဲအရာရှိ ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM)   ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းခရိုင်၊ တီးတိန်မြို့ ၊ မြို့မရဲစခန်းက ရဲအရာရှိ ၁ ဦး သေနတ်နဲ့ပစ်ခံရတဲ့အတွက် မနေ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ် ။   ” ဒုရဲအုပ် သန်းလင်းဦး အသက် ၃၇ နှစ် ဖြစ်ပြီး ကျည်ဆံထိမှန် ဒဏ်ရာ ၃ ချက်နဲ့ သေဆုံးသွားတာပါ ” လို့ တီးတိန်ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ယောက်ကပြောပါတယ်။   အခုလ ၄ ရက်နေ့က တီးတိန်မြို့မရဲစခန်းမှူး ဦးဆောင်တဲ့ လှည့်ကင်းအဖွဲ့မှာ သေဆုံးသူ ဒုရဲအုပ်သန်းလင်းဦးလိုက်ပါခဲ့ပြီး တီးတိန်မြို့အဝင် ကြိုဆိုပါ၏ဆိုတဲ့ နေရာဘက်ကို လှည့်ကင်းသွားရောက်တဲ့အခါ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကျည်ဆံမှန် ဒဏ်ရာ ၃…

Read More

ဆိပ်ကြီးခနောင်တိုမှာ ဓားနဲ့ခုတ်ခံရတဲ့ရဲ သေဆုံးပြီးနောက် လုံခြုံရေးတင်းကျပ်ထား

ရန်ကုန်၊စက်တင်ဘာ ၆၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ဓားနဲ့ခုတ်ခံရတဲ့ ရဲသေဆုးခဲ့လို့ အခင်းဖြစ်ပွားရာရပ်ကွက်နဲ့မြို့နယ်မှာ လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ဆမားဒူးဝါးရပ်ကွက် အပိုင်း ၆မှာ မနေ့မနက် ၁၁နာရီက ကင်းလှည့်နေတဲ့ ရဲတစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဒဏ်ရာရရှိခဲ့လို့ ဆေးရုံပို့ဆောင်ကုသစဥ် သေဆုံးခဲ့ပြီးနောက်မှာ အခုလိုလုံခြုံရေးတိုးမြှင့်လိုက်တာဖြစ်တယ်၊ ခေါင်းကို ဓားနဲ့ခုတ်ခံရလို့ သေသွားတာ၊ ခုတ်တဲ့သူကလည်းထွက်ပြေးနေတယ်၊ စစ်တပ်နဲ့ရဲကတော့ အဲ့ဒီလူကိုတွေ့ရင် ပစ်ပြီးဖမ်းမယ့်ပုံပဲ၊ လာတဲ့ပုံစံကတော့ ဒေါသတွေထွက်နေတယ်”လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   သေဆုံးသူ ရဲဒုတပ်ကြပ်နဲ့ ဓားခုတ်သူရဲ့ကြားမှာ မကြေလည်တဲ့ပြဿနာတွေရှိခဲ့ပြီး ယခုဖြစ်စဥ်ဟာ နိူင်ငံရေးကြောင့်မဟုတ်ဘဲ ရန်ငြိုးကြောင့် ဓားနဲ့ခုတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပြောဆိုနေကြပါတယ်။   ဓားနဲ့ခုတ်ခံရသူ ရဲဒုတပ်ကြပ်တင်ထွန်းအောင်မှာ ဆိပ်ကြီးခနောင်တိုဆေးရုံကို ပို့ဆောင်ကုသစဥ် ညနေပိုင်းတွင် သေဆုံးခဲ့တာဖြစ်ပါတယ်။   ဓားနဲ့ခုတ်ခဲ့သွားတဲ့အမျိုးသားကို ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းမှာ လူသတ်မှုနဲ့အမှုဖွင့်ထားပြီး လက်တလောမှာ…

Read More

ချောင်းဦးနယ် အမြင့်ရွာမှာ လူ ၁၁ ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာ ၊ နန်းဦး အ.မ.ကကျောင်းအနီးမှာ မနေ့ စက်တင်ဘာ ၅ရက်က သေနတ် ၅၇ လက်နဲ့ လူ ၁၁ ယောက်ကို စစ်သားနဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့ အမြင့်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အမြင့်ရွာမှာနေတဲ့ ဒေသခံတစ်ယောက်က ” မနေ့က ညနေပိုင်း ၃ နာရီလောက်ကစပြီး ရွာထဲကို ရဲနဲ့ စစ်သားတွေရောက်လာတယ် ၊ သူတို့စိတ်ထဲမှာ မသင်္ကာဘူးလို့ ထင်ရတဲ့ နေရာတွေကို ဝင်ရှာတာတွေ လုပ်တယ် ၊ အဲ့ဒီလို ရွာထဲကို လုပ်နေတာ အချိန် ၂ နာရီလောက်ကြာမှ နန်းဦး အမက စာသင်ကျောင်း အနောက်ဘက်မှာ ဆာလာအိတ်တွေနဲ့ ထည့်ပြီး ဝှက်ထားတဲ့…

Read More

မြန်မာနိုင်ငံမှာ လေးလကြာ အပစ်အခတ်ရပ်ဖို့ စစ်ဘက်နဲ့ အတိုက်အခံတွေကို အာဆီယံအထူးကိုယ်စားလှယ် တောင်းဆိုထား

ဘန်ကောက်၊ စက်တင်ဘာ-၅-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို စက်တင်ဘာလလယ်လောက်မှာ ပထမအသုတ်အဖြစ်ပေးနိုင်ဖို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာပါ၀င်သူအဖွဲ့အစည်းတွေအနေနဲ့ လေးလတာအပစ်အခတ်ရပ်စဲဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Erywan Yusof က တောင်းဆိုလိုက်ပါတယ်။   မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး သံတမန်နဲ့ Kyodo News သတင်းဌာနတို့ စက်တင်ဘာ ၄ ရက်မှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက အခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာဘက်က ဦး၀ဏ္ဏမောင်လွင်နဲ့ သြဂုတ် ၃၁ ရက်မှာ အွန်လိုင်းကနေ ရုပ်သံစနစ်နဲ့ဆွေးနွေးခဲ့ပြီး မြန်မာဘက်ကလည်း ဒါကိုလက်ခံတယ်လို့် Erywan Yusof က ပြောပါတယ်။   ဒါဟာနိုင်ငံရေးနဲ့ပတ်သက်တဲ့ အပစ်အခတ်ရပ်စဲရေးမဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူတွေအတွက် လုံခြုံရေးစိတ်ချရဖို့ဖြစ်တယ်လို့ သူက ပြောပါတယ်။   ဒီလိုအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ မိမိပြောခဲ့တာတွေကို မြန်မာဘက် သဘောမတူတာမျိုးမရှိကြောင်းနဲ့ ဒီကိစ္စကိုလည်း အတိုက်အခံအဖွဲ့တွေဆီကို တစ်ဆင့်ခံနည်းနဲ့…

Read More

မရမ်းကုန်း ဘောဂသိဒွီကွန်ဒိုမှာ ဗုံးပေါက်ပြီး ညစောင့်လုံခြုံရေး(၂)ဦးသေဆုံး

ရန်ကုန်၊စက်တင်ဘာ ၅-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၂ရပ်ကွက်ရှိ၊ ဘောဂသီဒွီကွန်ဒို ကားပါကင်မှာ ဒီနေ့ညနေပိုင်းက ဗုံးပေါက်ခဲ့ပြီး ညစောင့်လုံခြုံရေးဝန်ထမ်း(၂)ဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ဘောဂသိဒွီလမ်းမှာနေထိုင်သူတစ်ဦးက “အသံကတော့ အကျယ်ကြီးပဲ ပေါက်တာ၊ လက်လုပ်မိုင်းလား ဗုံးလားမသိဘူး၊ ညစောင့်လုံခြုံရေးနှစ်ဦး ပွဲချင်းပြီးပဲ သေသွားတယ်”လို့ VOMကို ပြောပါတယ်။   ဘောဂသိဒွီကွန်ဒိုရဲ့ နေ့ဘက်လုံခြုံရေးတာဝန်ကျနေသူနှစ်ဦးဖြစ်တဲ့ အမျိုးသားနှစ်ဦးမှာ ယာခြေတစ်ဖက်ပြတ်ထွက်၊ အူပွင့်ဒဏ်ရာများရရှိကာ သေဆုံးသွားတယ်လို့ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ဘောဂသိဒွီအိမ်ယာနဲ့ရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့သြဂုတ်လအတွင်းက မရမ်းကုန်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးပေါက်ခြင်း၊သေနတ်နဲ့ပစ်ခံရခြင်း၊ လှသီတာရွှေဆိုင်နဲ့ ကမ္ဘာ့ရတနာဘဏ်တွေမှာ ဓားပြတိုက်မှုတွေဖြစ်ခဲ့ပါသေးတယ်။   #voiceofmyanmar #VOM #ရန်ကုန် #ဗုံးပေါက် #လူ၂ဦးသေဆုံး

Read More

ရန်ကုန်မှာ အလွတ်တန်းသတင်းထောက် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၅-၂၀၂၁ KK(VOM)   MPAသတင်းဌာနနဲ့ အခြားသတင်းဌာနတွေမှာ အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ မသူဇာကို စစ်တပ်ကနေ ဖမ်းဆီးလိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။   မသူဇာကို စက်တင်ဘာ ၁ရက်နေ့မှာ ဖုန်းအဆက်အသွယ်ရခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ််တယ်လို့ ခင်ပွန်းဖြစ်သူကိုရဲကိုက VOMကို ပြောပါတယ်။   “၁ရက်နေ့က ဖုန်းပြောသေးတယ် ည၁၀ နာရီလောက်မှာ ပြီးတော့သူအပြင်သွားမယ်ဆိုပြီး ဖုန်းချသွားတယ်၊ သမီးက မေကြီးကို ခေါ်ချင်တယ်ဆိုလို့ ဖုန်းခေါ်တာ စက်ပိတ်သွားတယ်၊ အဲ့ဒီနေ့ကတည်းက အခုချိန်ထိပဲ”လို့ ကိုရဲကိုက ဆက်လက်ပြောဆိုပါတယ်။   စစ်တပ်နဲ့ရဲတွေဟာ မတ်လအတွင်းက မသူဇာကို အင်အားအလုံးအရင်းနဲ့ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် မသူဇာကို မတွေ့တာကြောင့် ခင်ပွန်းဖြစ်သူကိုဖမ်းဆီးသွားပြီး ၅ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။   လက်တလောမှာ မသူဇာဖမ်းဆီးခံရတဲ့ကိစွနဲ့ပတ်သက်ပြီး ရှေနေနဲ့တိုင်ပင်ဆောင်ရွက်နေပေမယ့်လည်း အဆင်ပြေမှုမရှိသေးဘူးလို့ ကိုရဲကိုက ပြောပါတယ်။   “လက်တလောမှာ သူကိစွကလိုက်ဖို့ခက်ခဲတယ်၊…

Read More

ရေဦးမှာ မိုင်းထောင်တယ်ဆိုပြီး ပစ်ခတ်ဖမ်းခံရလို့ တစ်ဦးသေ တစ်ဦးဖမ်းခံရ

စက်တင်ဘာ ၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦး-တန့်ဆည်ကားလမ်း အင်တောကျေးရွာနဲ့ ပုဏ္ဏာကားကျေးရွာအကြား မူးဘောင်အနီး ကားလမ်းဘေးမှာ လူ ၃ဦးကို ရဲကားတွေနဲ့လာတဲ့အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” အင်တောရွာနဲ့ ပုဏ္ဏကားရွာအကြား မူးဘောင်အနီး ကားလမ်းဘက်ဘေးမှာ ဖြစ်တာပါ ၊ လူ ၃ ယောက်က ကားလမ်းဘေးမှာ ဆိုင်ကယ်ရပ်ထားပြီး မြေကျင်းတူးနေတဲ့အချိန် ရဲကားတွေလာတာနဲ့ ပက်ပင်းတိုးပြီး အဲ့ဒီ လူ ၃ ဦးက ထွက်ပြေးတဲ့အချိန် သေနတ်နဲ့ လှမ်းပစ်တယ်၊ ၂ ယောက်လွတ်သွားပြီး ၁ ယောက် အဖမ်းခံရတာကို မြင်တွေ့လိုက်ရတယ် ” လို့ လယ်ရေသွင်းပြီးပြန်လာချိန် အဲ့ဒီပစ်ခတ်မှုဖြစ်တဲ့နေရာဝန်းကျင်ကို ဖြန်သန်းသွားခဲ့သူတစ်ယောက်က ပြောပါတယ်။   ဒီမနက်အစောပိုင်းက ရေဦးမြို့နယ်၊ ချောင်းရိုးအုပ်စု၊ဖန်းခါးဇင်ကျေးရွာနေ…

Read More

အမရပူရမြို့နယ်မှာ ဆိုင်ကယ်တစ်စီးကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွား

မန္တလေး၊ စင်တင်ဘာ ၅-၂၀၂၁ Ko Hik(VOM)   မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်ကမ်းပတ်လမ်းမှာ ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်တစ်စီးကနေ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ လူ(၆)ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြင်တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။   ” Dream 110ဆိုင်ကယ်တစ်စီးမှာ ဗုံးတပ်ထားတာထင်တယ် အဲ့ဒီကနေ ပေါက်တာ၊ လမ်းမှာသွားလာနေတဲ့ အမျိုးသား(၃)ဦး အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရတယ်”လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။   အမရပူရမြို့နယ်ဒေသခံတစ်ဦးကလည်း “ပေါက်တယ်ဆိုတာတော့ကြားတယ်၊ ကျွန်တော်တို့နဲ့ နည်းနည်းလှမ်းတော့ သွားမကြည့်ဖြစ်ဘူး၊ အခုတော့ အဲ့ဒီနေရာက အေးဆေးပါပဲ ဘာမှမရှိတော့ပါဘူး”လို့ ပြောပါတယ်။   ပေါက်ကွဲမှုဖြစ်တဲ့ ဆိုင်ကယ်အနီးမှာ ကီးပတ်ဖုန်းအပိုင်းအစနဲ့ဝါယာကြိုးအပိုင်းအစတွေလည်း တွေ့ရှိခဲ့တယ်လို့ သ်ိရပါတယ်။   ဒဏ်ရာရသူတွေကို လူမူကူညီရေးအသင်းကားနဲ့ အမရပူရမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။   မန္တလေးမြို့က ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းအချို့မှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်ခဲ့ပြီး ဝန်ထမ်းတစ်ချို့ ဒဏ်ရာရကာ သေဆုံးသူအချို့လည်း…

Read More

မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု တရုတ်နိုင်ငံစမ်းသပ် ကုန်သွယ်ခဲ့

ပေကျင်း၊ စက်တင်ဘာ-၅-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုခံနေရတဲ့ မြန်မာနိုင်ငံကို ထောက်ခံမှုပြသတဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို ပြီးခဲ့တဲ့လက စတင်စမ်းသပ်ကုန်သွယ်ခဲ့တယ်လို့ ဆောက်ချိုင်းနားမောနီးပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။   အဲ့ဒီလိုစမ်းသပ်ရာမှာ ကုန်သွယ်မှုလမ်းကြောင်းသစ်ကနေ ကုန်ပစ္စည်းကွန်တိန်နာ အလုံး ၆၀ ခန့်ကို ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်မှုပြုခဲ့တယ်လို့ဆိုပါတယ်။   ကွန်တိန်နာတွေတင်ဆောင်ထားတဲ့ကားတွေဟာ ရန်ကုန်ကတစ်ဆင့် ကုန်လမ်းခရီးနဲ့ နယ်စပ်မှာရှိတဲ့ ချင်းရွှေဟော်ကို မောင်းနှင်ခဲ့ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လင်းဇန်ကိုသွားရောက်ခဲ့တယ်လို့ အဲ့ဒီသတင်းဌာနက ဖော်ပြထားပါတယ်။   မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် တရုတ်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်တဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် Sun Guoxiang ဟာမကြာသေးမီက မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းသစ် စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။   အဲ့ဒီလမ်းကြောင်းသစ်ဟာ မြန်မာနိုင်ငံနဲ့ကုန်သွယ်မှုကို မြှင့်တင်နိုင်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်နိုင်ရေးမှာလည်း အထောက်အကူဖြစ်စေမယ်လို့ ဆောက်ချိုင်းနားမောနီးပို့စ်…

Read More

ဆိပ်ကြီးခနောင်တိုမှာ ကင်းလှည့်နေတဲ့ ရဲတစ်ဦး ဓားနဲ့ခုတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၅၊ ၂၀၂၁ KK(VOM)   ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါးရပ်ကွက်အနီးမှာ ဒီကနေ့မနက် ၁၁နာရီက ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဒဏ်ရာရရှိခဲ့လို့ ဆေးရုံပို့လိုက်ရတယ်လို့ ဒေသတွေဆီက သိရပါတယ်။   ဆမာဒူးဝါးရပ်ကွက်နေသူတစ်ဦးက ” အိမ်ထဲကနေ ဌက်ကြီးတောင်နဲ့ထွက်ခုတ်တာ၊ အဲ့ဒီရဲက နောက်မှာကျန်ခဲ့တော့ သူပဲထိတာ၊ ခုတ်တဲ့သူက ခုတ်ပြီးထွက်ပြေးတာ”လို့ VOMကို ပြောပါတယ်။   လှည့်ကင်းလှည့်သူတွေဟာ မြို့နယ်အတွင်းလှည့်လည်နေပြီး ဆမားဒူးဝါးရပ်ကွက်၊ ငုဝါလမ်းအရောက်မှာ နောက်ဆုံးဆိုင်ကယ်နဲ့လိုက်ပါလာတဲ့ ဒုတပ်ကြပ်တစ်ဦးဓားနဲ့ခုတ်ခံရတာဖြစ်တယ်လို့ အမည်မဖော်လို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။   ဓားနဲ့ခုတ်ခံရသူမှာ ဒုတပ်ကြပ်တင်ထွန်းအောင်ဖြစ်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ထားတယ်လို့ သူကပြောပါတယ်။   ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးရမိရေးအတွက် စစ်တပ်နဲ့ရဲတွေဟာ ရှာဖွေနေတယ်လို့ သိရပါတယ်။   #voiceofmyanmar #VOM #ရန်ကုန် #ရဲတစ်ဦး #ဓားခုတ်ခံရ

Read More
VOM News

FREE
VIEW