ချင်းပြည်နယ်ကို စစ်ရေးတိုက်ခိုက်တာရှိလာနိုင်တဲ့အတွက် ချင်းလူငယ်များအဖွဲ့က အိန္ဒိယနယ်စပ်မှာ တိုက်ပွဲရှောင် စခန်းတွေ ပြင်ဆင်

အောက်တိုဘာ ၊ ၁၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
အခုလ ၉ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်တွေမှာ စစ်ရေးပြင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ချင်းလူငယ်များအဖွဲ့က အိန္ဒိယနယ်စပ် တနေရာမှာ တိုက်ပွဲရှောင်တွေ ခိုလှုံဖို့အတွက် စခန်းအဆောက်အဦးတွေ အရန်သင့် ပြင်ဆင်ထားတယ်လို့ ချင်းပြည်နယ်ရဲ့ ဒေသတွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။
 
အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ ချင်းပြည်နယ် ဖလန်းမြို့ခံ ချင်းရေးရာ လူငယ် တယောက် ပြောတာက
 
” ၃ ရက်နေ့ နောက်ပိုင်းကစလို့ စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ချင်းဘက်ကို စစ်ရေးပြင်လာတဲ့ အခြေအနေ လက္ခဏာတွေ မြင်လာရတယ် ၊ အဲ့ဒါကြောင့် သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေနဲ့ ကျန်းမာရေး မကောင်းတဲ့ သူတွေ အသင့် ခိုလှုံနေထိုင်ဖို့ ဘေးလွတ်ရာ နေရာတွေ လိုအပ်လာတဲ့အတွက် အခုလို တိုက်ပွဲရှောင် နေရာတွေ ပြင်ဆင်လာတာပါ ” လို့ ပြောပါတယ်။
 
လူ ၂ ရာ အနည်းဆုံးနေထိုင်နိုင်တဲ့ ခိုလှုံရေး နေရာတခုကို ချင်းပြည်နယ် ရိဒ်ကနေ ၁ နာရီ ခရီး ကားနဲ့သွားရပြီး မြန်မာ အိန္ဒိယ နယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်းပြည်နယ် ၊ ကျင်ဖိုင်းမြို့နဲ့ ၁ မိုင်အကွာ နေရာမှာ မြေနေရာ အလှူရှင် လင်မယားက စီစဥ်ပေးတဲ့ ခြံဝန်းထဲမှာ အခုလ ဆန်းပိုင်းက အဆောက်အဦးတွေ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
” လူသားချင်း စာနာမှုတွေနဲ့ ကူညီပေးတဲ့ အစီအစဥ်ဖြစ်ပါတယ် ၊ ဒီ အစီအစဥ်ကို မြေနေရာ ခြံဝန်းပိုင်ရှင် ပူးဇိုနွန်ဆန်ငါ မိသားစုနဲ့ ကျင်းဖိုင်း ချင်းလူငယ်များ အဖွဲ့အစည်း ဥက္ကဌ ကိုကေဘီလွယ် တို့က အကောင်အထည်ဖော် ကူညီခဲ့တာ ” လို့ အတွင်းရေးမှူး ဆလိုင်းဆိုင်ငွန်မာန်က ပြောပါတယ်။
 
အိန္ဒိယနယ်စပ်မှာ ပြင်ဆင်ထားရှိပြီးဖြစ်တဲ့ အဲ့ဒီ ခိုလှုံရေး စခန်းနေရာကို မြန်မာဘက်ခြမ်းကနေ ခိုလှုံဖို့ လာရောက်သူ ဒီမနက်ပိုင်းအထိတော့ မရှိသေးပေမယ့် ရိဒ် နဲ့ ဇိုခေါ်သာရ် ဘက်မှာတော့ ခိုလှုံမယ့်သူတွေ ဆက်သွယ် စာရင်းပေးထားတာ ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ချင်းတိုက်ပွဲရှောင်
ပုံစာ ၊ ခိုလှုံရေး စခန်း အလှူရှင်နဲ့ စေတနာ့ဝန်ထမ်းတွေပုံ
 
ဓာတ်ပုံ ၊ ချင်းရေားရာ လူငယ်အဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW