ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်သုံးစွဲခ စျေးတက်မယ်လို့ ဆက်သွယ်ရေးကုမ္မဏီတွေက သုံးစွဲသူတွေဆီ စာပို့

ရန်ကုန်၊ဒီဇင်ဘာ ၃၊၂၀၂၁
KK(VOM)
 
ဖုန်းခေါ်ဆိုမှုနဲ့အင်တာနက်သုံးစွဲခတွေ ပြောင်းလဲသတ်မှတ်သွားမယ်လို့ ဒီကနေ့မှာ ဖုန်းသုံးစွဲသူတွေဆီကို ဆက်သွယ်ရေးကုမ္မဏီတွေကနေ မက်ဆေ့ပေးပို့ အကြောင်းကြားလာပါတယ်။
 
ဒီကနေ့မနက်ပိုင်းမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် သုံးစွဲခတွေကို အူရီဒူးကတော့ ပြောင်းလဲမယ့်ရက်ကို မကြေညာသေးပေမယ့် တယ်လီနောကတော့ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ပြီး ပြောင်းလဲသွားမယ်ကြေညာထားပါတယ်။
 
ဒီကနေ့ညပိုင်းမှာလည်း မြန်မာ့ဆက်သွယ်ရေးကပိုင်ဆိုင်တဲ့ အမ်ပီတီကလည်း ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနရဲ့ ညွန်ကြားချကအရ ဖုန်းခေါ်ဆိုမှုနဲ့အင်တာနက်သုံးစွဲခတွေကို မကြာခင်ပြောင်းလဲသွားမှာဖြစ်တယ်လို့ သုံးစွဲသူတွေဆီ စာတိုပေးပို့ခဲ့ပါတယ်။
 
MPT သုံးစွဲသူတစ်ဦးက “အူရီဒူးနဲ့ တယ်လီနောပဲ စျေးတက်မယ်ထင်တာ အမ်ပီတီကပါ အခုပဲ စာပို့လာတယ် ပြောင်းလဲတော့မယ်ဆိုပြီး ဘယ်တော့ပြောင်းမလဲတော့ မသိဘူး”လို့ပြောပါတယ်။
 
ဆက်သွယ်ရေးကုမ္မဏီတွေဖြစ်တဲ့ အူရီဒူး ဆားဗစ်စင်တွေကို ဆက်သွယ်ရာမှာတော့ “ဖုန်းခေါ်တာ နဲ့ အင်တာနက်သုံးစွဲခတွေ စျေးတက်မှာဟုတ်တယ် ဘယ်တော့တက်မလဲဆိုတာတော့ မသိဘူးလို့”ပြောပါတယ်။
 
ဆက်သွယ်ရေး ကုမ္ပဏီတွေက ရောင်းချနေတဲ့ အင်တာနက်အသုံးပြုမှု ဈေးနှုန်းတွေကတော့ အူရီဒူးနဲ့ တယ်လီနောက ၉၂၅ မီဂါဘိုက်ကို ၉၉၉ ကျပ်ဖြစ်ပြီး အမ်ပီတီကတော့ ၉၅၀ မီဂါဘိုက်ကို ၉၉၉ ကျပ်ဖြစ်ပြီး ဖုန်းခေါ်ဆိုခတွေကတော့ အမ်ပီတီက တစ်မိနစ်ကို ၂၈ ကျပ်၊ တယ်လီနောနဲ့ အူရီဒူး ကတော့ တစ်မိနစ်ကို ၃၉ ကျပ် ဖြစ်ပါတယ်။
 
သုံးစွဲသူတွေကြားမှာတော့ နိုင်ငံတာနုန်းထားတွေနဲ့ ယှဉ်တွဲပြောသလို တချို့လည်းခက်ခဲနေချိန် ဒီလိုတက်တာမဖြစ်သင့်ဘူးပြောကြသလ်ိုဖုန်းသုံးစွဲတာ လျှော့ရမယ်ဆိုတာမျိုးလည်းပြောဆိုနေကြပါတယ်။
 
#voieofmyanmar #VOM #တယ်လီဖုန်းသုံးစွဲခ

Related posts

Leave a Comment

VOM News

FREE
VIEW