မြန်မာစစ်ဘက်ကို ဖိအားပေးဖို့ နောက်ထပ်နည်းလမ်းတွေရှာဖွေနေတယ်လို့ အမေရိကန်ပြော

ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁၅-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာစစ်ဘက်ကို ဖိအားပေးဖို့ နောက်ထပ်နည်းလမ်းတွေကို ရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
မြန်မာစစ်ဘက်ကို ဖိအားပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ရနိုင်သမျှနည်းလမ်းတွေကို ရှာဖွေနေတယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမျာ ဘလင်ကင်က ဆိုပါတယ်။
 
ဒါ့အပြင် ရိုဟင်ဂျာလူနည်းစုအပေါ် မြန်မာနိုင်ငံရဲ့လုပ်ဆောင်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ တံဆိပ်ကပ် သတ်မှတ်သင့်လားဆိုတာကိုလည်း အမေရိကန်က တက်ကြွစာစောင့်ကြည့်နေတယ်လို့ သူကဆိုပါတယ်။
 
၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာတော့ မြန်မာစစ်ဘက်ရဲ့ ထိပ်တန်းတာ၀န်ရှိသူတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူနည်းစုအပေါ် စစ်ရာဇ၀တ်မှုကျူးလွန်မှုတွေအတွက် စုံးစမ်းစစ်ဆေးပြီး တရားစွဲသင့်တယ်လို့ ဖော်ပြထားပါတယ်။
 
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဟာ ၀င်ရောက်မစွက်ဖက်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားပေမယ့် ဥပေက္ခာမပြုတဲ့ မူဝါဒကိုလည်း ကျင့်သုံးသင့်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေး၀န်ကြီး Saifuddin ကလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
 
Ref: Boomberg
Photo: Malaysia’s Foreign Ministry
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW