ကျင်စန်းကျော့ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲအရာရှိ (၁)ဦးသေဆုံး

အောက်တိုဘာ ၄-၂၀၂၁
Shy V(VOM)
 
မူဆယ်မြို့နယ်၊ ကျင်းစန်းကျော့ – ဝမ်တိန် သွားလမ်း၊ ကောင်းခန့်ရွာ အထက်ဆီဆိုင်နားမှာ စစ်တပ်၊ ရဲတို့နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ တို့အကြား အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်က နာရီဝက်ခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရဲအရာရှိ(၁)ဦးသေဆုံးခဲ့တယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
 
“ညကတည်းက အလောင်းကို လာမသယ်ဘူး။ ညကတည်းက ခြေရှုပ်နေကြတာ။ အလောင်းကို အခုမနက်ပဲ နာရေးကားနဲ့ သယ်သွားတယ်။ အလောင်းက ၁ လောင်းပဲ။ ရဲဘက်က ဗိုလ်ကြီးလို့ သိရတယ်။” လို့ မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။
 
သေဆုံးသွာသူက မူဆယ်မြို့နယ်ရုံးက ရဲအုပ်စိုးလင်းဖြစ်တယ်လို့ သိရပါတယ်။
 
“စခန်းက မဟုတ်ဘူး။ မြို့နယ်မှူးရုံးက။ သူက ရဲအုပ်။ ရဲအုပ်စိုးလင်း။ ဝဝ ဗိုက်ရွှဲရွှဲနဲ့‌။ ပြီးတော့ တွဲကားသမား ၁ ယောက်လည်း ထိတယ်။” လို့ အမည်မဖော်လိုသူ ရဲနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ပစ်ခတ်မှုနားမှာရှိနေသူတဦးကလည်း “ဖောကားနဲ့လာတာ။ သူတို့ကို ကလန်ကဆန် ပြောတာနဲ့ သူတို့က စပစ်ခဲ့ပြီး ပြေးတာ။ ဗုံးက (၃)လုံးဖောက်တယ် အကြီးကြီး။ ကျွန်တော်တို့က အဲ့ဒီအထက်နားလေးက ဆိုင်မှာလေ။ ဗုံးသုံးလုံးက တော်တော် ပြင်းတယ်။ သေနတ်တွေ တဒိုင်းဒိုင်းနဲ့ ပစ်နေတာ။ ဘာ‌ရယ်၊ ဘယ်အဖွဲ့ရယ်လို့တော့ မသိလိုက်ဘူး။ သူတို့တားတာကို တစ်ခါထဲ ပစ်ပြေးတာ။ အတိအကျ မသိဘူး။” လို့ ပြောပါတယ်။
 
ပစ်ခတ်မှုဖြစ်နေချိန် မူဆယ်ဘက်က စစ်ကားတွေနဲ့ရော၊ အိမ်စီးကားတွေနဲ့ပါ စစ်သားတွေ ကား ၅ စီးခန့် ဆင်းလာခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
 
ဖြစ်စဉ်ဖြစ်ပွားပြီးချိန်မှာလည်း စစ်သားနဲ့ရဲတွေက လာသမျှကားတွေအကုန်လုံးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
 
အခုလို ပစ်ခတ်မှုဖြစ်ပွားလို့ ဒေသခံတွေရဲ့နေအိမ်၊ ဆိုင်တွေ ကျည်ထိမှန်တဲ့အပြင် ကားဘီးတွေကိုလည်း ပစ်ဖောက်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်လန့် စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းကလည်း ကြူကုတ် (ပန်ဆိုင်း) နဲ့ ကျင်စန်းကျော့သွားတဲ့လမ်း ကြား၊ မန်မိုင်ရွာမှာ အသက် ၃၀ ခန့်ရှိ ဆိုင်ကယ်ဈေးသည် အမျိုးသား ၁ ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
 
Photo – CJ
#voiceofmyanmar #VOM #ကျင်စန်းကျော့ #ပစ်ခတ်မှု #ရဲအရာရှိသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW