ညောင်ဦးက ရွှေကန်ဖြူရွာအုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူ သေနတ်နဲ့ပစ်သတ်ခံရ

အောက်တိုဘာ ၁၃-၂၀၂၁
GH ( VOM )
 
ညောင်ဦးမြို့နယ် ၊ ရွှေကန်ဖြူရွာအုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူတို့ မနေ့ အောက်တိုဘာ ၁၂ရက် ညပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
 
” ညက ပစ်ခံရပြိးသေတာ ဟုတ်တယ်။ အုပ်ကြီးနာမည်ကလှတိုး။အသက်က ၅၀ ဝန်းကျင်ပေါ့။သူ့သားလည်းသေတယ်။အလောင်းကို ညကတည်းက စစ်တပ်ကသယ်သွားတယ်။ စစ်တပ်ကညထဲကရောက်လာပြီး စစ်ဆေးတာတွေရှာဖွေတာတွေလုပ်တယ်၊ အခုထိတော့ရွာမှာတပ်စွဲတာမရှိသေးဘူး။ ” လို့ ဒေသခံတဦးကပြောပါတယ် ။
 
မနေ့က အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီကျော်လောက်မှာ ဆိုင်ကယ်တွေနဲ့ အုပ်ချုပ်ရေးမှူးဦးလှတိုး နေအိမ်အထိ လာရောက်ပြီး သေနတ်နဲ့ ၇ချက်ခန့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
စစ်တပ်က ညကတည်းက ကား(၅)စီးနဲ့ရောက်လာကာ စစ်ဆေးတာတွေလုပ်ခဲ့ပြီး အလောင်းကိုသယ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
“မနေ့က နေ့ခင်းဘက်မှာဆေးကြီးကြပ်၂ကိုလာဖမ်း စစ်တပ်က လာဖမ်းတာ၊ ဆေးကြီးကြပ်ကမမိဘူး။ ညလဲရောက်ရော ၈ နာရီ ၄၀ လောက်မှာ အမည်မသိသူတွေက အုပ်ကြီးအိမ်လာပစ်တာပဲ ၊ ပစ်တာက အိမ်ထဲထိလာပစ်သွားတာ၊ သေနတ်နဲ့ပစ်ပြီး လည်ပင်းကိုလည်း ဓားနဲ့ ကလိသွားသေးတယ်။ ၁၀နာရီလောက်ကျ စစ်တပ်ရောက်လာတယ်” လို့ နောက်ထပ်ဒေသခံတဦးက ထပ်မံပြောပြပါတယ်။
 
သေဆုံးသူ၂ယောက်ကိုတော့ စဉ့်ကူဆေးရုံမှာ ရင်ခွဲစစ်ဆေးမှုပြုလုပ်နေကြောင်း ၊ ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်ဆီးတာတွေတော့မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
 
အဲ့ဒီပစ်ခတ်မှုကို နှလုံးလှလူမိုက်ကြီးအဖွဲ့နဲ့ MGN Tigerအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
 
နောက်ပြီး မနေ့ ညပိုင်းကပဲ ညောင်ဦးမြို့နယ် ၊
သူကောင်းတည်ကျေးရွာ အုပ်ချုပ်ရေးမှူးဆိုသူကို စစ်တပ်က လာရောက်ခေါ်ဆောင်သွားကြောင်း၊ ဒါ့အပြင် ဥယျာဉ်ရွာနဲ့ မြင်းကပါကျေးရွာတွေက CDMဝန်ထမ်းတွေကိုလည်း လိုက်လံရှာဖွေဖမ်းဆီးတာမျိုးရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်၊ မြေသန့်တောင်ကျေးရွာက လင်မယား(၂)ယောက် သေနတ်နဲ့ပစ်ခတ်ခံရလို့ ဇနီးဖြစ်သူသေဆုံးခဲ့ပြီး ယောက်ျားဖြစ်သူလည်းဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
နောက်ပြီး စက်တင်ဘာလထဲတုန်းကလည်း သတင်းပေးလို့နာမည်ထွက်သူအမျိုးသား ၂ ယောက် သေနတ်နဲ့ပစ်ခံရပေမယ့် သေဆုံးမှုမရှိခဲ့ဘူးလို့သိရပါတယ်။
 
#voiceofmyanmar #VOM #ညောင်ဦး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW