ကနီမြို့နယ်ထဲက လိုင်စင်ရစားသောက်ဆိုင်တွေကို ကနီ ထွေ/အုပ်ဦးဆောင်ပြီး အခွန်ငွေကောက်နေ

စက်တင်ဘာ ၂၇ -၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ လိုင်စင်ရစားသောက်ဆိုင်တွေကို အခွန်ငွေပေးဆောင်ဖို့အတွက် မြို့နယ်ထွေ/အုပ်ကဦးဆောင်ပြီး လိုက်လံကောက်ခံနေတယ်လို့ သိရပါတယ်။ အခုလိုကောက်ခံတဲ့နေရာမှာ ကနီမြို့ပေါ်က ဆိုင်‌တွေအ‌နေနဲ့အခွန်ငွေ (၁၅) သိန်းပေးဆောင်ရမှာဖြစ်ပြီး ပေးဆောင်နိုင်ခြင်းမရှိရင် ဆိုင်ကိုအပြီးပိတ်သိမ်းကာ လိုင်စင်ပြန်အပ်ရမှာဖြစ်တယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တွေကပြောပါတယ်။ ဒါ့အပြင် အခွန်လည်း မဆောင်၊ လိုင်စင်လည်း ပြန်မအပ်ပါက ဆိုင်ကိုဖျက်စီးမယ်လို့ ခြိမ်းခြောက်မှုတွေလည်းရှိတယ်လို့ ဆိုင်ပိုင်ရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ စားသောက်ဆိုင်အများစုဟာ Covid-19 ရောဂါစဖြစ်ကတည်းက ပါဆယ်စနစ်နဲ့သာ ရောင်းချနေရပြီး လက်ရှိမှာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရောဂါအခြေအနေတွေကြောင့် (၆) လကျော်ကြာ ဆိုင်တွေပိတ်ထားရတဲ့အတွက် အခုလိုတောင်းဆိုထားတဲ့အခွန်ငွေကို ပေးဆောင်နိုင်ခြင်းမရှိဘူးလို့လည်း ပြောဆိုကြပါတယ်။ လက်ရှိမှာ သက်ဆိုင်ရာက အခွန်ကောက်ခံမှုတွေရှိနေပေမယ့်လည်း စားသောက်ဆိုင်အများစုက ပေးဆောင်နိုင်ခြင်း မရှိကြသေးဘူးလို့ ရပ်ကျေးစာရေးတဦးက ပြောဆိုပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာတော့ အခွန်မဆောင်နိုင်တဲ့အတွက် သက်ဆိုင်ရာက စီမံတဲ့အတိုင်းသာ ခံရရုံပဲရှိတယ်လို့ ဆိုင်ရှင်တဦးကပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ အခုလိုစားသောက်ဆိုင်တွေကို…

Read More

ပုဂံ- ကျောက်‌ပန်းတောင်း ကားလမ်းဘေးက အလှဆင်ထန်းတဲဆိုင်တွေ ချေးငွေပြန်ဆပ်ဖို့ အခက်တွေ့

စက်တင်ဘာ ၂၆-၂၀၂၁ ထွန်းတောက်(VOM) မန္တလေးတိုင်း၊ ပုဂံညောင်ဦး- ကျောက်ပန်းတောင်းသွား ကားလမ်းဘေးမှာ ခရီးသွားဧည့်သည်တွေကို အမှီပြုရောင်းချနေတဲ့ ထန်းတဲအလှဆင်စားသောက်ဆိုင်တွေ အများအပြားရှိနေတာဖြစ်ပါတယ်။ အဲ့ဒီစားသောက်ဆိုင်နေရာတွေဟာ အရင်က ယာမြေနေရာတွေဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာချိန်မှာ စားသောက်ဆိုင်လုပ်ငန်းတွေ အဆင်ပြေလာတဲ့အတွက် အဲ့ဒီယာမြေတွေပေါ်မှာ စားသောက်ဆိုင်တွေ ဖွင့်လှစ်ရောင်းချလာခဲ့တာလည်းဖြစ်ပါတယ်။ အခုလို စားသောက်ဆိုင်တွေဖွင့်လှစ်ရောင်းချတဲ့နေရာမှာ တချို့စားသောက်ဆိုင်တွေက ကိုယ်ပိုင်အရင်းအနှီးနဲ့ဖွင့်လှစ်ရောင်းချကြသလို တချို့က အသေးစားချေးငွေကုမ္ပဏီတွေကနေ အရင်းအနှီးထုတ်ချေးကာ မြေနေရာဝယ်ယူပြီး စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသူတွေလည်းရှိနေပါတယ်။ လက်ရှိမှာ စားသောက်ဆိုင်တွေအနေနဲ့ ကိုဗစ်ရောဂါ နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အရောင်းအဝယ်တွေမဖြစ်ကြတော့ဘဲ အသေးစားချေးငွေလုပ်ငန်းတွေကနေ ငွေချေးထားသူတွေမှာ ချေးငွေပြန်ဆပ်ဖို့အတွက် အခက်အခဲတွေရှိလာနေပါတယ်။ ချေးငွေလုပ်ငန်းတွေအနေနဲ့လည်း ကိုဗစ်ကာလမှာ အလုပ်အကိုင်တွေ အဆင်မပြေတဲ့အတွက် ချေးငွေပြန်ဆပ်ရမယ့်ကာလကို (၆) လအထိဆိုင်ငံ့ပေးထားပြီး လက်ရှိမှာတော့ အတိုးနှုန်းတွေကို ပြန်လည်ကောက်ခံနေတယ်လို့ စားသောက်ဆိုင်ရှင်တွေကပြောပါတယ်။ အခုလို အတိုးနှုန်းတွေကောက်ခံရတာဟာလည်း ချေးငွေမသွင်းနိုင်တဲ့သူများပြီး အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကုမ္ပဏီတွေအနေနဲ့ ရပ်တည်လည်ပတ်ဖို့ ခက်ခဲလာတာကြောင့် နှစ်ဦးနှစ်ဖက်…

Read More

စစ်ကိုင်းတိုင်းမှာ သံဃာတချို့ ပျောက်ဆုံး၊ သတ်ဖြတ်ခံရတဲ့ အရေအတွက် မြင့်တက်လာ

စက်တင်ဘာ ၊ ၂၅ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်းက မြို့နယ် ၃၇ ခုမှာ ဝါတွင်းကာလ ဝါဆိုနေကြတဲ့ ရဟန်းသံဃာတွေထဲက ဝါဆို သံဃာတချို့ အဆက်အသွယ်မရဖြစ်ကာ ပျောက်ဆုံးနေတယ်လို့ စစ်ကိုင်းတိုင်း ဗုဒ္ဓသာဝက ဝေယျဝစ္စ အကျိုးဆောင် လူငယ်များရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီလို ဆက်သွယ်မရ ပျောက်ဆုံးနေတဲ့ သံဃာ အရေအတွက်ဟာ အခုနှစ် ဝါတွင်းကာလမှာ ၁၂ ပါး အထက်ရှိနေပြီး ၊ ဝါမဆိုမီကာလက ပျောက်ဆုံနေတဲ့ သံဃာအရေအတွက်နဲ့ စုပေါင်းမယ်ဆိုပါက သံဃာ ၃၀ နီးပါး ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ အဲ့ဒီ ဗုဒ္ဓသာဝက အကျိုးတော်ဆောင် လူငယ်များရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။   ” အခု စက်တင်ဘာလ ထဲမှာ ဝါဆိုသံဃာတချို့ပျောက်ဆုံနေတာ ခရိုင်အားဖြင့်…

Read More

တောင်ကိုရီးယားရဲ့မူဝါဒပြောင်းရင် ဆွေးနွေးမယ်လို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ စက်တင်ဘာ-၂၅-၂၀၂၁ မျိုးဆက် (VOM)   တောင်ကိုရီးယားနိုင်ငံအနေနဲ့ ရန်လိုတဲ့မူဝါဒတွေကို အဆုံးသတ်မယ်ဆိုရင် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမဖြစ်သူ ကင်ယိုဂျုံက စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ကိုရီးယားစစ်ပွဲတရား၀င်အဆုံးသတ်ရေးအတွက် တောင်ကိုရီးယားရဲ့ ထပ်မံတိုက်တွန်းတောင်းဆိုမှု နဲ့ပတ်သက်၍ မြောက်ကိုရီးယားဘက်က အခုလိုတုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။   ကိုရီးယားကျွန်းဆွယ်ကို နှစ်ခြမ်းကွဲသွားစေခဲ့တဲ့ စစ်ပွဲဟာ ၁၉၅၃ ခုနှစ်မှာ ငြိမ်းချမ်းရေး စာချုပ်မဟုတ်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့သာ ပဋိပက္ခတွေအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။   အဲဒီနောက်မှာတော့ နှစ်နိုင်ငံအကြား သဘောတရာရေးရာအရ စစ်ပွဲမှာရှိနေဆဲဖြစ်ပြီး တခါတရံ ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်ခဲ့့ပါတယ်။   စစ်ပွဲအဆုံးသတ်ရေး တရား၀င်ကြေညာဖို့ စိတ်ကူးဟာ လေးစားဖွယ်ကောင်းကြောင်း ဒါပေမယ့် မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့မူဝါဒတွေရပ်တန့်မယ်ဆိုပါက ဒီအဆိုပြုချက်ကို ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ကင်ယိုဂျုံက နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် ထုတ်ဖော်ပြောဆိုပါတယ်။ Ref :…

Read More

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လေးနိုင်ငံမဟာမိတ် Quad အဖွဲ့တောင်းဆို

၀ါရှင်တန်၊ စက်တင်ဘာ-၂၅-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ဂျပန်တို့ပါ၀င်တဲ့ လေးနိုင်ငံမဟာမိတ် Quad အဖွဲ့က စက်တင်ဘာ ၂၄ရက်မှာ ပူးတွဲတောင်းဆိုလိုက်ပါတယ်။   မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ဖမ်းဆီးခံနိုင်ငံရေးသမားတွေအားလုံး ပြန်လည်လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ဒီမိုကရေစီစနစ် ဆောလျှင်စွာ ပြန်လည်ထွန်းကားရေးတို့အတွက် ဆက်လက်တောင်းဆိုတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။   ဒါ့အပြင် အဖွဲ့၀င်လေးနိုင်ငံက ခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။   ဒီသဘောတူညီချက်တွေထဲမှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ရေး၊ မြန်မာ့နိုင်ငံေ၇းမှာ ပါ၀င်သူအားလုံးအနေနဲ့ တွေ့ဆုံဆွေးနွေးရေး အပါအ၀င် အချက်ငါးချက်ပါ၀င်ပါတယ်။   လေးနိုင်ငံမဟာမိတ် Quad အဖွဲ့ရဲ့ဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယားကိစ္စတွေနဲ့ အင်ဒို-ပစိဖိတ်အရေးတို့ ပါ၀င်ခဲ့ပါတယ်။   Ref : ANI…

Read More

အင်းစိန် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာနဲ့သာကေတ၊ စမ်းချောင်းတွေမှာ ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်

ရန်ကုန်၊စက်တင်ဘာ ၂၅၊၂၀၂၁ KK(VOM)   အင်းစိန် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာမှာ ဗုံးလေးကြိမ်ပေါက်ပြီး သာကေတနဲ့စမ်းချောင်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု တွေ ဒီကနေ့မနက်ပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်တွေက သိရပါတယ်။   အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာအနီးမှာ ဒီကနေ့မနက်ပိုင်းက ဗုံးလေး ကြိမ်ပေါက်ကွဲခဲ့တဲ့အကြောင်း ရွာမအနောက်ရပ်ကွက်နေသူတယောက်က ပြောပါတယ်။   “ဝန်ထမ်းအိမ်ရာနားမှာ ဗုံးထောင်ထားတာ စစ်တပ်က သွားရှင်းတော့မှ ဗုံးလေးလုံးပေါက်တာ ထိခိုက်တဲ့သူတော့ရှိမှာပဲ လေးလုံး တောင်ပေါက်တာဆိုတော့ ထိခိုက်မှုအတိအကျတော့မသိသေးဘူး”လို့ ပြောပါတယ်။   အလားတူ သာကေတမြို့နယ် ၊ရှူခင်းသာလမ်းမကြီးပေါ်ရှိ Hotel Noval ရှေ့၊ကုန်တင်ကုန်ချ သင်္ဘောဆိပ်ကမ်းမှာလည်း ဒီကနေ့နေ့လယ်၁၂ နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။   ဒါ့အပြင် ဒီကနေ့မနက်အစောပိုင်းက စမ်းချောင်းမြို့နယ် မြေနီကုန်း ကုန်းကျော်တံတားတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့…

Read More

မုံရွာမှာ ဆရာဝန် ၁ ယောက် အပါအဝင် လူငယ် ၆ ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၂၅ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနီးတဝိုက်မှာ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန် ၁ ဦးအပါအဝင် လူငယ် ၆ ယောက်ဟာ မနေ့ စက်တင်ဘာ ၂၄ရက် ညနေပိုင်းက မုံရွာမြို့မှာ အဖမ်းခံလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။   မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် ၊ တိုင်းရင်းဆေးရုံလမ်း ၊ ပါရမီလမ်းသွယ်ထဲမှာ အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။   အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချမ်းမြဝတီရပ်ကွက်မှာနေသူ တစ်ယောက်ပြောတာက   ” ရဲနဲ့ စစ်သားတွေပါတဲ့ အဖွဲ့က ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ် ဆရာဝန် တစ်ယောက်နဲ့ အဲ့ဒီ အိမ်ထဲမှာရှိနေတဲ့ လူငယ် ၅ ယောက်ပါ အဖမ်းခံရတယ်လို့ သိရတယ် အသက်မပြည့်သေးတဲ့ ၁၆ နဲ့…

Read More

ခါးလေးသေးမှ ယဉ်တစ်ကိုယ်မယ်

—————————————– ဆူးငှက် ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက် (၁၃၀၃ ခုနှစ်၊ တန်ခူးလဆုတ် ၄ရက်၊ သောကြာနေ့) နံနက် ၁၁နာရီအချိန်မှာ ဂျပန်လေယာဉ်အစင်း ၈၀ခန့်က တစ်မြို့လုံး ပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနှင့် အပျော်များကို ရုတ်ခြည်း သွန်မှောက်လိုက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ် အနိဋ္ဌာရုံများ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါတော့တယ်။ အစဉ်အဆက် ကိုယ့်ဥခွံကျဉ်းကျဉ်းလေးထဲမှာပဲ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ပျော်ပျော်နေတတ်တဲ့ မန္တလေးသူ၊ မန္တလေးသားများအဖို့ ဂျပန်လေတပ်ကြီး ချီတက်တာကိုပဲ ကောင်းကင်ဘား ဆပ်ကပ်ပြလေသလား ထင်မှတ်မှားပြီး လက်ခုပ်လက်ဝါးတီးကာ ပျော်ပျော်ကြီး ကြည့်ကြရာက မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘဲ မီးလောင်ဗုံးတွေ စက်သေနတ်တွေနဲ့ ဒလစပ်ပစ်ခတ်ပါမှ “တကယ် ပစ်တာဟ၊ တကယ်ပစ်တာဟ၊ ပြေးကြဟ၊ ရှောင်ကြဟ”လို့အော်ဟစ်ပုန်းအောင်းကြလို့ သေလိုက်ကြတာကလည်း သောက်သောက်လဲတဲ့။ ဒီလိုနဲ့မေလ ၁ရက် (၁၃၀၄ ခုနှ၊ ကဆုန်လဆုတ် ၃ရက်၊ သောကြာနေ့) မှာ ဂျပန်တွေ…

Read More

ခင်ဦးမြို့နယ်ထဲမှာ စပါးစိုက်ခင်းတွေ ရေနစ်မြုပ်မှုကြောင့် တောင်သူတွေအခက်တွေ့နေ

စက်တင်ဘာ ၂၅-၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်တင်းကျေးရွာမှာရှိတဲ့ အေဒီ (၄) ရာစု ပျူခေတ်မှာ စတင်တူးဖော်ခဲ့တဲ့ မောရဂီဝါကန် (ခ) ပင်တင်းကန်ဟာ ပြီးခဲ့စက်တင်ဘာ (၂၂) ရက်နေ့က ကန်တာဘောင်ကျိုးပြီး ကန်ရေသောက်ဧရိယာအတွင်းက စပါးစိုက်ခင်း ဧက (၂၀၀၀) ကျော် ရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဒေသဟာ နှစ်တိုင်းလိုလို မိုးခေါင်ရေရှားပြီး အခုနှစ်မှာတော့ မိုးများပြီး အခုလို ကန်တာဘောင်ကျိုးကျခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အခုနှစ်မိုးရာသီမှာ ပင်းတင်းရွာအပါအဝင် ခင်ဦးမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာအုပ်စု (၂၄) အုပ်စုမှာ လယ်ဧက (၁၃၀၀၀)ကျော်မှာလည်း မိုးများပြီး ရေနစ်မြုပ်မှုတွေဖြစ်ပေါ်နေပါတယ်။ ဒီစပါးစိုက်ခင်းတွေဟာ လက်ရှိမှာ စိုက်ပျိုးပြီးကာစ အချိန်ဖြစ်ပြီး ရေပြန်ကျသွားရင် အနည်းနဲ့အများ ဆုံးရှုံးမှုတွေရှိနိုင်တယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။ အခုနှစ်မှာ မြေဆီဈေးတွေလည်း အဆမတန်မြင့်တက်လာတာကြောင့် လက်ရှိရေနစ်မြုပ်တဲ့အချိန်အထိ တဧကကို စိုက်ပျိုးစရိတ် (၂) သိန်းကျော်ကုန်ကျထားပြီး ရေပြန်ကျချိန် စိုက်ခင်းတွေအားလုံးပျက်စီးမသွားဘူးဆိုရင်…

Read More

ထိုင်၀မ်လေပိုင်နက်ထဲကို တရုတ်စစ်လေယာဉ် ၂၄ စင်း ၀င်ရောက်ပျံသန်း

တိုင်ပေ၊ စက်တင်ဘာ-၂၄-၂၀၂၁ မျိုးဆက်(VOM)   တရုတ်စစ်ဘက်လေယာဉ် ၂၄ စင်းဟာ ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို စက်တင်ဘာ ၂၃ ရက်က ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။   ဂျေ-၁၆ တိုက်လေယာဉ်တွေ၊ အိပ်ခ်ျ-၆ ဗုံးကြဲလေယာဉ်တွေအပါအ၀င် စစ်လေယာဉ် ၁၉ စင်းဟာ ဒီနေ့နေ့နံနက်ပိုင်းမှာ ထိုင်၀မ်အနောက်တောင်ဘက် လေပိုင်နက်အတွင်း ၀င်ရောက်ပျံသန်းခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   လေယာဉ်အချို့ကတော့ ထိုင်၀မ်နဲ့ ဖိလစ်ပိုင်အကြားရှိ ဘာရှီရေလက်ကြားဒေသကိုဖြတ်သန်းခဲ့ပြီး ဂျေ-၆ တိုက်လေယာဉ်တွေအပါအ၀င် နောက်ထပ် လေယာဉ်ငါးစင်းကလည်း စက်တင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းမှာ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   တရုတ်စစ်လေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ရှိ ထိုင်၀မ်ကထိထိရောက်ရောက်ထိန်းချုပ်ထားတဲ့ ပရာတက်စ်ကျွန်းစုအနီးမှာ ပျံသန်းခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ဆိုပါတယ်။   ထိုင်၀မ်လေပိုင်နက်အတွင်းကို တရုတ်စစ်လေယာဉ် ၂၄ စင်း တစ်နေ့တည်း အခုလို၀င်ရောက်ပျံသန်းခြင်းမဟာ…

Read More
VOM News

FREE
VIEW