ကြက်သွန်ဈေး မြင့်တက်လာပေမယ့် အကျိုးခံစားခွင့်မရှိတော့တဲ့ ကြက်သွန်စိုက်တောင်သူများ

အောက်တိုဘာ ၉ -၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ထဲက ခိုးသန်း၊ တောင်ပုလူ၊ သမန္တာ၊ကော်လဗျ စတဲ့ကျေးရွာပေါင်း (၂၀) ကျော်မှာ ကြက်သွန်နီတမျိုးထဲကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။ အခုလိုစိုက်ပျိုးတဲ့နေရာမှာ တဧကကို စိုက်ပျိုးစရိတ်အနေနဲ့ ကိုယ်ပိုင်ယာမြေနဲ့စိုက်ပျိုးတဲ့တောင်သူတွေဆိုရင် (၁၂)သိန်းကနေ (၁၅) သိန်းဝန်းကျင်အထိကုန်ကျပြီး မြေအငှားနဲ့စိုက်ပျိုးတဲ့တောင်သူတွေဆိုရင် (၁၈) သိန်းဝန်းကျင်အထိ ကုန်ကျတာလည်း ဖြစ်ပါတယ်။ ဒီစိုက်ပျိုးစရိတ်တွေကို တချို့တောင်သူတွေက အတိုးနဲ့ချေးယူစိုက်ပျိုးကြရတာဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ်။ ဒါကြောင့် ကြက်သွန်ပေါ်တဲ့အချိန်မှာ ဒီချေးငွေတွေအတွက်ရော ကြက်သွန်ဖော်တဲ့စရိတ်တွေအတွက်ပါ ပေါက်ဈေးနဲ့ မဖြစ်မနေရောင်းချရတယ်လို့လည်း ပြောဆိုနေကြပါတယ်။ အခုလိုရောင်းချရတာကြောင့် ပြီးခဲ့တဲ့ကြက်သွန်ပေါ်ချိန်မှာ ကြက်သွန်တပိဿာကို (၂၅၀) ကျပ်ဝန်းကျင်သာရှိခဲ့အတွက် တောင်သူတွေအရှုံးနဲ့ရင်ဆိုင်ခဲ့ကြရသလို အတိုးနဲ့ချေးထားတဲ့ ချေးငွေတွေကိုလည်း ကြေလည်အောင် မဆပ်နိုင်ဘူးလို့ တောင်သူတချို့ကပြောပါတယ်။ လက်ရှိမှာ ကြက်သွန်တပိဿာကို (၇၀၀) ကျပ်အထိမြင့်တက်လာခဲ့ပေမယ့် တောင်သူတွေလက်ထဲမှာ ကြက်သွန်မရှိတော့တာကြောင့် အကျိုးခံစားခွင့်မရှိတော့ဘူးလို့လည်း ပြောကြပါတယ်။ ဒါ့အပြင် လာမယ့်ရာသီမှာ ပြန်လည်စိုက်ပျိုးဖို့အတွက်…

Read More

မောင်တောမြို့မှာ ငါးကန်ပတ်လမ်းတူးဖော်တဲ့ လုပ်ငန်းခွင်ထဲကနေ စစ်ကျန် ဗုံးသီး ၁ ရာကျော်တွေ့

အောက်တိုဘာ ၊ ၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရခိုင်ပြည်နယ် ၊ မောင်တောမြို့ ၊ ၃ မိုင်ရပ်ကွက်က ဧက ၃၀ ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ မနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းက ငါးကန်ပတ်လမ်း မြေတူးဖော်တဲ့ လုပ်ငန်းခွင်းထဲကနေ စစ်ကျန်ဗုံးသီးတွေ တွေ့ရှိခဲ့ရတယ်လို့ မောင်းတောခရိုင်ထွေ/အုပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။   ” ဘက်ဟိုးနဲ့ မြေသားတူးဖော်တဲ့ လုပ်ငန်းခွင်ထဲကနေ တွေ့ရတာပါ ၊ ကယ်ရီယာ သေတ္တာ ၇ လုံးထဲက 3 H ( ၃ လက်မ စိန်ပြောင်း)ဗုံးသီးလို့ ခန့်မှန်းရတဲ့ စစ်ကျန် ဗုံးသီး အလုံး ၁၂၀ တွေ့ရတာ ” လို့ မောင်းတောခရိုင် ထွေ/အုပ်ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။  …

Read More

လွယ်ကန်‌ကျေးရွာက ရွာခံ ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

အောက်တိုဘာ ၈၊ ၂၀၂၁ Shy V (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ပန်းလုံအုပ်စု၊ လွယ်ကန်‌ ကျေးရွာက ရွာခံပြည်သူ ၂ ဦး မနေ့ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင္ငးက ဟင်းသီးဟင်းရွက် သွားရှာရင်း မိုင်းနင်းမိပြီး ၁ ဦး သေဆုံးကာ၊ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   “စားသောက်ဖို့ ခက်ခဲနေလို့ ဟင်းသီးဟင်းရွက် ရှာသွားတဲ့နေရာ နင်းမိတာ။ ၂ ယောက်စလုံး တနေရာထဲမှာ ဖြစ်တာ။ သားအမိတော့ မဟုတ်ဘူး။ တရွာထဲကပဲ။ ၁ ယောက်တော့ သေသွားပြီ။ ၁ ယောက်က မသေဘူး။ လက်ချောင်းတွေ ကျိုးသွားတယ်။ ” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။   သေဆုံးသွားသူတွေကတော့…

Read More

လှိုင်မြို့နယ်က အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံး(၂)ကြိမ်ပေါက်၊ ရဲအရာရှိအပါအဝင် (၃)ဦးနဲ့ အရပ်သား၁ဦး ဒဏ်ရာရ

ရန်ကုန်၊အောက်တိုဘာ ၈-၂၀၂၁ KK(VOM)   လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်က အမှတ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ညနေ ၃နာရီက ဗုံးပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ခဲ့ပြီး မြို့နယ်မှူး ၊စခန်းမှူး၊ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ အရပ်သားတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။   လှိုင်မြို့နယ်၊ အင်းစိန်လမ်း၊ သုခမှတ်တိုင်အနီးက အမှတ်-၉ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအနီးမှာ ဒီကနေ့ ညနေ ၃နာရီက ဗုံးပေါက်ကွဲခဲ့ရာ အမှိုက်ကောက်နေသူတဦး ယာဘက်လက်ကောက်ဝတ်မှ ပြတ်ထွက်ခဲ့ပြီး ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ရာမှာတော့ မြို့နယ်မှူးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။   “ဗုံးပေါက်တဲ့ သတင်းကြောင့် မြို့နယ်မှူးနဲ့အဖွဲ့က သွားတာ အဲ့မှာထပ်ပေါက်တာ ဒုတိယအကြိမ် ရဲသုံးဦးထိတယ် သိပ်တော့မစိုးရိမ်ရပါဘူး”လို့ သူကရှင်းပြပါတယ်။   ဗုံးစထိမှန်သူ ကိုဇော်မျိုးထွန်းမှာ ယာဘက်လက်ကောက်ဝတ်ပြတ်သွားပြီး စစ်ဆေးရုံကိုပို့ဆောင်ထားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊စခန်းမှူး၊ရဲတပ်သားတဦးတို့မှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့သိရပါတယ်။   လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းတွေက…

Read More

၅၀၅နဲ့အမှုဖွင့်ခံထားရသူ တရားလွှတ်တော်ရှေ့နေ ပိုင်တဲ့ စားသောက်ဆိုင် မီးလောင်၊ ညစောင့်တွေ ရိုက်နှက်ခံရ

အောက်တိုဘာ ၈-၂၀၂၁ GH ( VOM )   စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က ၅၀၅ နဲ့အမှုဖွင့်ခံထားရသူ တရားလွှတ်တော်ရှေနေ့ ပိုင်ဆိုင်တဲ့ “ထာဝရ ရေကူးကန်နှင့် စားရိပ်မြုံဆိုင် “ကို မနေ့ အောက်တိုဘာ ၇ရက် ည ၂ နာရီလောက်က မီးလောင်ခဲ့ပြီး ဆိုင်အစောင့်ထားတဲ့ ၂ ယောက်ကို လူ(၂)ဦးက ရိုက်နှက်သွားတယ်လို့ ဆိုင်ပိုင်ရှင်ပြောပြချက်အရ သိရပါတယ်။   ဆိုင်မှာညစောင့်ထားတဲ့အထဲက အရိုက်ခံရသူ တဦးက ” KTV ခန်းက မီးတွေ၊ စက်ခန်းထဲကိုမီးရှို့တယ်။ မီးရှို့ပြီးမှပြန်သွားတာ။သူတို့အခြေအနေမကောင်းဘူးဆိုပြိး ပြန်ပြေးသွားတယ်။ကျနော်တို့ကလည်း ကျန်ခဲ့တာ။အပေါ်ထပ်တွေရော ၊စက်ခန်းနဲ့လောင်သွားတယ်။ခေါင်းကို သေနတ်နဲ့ထိုးတယ်။ခေါင်းတော့နည်းနည်းမူးနေသေးတယ်။ လုပ်သွားတဲ့လူတွေကို မြင်ရင်သိတယ်။ တယောက်က အရပ်ထောင်ထောင်မောင်းမောင်း ၊တယောက်က ပုတယ် ပိန်တယ်။ သူတို့က သေနတ်တွေဘယ်နှစ်လက်လောက်ရောက်ပြီလဲမေးတယ်။မလုပ်ပါဘူးပြောတာကိုမရဘူး။ကျနော်တကယ်မသိပါဘူး၊ တကယ်မသိဘူးပြောတာကို ခေါင်းကိုရိုက်ထားခဲ့တာ။သေနတ်တွေ ဘယ်ကနေ ဘယ်ကူးနေတာလဲလို့ပြောတယ်။ “လို့ ပြောပါတယ်။…

Read More

စစ်ကြီးပြီးရင်…

————— ဆူးငှက်   ၁၉၄၂ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ဂျပန်စစ်လေယာဉ် အစင်း ၈၀ ခန့်ဖြင့် မန္တလေးမြို့ကြီးကို ပတ်စိပ်တိုက် ဗုံးကျဲပြီးနောက် အင်္ဂလိပ်တပ်များကလည်း ဆုတ်ခွာ၊ မြို့လူထုကလည်း စစ်ပြေး၊ တစ်မြို့လုံးလည်း ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးကာ တစပြင်ပမာ ကျန်ရစ်ခဲ့တော့သည်။   ဤသို့ဖြင့် သုံးနှစ်သုံးမိုး ဂျပန့်လက်အောက် ကျရောက်ခဲ့ကြရပြီး မြန်မာ့လွတ်လပ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်များ ပူးပေါင်းပြီး ဖက်ဆစ်ဂျပန်ကိုတော်လှန်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် မန္တလေးမြို့ကို ဂျပန့်လက်မှ လွတ်မြောက်စေခဲ့၏။   စစ်ကြီးအပြီး တစ်မြို့လုံးနီးပါး ပျက်စီးသွားသော မန္တလေးကို ပြန်လည်ပြုပြင်ရေးကိစ္စကို အစိုးရနှင့် မြို့မိမြို့ဖများ စီစဉ်ကြရသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့က အစိုးရဗိသုကာကြီးများဖြစ်သော မစ္စတာဘွတ်ရှ်နှင့် ဦးအုန်းသန်းတို့ မန္တလေးမြို့သို့ရာက်ရှိလာကြပြီး…

Read More

ထန်းတပင်မြို့နယ် မရွှေဥကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ လူ(၃) ဦး သေနတ်နဲ့ပစ်ခံရ

ရန်ကုန်၊အောက်တိုဘာ ၈-၂၀၂၁ KK(VOM)   ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူ(၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မရွှေဥကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဆိုင်ကယ်ပြင်ဆိုင်မှာ ဘီးဖာနေချိန် အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ အုပ်ချုပ်ရေးမှူးအပါအဝင် (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။   “အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်ပြင်ဆိုင်မှာပစ်တာ၊ သူ့ရော ဆိုင်ကယ်ပြင်ဆိုင်က ကောင်လေးနှစ်ယောက်ရောထိသွားတယ်၊ အခုဆေးရုံမှာပါ”လို့ သူက ရှင်းပြပါတယ်။   သေနတ်နဲ့ပစ်ခတ်ခတ်ခံရသူဟာ မရွှေဥကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်ဆိုသူနဲ့ (လမင်းသံစဥ်)ဆိုင်ကယ်ပြင်ဆိုင်က လူငယ်နှစ်ဦးတို့ဖြစ်ပြီး ဆေးရုံကိုပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးပိုင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ မရွှေဥကျေးရွာမှာ သေနတ်နဲ့ပစ်ခတ်မှုကို စုံစမ်းနေပြီး လမ်းသွားလမ်းလာနဲ့ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒီကနေ့ သေနတ်ပစ်ခတ်မှုဟာ ထန်းတပင်မြို့နယ်မှာ ပထမဦးဆုံးပစ်ခတ်မှုဖြစ်ခဲ့ပြီး သတင်းပေးလို့ နာမည်ထွက်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့တာလည်းဖြစ််တယ်လို့ ဒေသခံတွေက…

Read More

မုံရွာ ရေနံချက်ဖိုတွေ ကုန်ကြမ်းရှားပြီး စျေးကွက် မတည်ငြိမ်တာကြောင့် အားလုံးနီးပါး ရပ်ထားရ

အောက်တိုဘာ ၊ ၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာရေနံချက်ဖိုတွေဟာ ရေနံစိမ်း ဝင်ရောက်မှုမရှိတာနဲ့ ရေနံစျေးကွက် မတည်ငြိမ်တာကြောင့် ချက်ဖိုအားလုံးနီးပါး ရပ်နားထားကြတယ်လို့ ရေနံချက်လုပ်ငန်းရှင်များအဖွဲ့ရဲ့ အဖွဲ့ဝင်တွေက ပြောပါတယ်။   ” ရေနံစိမ်း ကုန်ကြမ်းဝင်ရောက်တာ မရှိဘူး ၊ ကုမ္မဏီတွေကလည်း ကုန်ကြမ်းစျေးကို မဖွင့်ဘူး ၊ ချက်ဖို ၄ ရာကျော်ရှိတာ ကုန်ကြမ်းမပြတ်သေးတဲ့ ၁၀ ဖိုလောက်ပဲ လက်ကျန်လေးနဲ့ ချက်နေကြတာ၊ ချက်ဖို အားလုံးနီပါး နားထားရတယ် ” လို့ ရေနံချက်ဖိုလုပ်ငန်းရှင်တဦးက ပြောပါတယ်။   မုံရွာ -ကျောက္ကာ ရေနံချက်လုပ်ငန်းဆိုတာ မကွေးတိုင်း၊ သရက်-မင်းတုန်း-မင်းလှ-ပေါက်-မြိုင် စတဲ့နယ်တွေက ထွက်ရှိလာတဲ့ ရေနံစိမ်း ကုန်ကြမ်းတွေကို ဝယ်ယူပြီးဓာတ်ဆီ နဲ့ ဒီဇယ်ဆီ အမျိုးမျိုးကို ကုန်​ချောအဖြစ် ထုတ်လုပ်ကာ…

Read More

လျှို့ဝှက်ထောက်လှမ်းရေးလုပ်နေတဲ့ ရုရှားသံတမန် (၈)ဦးကို နေတိုးအဖွဲ့ နှင်ထုတ်

ဘရပ်ဆယ်၊ အောက်တိုဘာ-၈-၂၀၂၁ မျိုးဆက် (VOM)   နေတိုးအဖွဲ့ ဌာနချုပ်ကိုစေလွှတ်ထားတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့က သံတမန်ရှစ်ဦးဟာ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းတွေလုပ်ကိုင်နေတယ်ဆိုပြီး နေတိုးအဖွဲ့က အောက်တိုဘာ ၇ ရက်မှာ နှင်ထုတ်လိုက်ပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး နှင်ထုတ်ခံရသူတွေရဲ့ ခန့်အပ်လွှာတွေကို နေတိုးအဖွဲ့ ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဘရပ်ဆယ်မှာရှိတဲ့ နေတိုးအဖွဲ့ရုံးချုပ်ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့ကိုလည်း ၁၀ ဦးထိလျှော့ချလိုက်ပါတယ်။   ဒါဟာ ၂၀၁၈ ခုနှစ်မှာ ဆယ်လ်ဘယ်ရီသူလျှိုကို အဆိပ်ခပ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် ရုရှားသံတမန် ခုနှစ်ဦးကိုနှင်ထုတ်ပြီးနောက်ပိုင်း ရုရှားအပေါ် နေတိုးအဖွဲ့က ပထမဆုံးအရေးယူလုပ်ဆောင်မှုလည်းဖြစ်ပါတယ်။   နေတိုးအဖွဲ့ဟာ ရုရှားနဲ့ သံတမန်ရေးရာထိပ်တိုက်ရင်ဆိုင်ရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေတယ်လို့ရုရှားဒုတိယနိုင်ငံခြားရေး၀န်ကြီး အလက်ဇန်းဒါဂရူရှကိုက ဝေဖန်ပြောဆိုထားပါတယ်။   ရုရှားနဲ့ နေတိုးအဖွဲ့အကြား ဆက်ဆံရေးဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းရဲ့ ကရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်းပိုင်း ဆိုးရွားနေခဲ့ပါတယ်။   Ref : BBC Photo:…

Read More

ခရီးသည်ဟန်ဆောင်ပြီး taxi ကားလုယက်သူတွေထဲက ၃ ဦးကိုဖမ်းမိ

အောက်တိုဘာ ၈-၂၀၂၁ GH ( VOM )   ရန်ကုန်မြို့က တက္ကစီတစ်စီးကို ခရီးသည်ဟန်ဆောင်ငှါးရမ်းပြီး ကားကိုလုယက်ခဲ့တဲ့အပြင် ယာဉ်မောင်းကိုလည်း ကတ်ကြေးနဲ့ထိုးခဲ့တဲ့ဖြစ်စဉ် မနေ့ အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန် – မန္တလေးကားလမ်းမှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။   ကားကိုလုယက်ခဲ့ပြီးနောက်မှာ ကျူးလွန်သူတွေက ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးကိုလည်း ဝင်ရောက်တိုက်ခဲ့ကြောင်း ၊ လက်ရှိမှာတော့ ကားလုယက်သူ ၄ ယောက်ထဲက ၃ ယောက်ကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။   လုယက်ခံရသူ ယာဉ်မောင်းနဲ့ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးနေတယ်လို့လည်းသိရပါတယ်။   တက္ကစီကိုတော့ ရန်ကုန်မြို့၊ မြောက်ဒဂုံကနေ ၄၅၀၀၀ ကျပ်နဲ့ လူ (၄)ယောက်က ငှါးရမ်းခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။   ရဲစခန်းနဲ့ နီးစပ်တဲ့ ဒေသခံတဦးက “ယာဉ်မောင်းကို ကတ်ကြေးနဲ့ထိုးတယ်။ဝိုင်းချုပ်ပြီး လုပ်တယ်။ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့သိရတယ်။ကားသမားကို…

Read More
VOM News

FREE
VIEW