ရန်ကုန်လူထုသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး သေဆုံးသူတွေရှိသလို ဆယ်ဦးထက်မနည်းဖမ်းဆီးခံရ

ရန်ကုန်၊ဒီဇင်ဘာ ၅-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ ဒီကနေ့မနကိပိုင်းပြုလုပ်ခဲ့တဲ့ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတွေက သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးတွေရှိခဲ့ပြီး ဆယ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ် မြို့ခံတွေကပြောပါတယ်။
 
အလုံမြို့နယ်ဘက်ကနေ ချီတက်ဆန္ဒပြလာတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းဟာ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းအရောက်မှာ စစ်တပ်နဲ့ရဲတွေက ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသူတွေရှိခဲ့တယ်လို့ စျေးကြီးအရှေ့ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“ကျွန်မရှေ့မှာတင် သေနတ်မှန်ပြီးထိသွားတာ နှစ်ယောက်၊ သေသွားတယ်နဲ့တူတယ် မထနိူင်တော့ဘူး၊ ကားနဲ့တိုက်ပြီး လူစုခွဲတယ် ပြီးမှ သေနတ်နဲ့လိုက်ပစ်တာ “လို့ သူက ပြောပါတယ်။
 
သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသူ သုံး
ဦးထက်မနည်းရှိပြီး ဖမ်းဆီးခံရတာကတော့ အမျိုးသမီး သုံးဦး နဲ့ အမျိုးသား ခုနှစ်ဦးရှိတယ်လို့ ပန်းပင်ကြီးလမ်းမှာနေထိုင်သူတဦးကပြောပါတယ်။
 
လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ကျန်နေတဲ့ဆန္ဒပြလူငယ်တွေကို လိုက်လံရှာဖွေဖမ်းဆီးနေပြီး ဒီကနေ့မနက်ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #လူထုသပိတ#ဖြိုခွင်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW