ယူအေအီးမှာ ရုံးပိတ်ရက် နှစ်ရက်ခွဲသတ်မှတ်ပြီ

အဘူဒါဘီ၊ ဒီဇင်ဘာ-၈-၂၀၂၁
မျိုးဆက်(VOM)
 
ယူအေအီးနိုင်ငံဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကို စွဲဆောင်မှုအဖြစ် လက်ရှိကျင့်သုံးနေတဲ့ သောကြာ၊ စနေ ရုံးပိတ်ရက်အစား စနေ၊ တနင်္ဂနွေကို ရုံးပိတ်ရပ်အဖြစ် ပြောင်းလဲလိုက်တဲ့ ပထမဆုံးသော ပင်လယ်ကွေ့နိုင်ငံဖြစ်လာပါတယ်။
 
ဒီလို ရုံးပိတ်ရက်တွေပြောင်းလဲသတ်မှတ်တာနဲ့ပတ်သက်ပြီး ယူအေအီးအစိုးရက ဒီဇင်ဘာ ၇ ရက်မှာ ကြေညာခဲ့ကာ ဒီစနစ်ကိုလာမယ့် နှစ်ဆန်းပိုင်းမှစပြီ ပြောင်းလဲကျင့်သုံးသွားမှာဖြစ်ပါတယ်။
 
ဒီအပြောင်းအလဲဟာ ပြည်တွင်းစီးပွားရေးကို နိုင်ငံတကာစျေးကွက်နဲ့ပိုမိုကောင်းမွန်စွာ ပေါင်းစပ်နိုင်ဖို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ဖို့ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍအနေနဲ့လည်း လိုက်ရောညီထွေလုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ယူအေအီးအစိုးရကပြောပါတယ်။
 
လုပ်ငန်းခွင်တွေမှာတော့ သောကြာနေ့လယ်ပိုင်းမှာ အလုပ်များပြီးဆုံးမှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ မွတ်ဆလင် ၀တ်ပြုဆုတောင်းပွဲများကိုလည်း တက်ရောက်နိုင်မည်ဖြစ်ပါတယ်။
 
ဒီလိုသတ်မှတ်လိုက်တာကြောင့် ယူအေအီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရုံးပိတ်ရက် နှစ်ရက်ခွဲရှိလာတဲ့ ပထမဆုံးနိုင်ငံဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။
 
အစ္စလာမ်ကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားတဲ့ ယူအေအီးနိုင်ငံဟာ အခြားအာရပ်နိုင်ငံတွေနည်းတူ ရုံးပိတ်ရပ်ကို သောကြာ၊ စနေအဖြစ် ယခင်က သတ်မှတ်ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
 
Ref: NHK
Photo:AFP
#voiceofmyanmar #VOM #အဘူဒါဘီ

Related posts

Leave a Comment

VOM News

FREE
VIEW