ထိုင်းကို တရားမ၀င်သွားတဲ့ မြန်မာ ၄၈ ယောက် ချင်းမိုင်မှာ အဖမ်းခံရ

ချင်းမိုင်၊ အောက်တိုဘာ-၁၃-၂၀၂၁
မျိုးဆက် (VOM)
 
ထိုင်းနိုင်ငံအတွင်းကို တရားမ၀င်လာရောက်တဲ့ မြန်မာလုပ်သား ၄၈ ယောက်ကို ချင်းမိုင်အာဏာပိုင်တွေက အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
 
မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့အတွက် နယ်စပ်ကတဆင့် ခြေလျင်ဖြတ်ကျော်၀င်ရောက်လာတာဖြစ်ပြီး မနက် ၃ နာရီလောက်မှာ အာဏာပိုင်တွေက သူတို့ကို တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
သူတို့ကို နိုင်ငံတွင်း တရားမ၀င်၀င်ရောက်မှုနဲ့ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ အရေးယူမှုမပြုခင်မှာ ကိုဗစ်-၁၉ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားအဖွဲ့ထဲမှာ အသက် ၁ နှစ်ကနေ ၅ နှစ်ကြားအရွယ် ကလေးငယ် ၁၂ ဦး၊ အသက် ၁၅ နှစ်ကနေ ၇၉ နှစ်အကြားအရွယ် အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂၀ ဦးပါ၀င်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
 
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းကလည်း ထိုင်းနိုင်ငံကို တရားမ၀င်ဖြတ်ကျော်၀င်ရောက်တဲ့ မြန်မာအလုပ်သမားအများအပြားဟာ ထိုင်းနယ်စပ်ဒေသတွေမှာ အဖမ်းခံခဲ့ရပါတယ်။
 
Ref: The Nation
Photo:The
#voiceofmyanmar #VOM #ချင်းမိုင်

Related posts

Leave a Comment

VOM News

FREE
VIEW