တလအတွင်း လေးကြိမ်မြောက် ဒုံးပျံသစ်စမ်းသပ်မှု မြောက်ကိုရီးယား လုပ်ဆောင်ပြန်

ပြုံးယမ်း၊ အောက်တိုဘာ-၁-၂၀၂၁
မျိုးဆက်(VOM)
 
မြောက်ကိုရီးယားဟာ လေယာဉ်ပစ်ဒုံးပျံသစ်တစ်မျိုးကို စက်တင်ဘာ ၃၀ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပြီး ဒါဟာတလအတွင်း စတုတ္ထအကြိမ်မြောက် လက်နက် စမ်းသပ်မှုလည်းဖြစ်ပါတယ်။
 
နျူကလီးယားသယ်ဆောင်ပစ်ခတ်နိုင်တယ်လို့ ယူဆရတဲ့ အသံထက်မြန်တဲ့ ဒုံးပျံသစ်တစ်မျိုးစမ်းသပ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ အခုလို လေယာဉ်ပစ်ဒုံးပျံသစ်ကို မြောက်ကိုရီးယားက စမ်းသပ်လိုက်တာဖြစ်ပါတယ်။
 
မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေဟာ မတည်ငြိမ်မှုတွေနဲ့ မလုံခြုံမှုတွေဖြစ်ပေါ်စေဖို့ အလားအလာပိုများနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ဆိုပါတယ်။
 
အဲဒီလက်နက်သစ်တွေဟာ ကိုယ်ပိုင်ကာကွယ်ရေးအတွက် လိုအပ်တယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုထားပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မူဝါဒစံနှုန်းနှစ်ခုထားရှိနေတယ်လို့ စွပ်စွဲထားပါတယ်။
 
မြောက်ကိုရီးယားရဲ့ နောက်ဆုံးလက်နက်စမ်းသပ်မှုဟာ တင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေရှိနေပေမယ့်လည်း သူ့ရဲ့ လက်နက်ထုတ်လုပ်မှုကိုလျှော့ချဖို့ ရည်ရွယ်ချက်မရှိဘူဆိုတာ သိသာထင်ရှားလက္ခဏာတစ်ရပ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။
 
Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW