ဆူးငှက် ““ဗြစ်စက်”” ဟုခါ်သော ဘီယာစက်ရုံသည် ယခင်က အရက်ချက်စက်ရုံ မဟုတ်။ ရတနာပုံခေတ်ကတည်းက မြန်မာနိုင်ငံကို ခေတ်မီနိုင်ငံတစ်ခုဖြစ်မြောက်ရေးကို ရှေးရှုလျက် ငွေကြေးများစွာ အကုန်အကျခံ မြေစမ်းခရမ်းပျိုး တည်ထောင်ခဲ့သည့် မြန်မာ့စက်ရုံ၊ အလုပ်ရုံများအနက် “လက်နက်” စက်ရုံတစ်ရုံအဖြစ် ကနဦးတည်ထောင်ခဲ့သည်။ ““ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ပုံရိုက်လုပ်ဆောင်ရသော ဒင်္ဂါးစက်ရုံတော်၊ ထည်မျိုး အုပ်မျိုး ရက်လုပ်သော ရက်ကန်းရုံတော်၊ စပါးအမျိုးမျိုး ကြိတ်လုပ်သော ဆန် ကြိတ်စက်ရုံတော်၊ အမြောက်ကြီးငယ် လှံဓားအမျိုးမျိုး၊ ဗုံးဆံ၊ အမြောက်ဆံ၊ တူဆံအမျိုးမျိုး သွန်းလုပ်သော စက်ရုံတော်၊ သစ်ပျဉ်များကို တိုက်ခွဲသော လွှ စက်ရုံတော်၊ သကြားချက်လုပ်သော စက်ရုံတော်၊ မဲနယ်ချက်လုပ်သော စက်ရုံတော်မှစ၍ စက်ရုံအမျိုးမျိုး ဦးရေ ငါးဆယ်ကျော်…””ဟူ၍ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ရေးသားခဲ့သော စက်ရုံများတွင် အပါအဝင်ဖြစ်၏။ ရန်ကန်းစက်ရုံ၊ သင်္ဘောစက်ရုံ၊ လွှစက်၊ သကြားစက်၊ သံရည်ကျိုစက်၊…
Read MoreMonth: October 2021
ဒဂုံအရှေ့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျလို့ လူ(၃)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရရှိ
ရန်ကုန်၊အောက်တိုဘာ ၁၅-၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းနဲ့ မေယုလမ်းထောင့်မှာရှိတဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံ ဒီကနေ့မနက် ၉နာရီခွဲခန့်က ပြိုကျခဲ့ရာ လူ (၃)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ဆောက်လက်စတိုက်မှာ ကန်ထရိုက်အပါအဝင် ၁၄ဦး အလုပ်လုပ်နေကြပြီး ပြိုကျချိန်မှာ ၈ဦးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ၆ဦးကျန်ရှိရာ သုံးဦးမှာသေဆုံးပြီး သုံးဦးကိုသာ ကယ်ထုတ်နိူင်ခဲ့တယ်လို့ သိရပါတယ်။ မီးသတ်ဦးစီးဌာနက ညွန်ကြားရေးမှူးဦးသိန်းထွန်းဦးက ” ၉နာရီ ၄၅မီနစ်မှာ ၃ ဦးကယ်နိူင်တယ်၊ သူတို့ကတော့ အသက်ရှင်လျက်ပဲ၊ ၁၂နာရီ ၂၀မှာ တဦး၊ ၂နာရီ ၂၅မီနစ်မှာ တဦး၊ ၂နာရီ ၄၅မှာ တဦး၊ ၃ဦးကတော့ သေဆုံးခန္ဓာကိုယ်တွေပဲ ပြန်ထုတ်နိူင်ခဲ့တယ်”လို့ VOMကို ပြောပါတယ်။ ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို မြောက်ဥက္ကလာပပြည်သူဆေးရုံကို…
Read Moreနိုင်ငံတကာအာကာသစခန်းကို သွားရောက်မယ့် ဂျပန်ဘီလျှံနာသူဌေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေ
တိုကျို၊ အောက်တိုဘာ-၁၅-၂၀၂၁ မျိုးဆက် (VOM) ဂျပန်ဘီလျှံနာသူဌေး မယ်ဇာဝါယူဆာကူဟာ နိုင်ငံတကာအာကာသစခန်းကို သွားရောက်မယ့်ခရီးစဉ်အတွက် လေ့ကျင့်မှုတွေလုပ်နေပါတယ်။ မယ်ဇာဝါနဲ့ ဟီရာနိုယိုဇိုတို့ဟာ ရုရှားရဲ့ ဆိုယုဇ်အာကာသယာဉ်နဲ့ ဒီဇင်ဘာ ၈ ရက်မှာ နိုင်ငံတကာအာကာသစခန်းကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ မယ်ဇာဝါဟာ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းဖက်ရှင်အရောင်းလုပ်ငန်းကို တည်ထောင်သူဖြစ်ပြီး ဟီရာနိုကတော့ မယ်ဇာဝါနဲ့ဆက်နွယ်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်တစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နိုင်ငံတကာအာကာသစခန်းမှာ ၁၂ ရက်ကြာနေထိုင်သွားမှာဖြစ်ပြီး နိုင်ငံတကာအာကာသစခန်းကို သွာရောက်မယ့် ပထမဆုံးဂျပန်နိုင်ငံသား အရပ်သားတွေဖြစ်ပါတယ်။ သူတို့ဟာ မော်စကိုပြင်ပမှာရှိတဲ့ ဂါဂါရင် အာကာသလေ့ကျင့်ရေးစင်တာမှာ အာကာသခရီးစဉ်နဲ့ပတ်သက်တဲ့ လေ့ကျင့်မှုတွေကို အောက်တိုဘာ ၁၄ ရက်မှာ စတင်ပြုလုပ်နေပါတယ်။ ခရီးစဉ်နီးလာတာနဲ့အမျှ အလွန်စိတ်လှုပ်ရှားကြောင်း၊ ဒါပေမယ့် ကြောက်ရွံ့စိုးရိမ်မှုတွေမရှိဘဲ နိုင်ငံတကာအာကာသစခန်းမှာ သူစမ်းသပ်လုပ်ကိုင်ချင်တဲ့အရာ အခု ၁၀၀ ရှိတယ်လို့…
Read Moreကျယ်ဂေါင်-မန့်ဝိန်းဂိတ် ဖွင့်ပေးမယ့် အစီအစဉ်ဆိုင်းငံ့
အောက်တိုဘာ ၁၅-၂၀၂၁ Shy V (VOM) တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မှာ ပိတ်မိနေတဲ့ မြန်မာဘက် တင်သွင်းမယ့် ကုန်တွေကိုထုတ်ယူဖို့ ကျယ်ဂေါင်-မန့်ဝိန်းဂိတ် ဖွင့်ပေးမယ့် အစီအစဉ်ကို နှစ်နိုင်ငံ သဘောတူညီမှု မရှိတာကြောင့် ဆိုင်းငံ့ကာ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ မြန်မာလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “တရုတ်နဲ့ညှိတာ အဆင်မပြေဘူး။ အဆင်မပြေတဲ့အတွက်ကြောင့် ကျယ်ဂေါင် ဖွင့်ပေးမယ့် ၁၅ ရက်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါပြီ။” လို့ မြန်မာလုပ်ငန်းရှင်တဦးက ပြောပါတယ်။ မြန်မာနိုင်ငံဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ တရုတ်ဘက်က တဖက်သတ်အစီစဥ်ကို လက်မခံဘဲ တရုတ်ဘက်က ကားအစီးရေ ၁၀၀၀ မြန်မာဘက်ကိုဝင်ရင် မြန်မာဘက်ကလည်း တရုတ်နိုင်ငံကို ကားအစီးရေ ၁၀၀၀ ဝင်ခွင့်ပြုရမယ်လို့ တင်ပြလိုက်တာကြောင့် တရုတ်ဘက်ကလည်း အထက်သို့တင်ပြသွားမှာ ဖြစ်တယ်လို့ သိရကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။ …
Read Moreထိုင်၀မ်မှာ အထပ်မြင့်အဆောက်အအုံမီးလောင်ကျွမ်းမှု ၄၆ ဦးသေဆုံး ၈၀ နီးပါးဒဏ်ရာရ
တိုင်ပေ၊ အောက်တိုဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM) ထိုင်၀မ်တောင်ပိုင်းမှာ ၁၃ ထပ်အဆောက်အအုံတစ်ခုမီးလောင်ကျွမ်းမှုကြောင့် လူ ၄၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်များစွာ အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ Kaohsiung မြို့မှာရှိတဲ့ လူနေနဲ့စီးပွားရေးလုပ်ငန်းတွေတည်ရှိတဲ့ အဲဒီအဆောက်အအုံမီးလောင်ကျွမ်းမှုဟာ အောက်တိုဘာ ၁၄ ရက်အစောပိုင်းမှာဖြစ်ပွားခဲ့တာလို့ မီးသတ်ဌာနကပြောပါတယ်။ မီးသတ်သမားတွေဟာ မီးငြိမ်းသတ်နိုင်ဖို့ လေးနာရီကျော်ကြာ အချိန်ယူခဲ့ရ လူ ၇၉ ဦးကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ၁၄ ဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ရှင်းလင်းသွာမသိရသေးပါဘူး။ တာ၀န်ရှိသူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြပါတယ်။ အဆောက်အအုံရဲ့အနိမ့်ပိုင်းအထပ်တွေမှာတော့ စားသောက်ဆိုင်၊ ကာရာအိုကေနဲ့ ရုပ်ရှင်ရုံတွေရှိပြီး ဒါတွေက လုပ်ငန်းမလည်ပတ်တော့တာကြပြီလို့ သတင်းတွေကဖော်ပြထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #တိုင်ပေ
Read Moreဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်ကို ပုဒ်မ ၁၄၄ ထုတ်
နေပြည်တော်၊ အောက်တိုဘာ၁၅၊၂၀၂၁ KT(VOM) အောက်တိုဘာ ၁၄ ရက် ညနေက တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို သက်ဆိုင်ရာကခေါ်ယူတွေ့ဆုံပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း အသိပေးခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာမှာ ” အေးအေး ကျုပ်ပါးစပ်ကို ၁၄၄ ထုတ်လိုက်သဗျ ” လို့ ရေးသားထားပါတယ်။ ပြီးတဲ့ရက်က သမ္မတဦးဝင်းမြင့်တို့ရုံးချိန်းမှာ ဦးဝင်းမြင့်ပြောခဲ့တဲ့ နစကက အာဏာမထိမ်းခင် တွေ့ကြုံခဲ့ရတဲ့ အခြေအနေကို တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကတဆင့် သတင်းမီဒီယာကို ပြောခဲ့တဲ့ ကိစ္စကြောင့်လို့ သိရပါတယ်။ ဦးခင်မောင်ဇော်ကို ထုတ်ပြန်တဲ့ ပုဒ်မ ၁၄၄ ဆိုတာ ရာဇဝတ်ကျင့်ထုံးဥပဒေ အခန်း၁၀မှာ “အဆောတလျင်ဖြစ်သည့် စိတ်ညိုညင်စေမှု၊ သို့မဟုတ် ဘေးဥပါဒ်အန္တရာယ်ဖြစ်ပွားရန်ရှိသည့်အမှုများတွင် ခေတ္တအမိန့်များအကြောင်း” ပုဒ်မ ၁၄၄။ (၁) ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ယခုပုဒ်မအရ…
Read Moreတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်လို့ ဖမ်းဆီးထားသူ ၁၁၄ ယောက် လွတ်
နေပြည်တော်၊ အောက်တိုဘာ-၁၅-၂၀၂၁ KT(VOM) ၂၀၂၁ အောက်တိုဘာ (၁၅)ရက်နေ့တွင်ကျရောက်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု့ကာ ဆိုပြီး တရားရုံးအသီးသီးမှာ တရားစွဲဆိုထားဆဲဖြစ်တဲ့ အောက်ဖော်ပြပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များရဲ့ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ (၁၁၄)ဦးတို့အား အမှုပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ( ၄၁၉) အရ အမိန့်ကိုထုတ်ပြန်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ (က) AA. (၆၁) ဦး (ခ) KIA. (၂၃) ဦး (ဂ) KNU/KNLA(PC) (၁ ) ဦး (ဃ)MNDAA. (၁) ဦး (င) RCSS/SSA. (၁၂) ဦး (စ)SSPP/SSA. (၅) ဦး (ဆ)TNLA (၁၁)ဦး အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့…
Read Moreထောင်နှုတ်ခမ်းပေါ်က ဆိုင်ကယ် ကယ်ရီသမားများ
အေးချမ်းသူ(VOM) YBS ကားပေါ်က ဆင်းလာမယ့် ခရီးသည်ကိုကြည့်ရင်း ဆိုင်ကယ်ကယ်ရီသမားတွေ သူ့ထက်ငါ အပြေးအလွှား ခရီးသည်ရရှိရေးအတွက် ခေါ်နေကြပါတယ်။ လမ်းဆုံလမ်းခွလမ်းဖြစ် YBS ကားအများစု ရပ်နားရာ မြောက်ဥက္ကလာ ခြောက်ကွေ့မှတ်တိုင်ရဲ့မီးပွိုင့်မှာတော့ စစ်သားတွေ၊ရဲတွေ သေနတ်တွေကိုင်ပြီး ရပ်နေကြပါတယ်။ သေနတ်တွေကိုင်ထားတဲ့ စစ်သားတွေ၊ရဲတွေကို ဂရုမစိုက်နိူင်ဘဲ ပူပြင်းလှတဲ့နေကို အံတုရင်း မိသားစုစားဝတ်နေရေးနဲ့ ခရီးသည်ရဖို့အတွက်ကိုသာ လုံးပန်းနေကြပါတယ်။ ဆိုင်ကယ်ကယ်ရီဆွဲသူတွေဟာ နေပူလှတဲ့အတွက် အချို့မှာ ဦးထုတ်ဆောင်းထားကြသူတွေရှိသလို အချို့က ဦးထုတ်မဆောင်းနိူင်ကြပေမယ့် အားလုံးမှာတူညီနေစွာမြင်ရတာက ကိုယ်စီmaskတပ်ထားတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ “အဲ့ဒါတွေ ဂရုမစိုက်နိူင်ဘူး ငါ့ညီရေ၊ သူတို့ကိုကြောက်နေလို့လည်း အပိုပဲ မိသားစုစားဝတ်နေရေးက အရေးကြီးတယ်၊ ခရီးသည်ရမှ ကယ်ရီများများဆွဲမှ ထမင်းစားဖို့ရမှာ နောက်ဖြစ်မှနောက်ရှင်းပေါ့”လို့ ရွှေပေါက်ကံမှာ ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ ဦးအေးကြည်က ပြောပါတယ်။ လေဖြတ်နေတဲ့ မိခင်ဖြစ်သူနဲ့ မိသားစု(၄)ဦးကို…
Read Moreနင်းပြားတွေရဲ့နေ့ပြန့်တိုး
အေးချမ်းသူ(VOM) နေ့ပြန်တိုးဆိုတဲ့ စကားလုံးဟာ လူချမ်းသာတွေအတွက် စိမ်းနေပေမယ့် အခြေခံလူတန်းစားတွေဖြစ်တဲ့ လက်လုပ်လက်စားတွေအတွက် အရင်းအနှီးမိတ်ဆွေတစ်ခုလို့ပဲ ပြောရပါမယ်။ အခြေခံလူတန်းစားတွေ အများစုနေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်တွေ၊ ကျူးကျော်နေထိုင်သူအများစုရှိတဲ့နေရာမှာတော့ နေ့ပြန်တိုးပေးနိူင်တဲ့သူတွေဟာ သူတို့ရဲ့ဘဏ်တိုက်ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ “ဘာကြောင့်ချေးလဲလို့မေးရင် ဝင်ငွေနဲ့ထွက်ငွေမမျှလို့ ချေးတာ၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေလေ။ အဲ့ဒီလိုလုပ်နေရင်း ဗြုန်းခနဲဆို ကျန်းမာရေးကိစွဖြစ်လာတယ်၊ ဘယ်မှာလဲငွေ မရှိတော့ငွေတိုးပေးတဲ့သူဆီ ပြေးရတော့တာပဲ”လို့ လှိုင်သာယာ ၅ရပ်ကွက်မှာ နေထိုင်သူ မအေးမင်းကပြောပါတယ်။ မိုးတွင်းကာလ ခင်ပွန်းဖြစ်သူအလုပ်ကနေ ပြန်လာရင်း ချော်လဲလို့ လက်ကျိုးရာ ဆေးခန်းသွားပြဖို့ လက်ထဲငွေအပိုမရှိတဲ့အတွက် ငွေ ငါးသောင်းကို သုံးဆယ်ကျပ်အတိုးနဲ့ယူခဲ့ရာကနေ အရင်းပြန်မပေးနိူင်ဘဲ တစ်နှစ်ကျော်ကြာတဲ့အထိ နေပြန်တိုး ဆပ်ခဲ့ရတယ်လို့ သူကပြောပါတယ်။ မြို့နယ်အချို့က ဆင်ဖြေဖုံးရပ်ကွက်တွေမှာတော့ ငွေရှင်တွေက လက်လုပ်လက်စားတွေကို အတိုးနဲ့ငွေချေးရာမှာ နေ့သွင်း၊ မတ်တိုး၊ ကျပ်တိုး၊ ရက်သွင်း၊ လသွင်း အစရှိတဲ့ပုံစံတွေနဲ့ငွေချေးကြပါတယ်။ “နေ့သွင်းဆိုတာက ကိုယ်ယူတဲ့ပိုက်ဆံကို ရက်အလိုက်ပြန်သွင်းရတာ ကိုယ်ဘယ်လောက်ယူမလဲပေါ့၊ ဥပမာ…
Read Moreသတင်းစာဆရာ
————— ဆူးငှက် မန္တလေးမှာ ဟံသာဝတီသတင်းစာရောက်လာမယ်ဆိုကတည်းက မြို့လူထုကမျှော်လင့်နေကြတယ်။ ကုန်လွန်ခဲ့တဲ့ ကာလတစ်လျှောက်လုံး မန္တလေးနဲ့ သတင်းစာက အမြဲတမ်းတွဲဖက်ရှင်သန်ခဲ့တာချည်း။ ဂျပန်ခေတ်လို မြို့လုံးကျွတ် မြို့ပစ်ထွက်ပြေးတိမ်းရှောင်ဒုက္ခရောက်တဲ့ကာလမှာတောင် မန္တလေးနဲ့သတင်းစာက အိုးစားကွဲခဲ့တာမှ မဟုတ်ဘဲ။ ဒီလိုနဲ့ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်၊ ဖဆပလခေတ်။ မန္တလေးမှာသတင်းစာတွေ အပြိုင်းအရိုင်း။ ၁၉၆၂-ခုနှစ်၊ တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးနောက်။ သတင်းစာတွေ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုံးပါးပါးကုန်တာပါပဲ။ နောက်ဆုံး မန္တလေးမှာ ၁၉၆၇-ခုနှစ် ဇူလိုင်လ၇ရက်နေ့ရောက်တော့ လူထုသတင်းစာကို မှတ်ပုံတင်သက်တမ်း ထပ်တိုးမပေးတဲ့နည်းနဲ့ အလိမ္မာသုံးကာ “မန္တလေးနှင့်သတင်းစာ” ပြည် ဖုံးကာချခဲ့တာပါပဲ။ မန္တလေးမြို့လူထုရဲ့နှလုံးသားမှာ “လူထုသတင်းစာ”က စွဲထင်ပျော် ဝင်နေဆဲ။ မနက်လင်းတာနှင့် ဆွမ်းခံ ရဟန်းတော်များနှင့်အတူ လူထုသတင်းစာကိုစောင့်မျှော်တဲ့ ဆန္ဒတွေ သီးပွင့်ဝေဆာဆဲ။ ဒါပေမယ့် မန္တလေးသားတွေရင်ထဲမှာ လူထုသတင်းစာက ပျောက်ကွယ်သွားပေါ့။ ၁ နှစ်..။ ၂ နှစ်..။ဒီကာလမှာပဲ ၁၉၆၉ ခုနှစ်မှာ ဟံသာဝတီသတင်းစာ မန္တလေးမှာ…
Read More