ပုသိမ်က ယာဉ်ထိန်းရဲရုံးပစ်ခတ်ခံရပြီး ယာဉ်ထိမ်းရဲ ၂ ယောက်သေ

အောက်တိုဘာ ၂၉-၂၀၂၁
GH (VOM)
 
ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းမကြီးပေါ်မှာရှိတဲ့ မြကျွန်းသာမီးပွိုင့်က ယာဉ်ထိန်းရဲရုံး မနေ့ အောက်တိုဘာ ၂၈ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး ယာဉ်ထိန်းရဲ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ဟုတ်တယ် မနေ့ကရဲကင်း ပစ်ခတ်ခံရတာပေါ့။ ၂ ယောက်သေတယ်လို့သိရတယ်။ ယာဉ်ထိန်းရဲတစ်ဦးက နေရာမှာပဲ ပွဲချင်းပြီးသေတယ်၊ ဒဏ်ရာရတဲ့ နောက်ထပ်ယာဉ်ထိန်းရဲကတော့ ဆေးရုံရောက်ပြီးမှသေဆုံးသွားတာ၊ ပစ်ခံရတဲ့ရဲကင်းက တိုင်းရဲတပ်ဖွဲ့မှူးရုံးနဲ့လည်းနီးတယ်၊ တိုင်းရဲတပ်ဖွဲ့မှူးအိမ်နဲ့လည်း နီးတယ်။ ပုသိမ်မှာ အစစ်အဆေးကတော့ မနေ့ထဲက တော်တော်ကို
ကြပ်တယ်။ဒီနေ့ဆိုလည်းနေရာတိုင်းမှာ စစ်ဆေးနေတယ်။ “လို့ ဒေသခံတဦးကပြောပါတယ်။
 
ယာဉ်ထိန်းရဲပစ်ခတ်ခံရမှုမှာ သေဆုံးခဲ့တဲ့ ယာဉ်ထိန်းရဲ ၂ ဦးကတော့ တပ်ကြပ်ကြီး ဇော်မင်းထက် နဲ့ တပ်ကြပ် မြတ်မင်းဦးတို့ဖြစ်တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုကိုတော့ P.W.D.F နဲ့ CDM Police Defence Force (Ayeyarwaddy)နှစ်ခုက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့လူမှူကွန်ရက်ကနေ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
 
ပုသိမ်မြို့အပြင် ဧရာဝတီတိုင်းထဲက ကျန်မြို့နယ်တွေမှာလည်း ပစ်ခတ်မှုတွေ၊ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးတာနဲ့ ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပုသိမ#ယာဉ်ထိန်းရဲပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW