NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ်၂၀ ချမှတ်

အောက်တိုဘာ ၂၉-၂၀၂၁
Voice Of Myanmar
 
နေပြည်တော်၊အချုပ်ထောင်မှာ ဖမ်းဆီးထားတဲ့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော် အချုပ်ထောင်တရားရုံးကနေ ပုဒ်မ ၁၂၄(က) နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
 
သူ့အမှုကိုလိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေကို သက်ဆိုင်ရာက ဖြေဆိုခွင့်တားမြစ်ထားတဲ့အတွက် VOM က ဆက်သွယ်ခွင့်မသာခဲ့ပါဘူး။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ဟာ ဖေဖော်ဝါရီ ၄ရက် ညသန်းခေါင် ရန်ကုန်မြို့က သူ့ရဲ့သမီးနေအိမ်မှာ ရောက်နေတုန်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
 
ဦးဝင်းထိန်ကို နေပြည်​တော် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးလူက တရားလိုပြုလုပ်ပြီး ပုဒ်မ ၁၂၄(က)နဲ့ ​ဖေဖော်ဝါရီ ၄ရက်ကပဲ တရားရုံးကို ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဦးဝင်းထိန် #ထောင်ဒဏ်နှစ်၂၀ချ

Related posts

Leave a Comment

VOM News

FREE
VIEW