အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု လူ ၁၃ ဦးသေဆုံး

ဒီဇင်ဘာ ၅-၂၀၂၁
မျိုးဆက်(VOM)
 
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှာ စနေနေ့က မီးတောင် ပေါက်ကွဲခဲ့ပြီးနောက် အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ အရေးပေါ် အာဏာပိုင်တွေက ပြောပါတယ်။
 
Semeru မီးတောင်ပေါက်ကွဲမှုကြောင့်အနည်းဆုံး လူ ၅၇ ဦး ဒဏ်ရာရခဲ့ပြီး အများအပြား မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ခံစားခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
 
မီးတောင်မှထွက်ပေါ်လာတဲ့ ချော်ရည်နဲ့ ပြာတွေကြောင့် ဒေသခံများစွာဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။လက်ရှိမှာတေယ့ ဒဏ်ရာရသူတွေကို ဆေးရုံတွေမှာကုသမှုပေးနေပါတယ်။
 
မီးတောင်ပေါက်ကွဲမှုကြောင့် Lumajang ခရိုင်ရှိ ရွာ ၁၁ ရွာထက်မနည်း မီးတောင်ပြာတွေ ဖုံးလွှမ်းကာ နေအိမ်တွေလည်းနစ်မြုပ်သွားပြီး ဒေသခံတွေဟာ ယာယီအမိုးအကာတွေအောက်မှာ ခိုလှုံနေကြရပါတယ်။
 
လက်ရှိမှာတော့ လူ ၁၀ ဦးကို ကယ်တင်ထားနိုင်ပြီး မီးတောင်ပြာတွေ ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အဟန့်အတားဖြစ်နေတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
 
Ref: BBC
 
#voiceofmyanmar #VOM #အင်ဒိုနီးရှား #မီးတောင်ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW