အမြင့်မြို့ဟောင်း စျေးထိပ်မှာ ရဲ ၁ ဦးနဲ့ အရပ်သား ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၁၆-၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အမြင့်မြို့ဟောင်းကျေးရွာရဲ့ စျေးထိပ်နေရာမှာ ဒီကနေ့ နေ့ခင်းပိုင်းက ရဲ ၁ ဦးနဲ့ အရပ်သား ၁ ဦးတို့ဟာ အနီးကပ် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။   မျက်မြင်တွေ့လိုက်ရသူတဦးက “ပစ်သတ်ခံရတဲ့ သူတွေက အမြင့်နယ်မြေရဲစခန်းက ရဲတပ်သား ရဲထက်နိုင်ဆိုတဲ့သူနဲ့ အမြင့်ရွာသား မောင်ထက်ဝေယံ အသက် ၁၈ နှစ် သူတွေဖြစ်တယ် ၊ သူတို့နောက်ကနေ သေနတ်သမားက အနီးကပ် ပစ်သတ်သွားတာ ” လို့ ပြောပါတယ်။   အမြင့်ရွာခံတဦးကလည်း ” ဖြစ်တာက နေ့လယ် ၁ နာရီကျော်လောက်က ဖြစ်တာပါ ၊ စျေးထိပ်က ထွန်းကြီး ကွမ်းယာဆိုင်ရှေ့မှာ…

Read More

အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန် ကာကွယ်ရေးအသုံးစရိတ် သုံးဆတိုးမယ်

၀ါရှင်တန်၊ ဒီဇင်ဘာ-၁၆-၂၀၂၁ မျိုးဆက်(VOM)   အမေရိကန်အထက်လွှတ်တော်သည် အင်ဒို-ပစိဖိတ်ဒေသတွင် ကာကွယ်ဟန့်တားမှုကိုမြှင့်တင်ပေးမယ့် ၂၀၂၂ ခုနှစ် ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၅ ရက်မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။   ဒေါ်လာ ၇၆၈ ဘီလီယံတန်ဖိုးရှိ အဲဒီကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းဟာ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လျှင်မြန်စွာကြီးထွားလာတဲ့ စစ်ရေးတည်ဆောက်မှုကို တန်ပြန်ဖို့ ရည်ရွယ်ထားပါတယ်။   အဲဒီဥပဒေကြမ်းမှာတော့ အင်ဒို-ပစိဖိတ်ဒေသမှာ ကာကွယ်ဟန့်တားမှုတွေ လုပ်ဆောင်ဖို့အတွက် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံထိသုံးစွဲမှာဖြစ်ပြီး ယခင်နှစ်ကခွဲဝေချထားတဲ့ အသုံးစရိတ်ထက် သုံးဆပိုများနေပါတယ်။   ရုရှားနှဲ့ တင်းမာမှုများမြင့်တက်နေတဲ့ ယူကရိန်းစစ်ဘက်အတွက် ထောက်ပံ့ဖို့ ဒေါ်လာ သန်း ၃၀၀ နဲ့ ဥရောပမှာ ကာကွယ်ရေးလုပ်ဆောင်ချက်တွေအားကောင်းစေဖို့ဒေါ်လာ လေးဘီလီယံ သုံးစွဲဖို့အတွက်လည်း ဥပဒေကြမ်းမှာပါ၀င်ပါတယ်။   အောက်လွှတ်တော်က အတည်ပြုထားပြီးဖြစ်တဲ့ အဲဒီ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုဖို့အတွက်…

Read More

ဗဟိုဘဏ်က ဒေါ်လာတွေထုတ်ရောင်းပေမယ့် အပြင်ဈေးကွက် တက်နေဆဲ

ဒီဇင်ဘာ ၁၆-၂၀၂၁ GH ( VOM )   ဗဟိုဘဏ်အနေနဲ့ ဒေါ်လာတွေကို အဆက်မပြတ်ထုတ်ပြီးရောင်းချပေးနေပေမယ့် ပြင်ပ ဒေါ်လာဝယ်ရောင်းစျေးကွက်မှာတော့ (၁)ဒေါ်လာကို ၁၈၁၅ ကျပ်ကနေ ၁၉၀၀ ကျပ်အထိ စျေးပေါက်နေဆဲဖြစ်တယ်လို့သိရပါတယ်။   ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅ သန်းကို ဒီဇင်ဘာလထဲမှာ တတိယအကြိမ်ရောင်းချမှုအဖြစ် မနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဈေးပြိုင်လေလံနဲ့ ထပ်မံရောင်းချခဲ့ပြီး ဒေါ်လာ ၁၅ သန်းကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁ဒေါ်လာကို မြန်မာငွေ ၁,၇၈၀ ကျပ် သတ်မှတ်ပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။   ” ဒေါ်လာစျေးကစားတာကိုထိန်းဖို့ အခုလိုထုတ်ရောင်းနေတာ။ဒါပေမယ့် တစ်ဒေါ်လာကို ၁၉၀၀ လောက်ထိ ခေါ်စျေးရှိတယ်။ အဝယ်လည်းရှိသလို အရောင်းလည်းရှိတယ်၊ စျေးတည့်ရင် အရောင်းဝယ်ဖြစ်တာပဲ။ ဗဟိုဘဏ်စျေးထက် ၀.၅ ပဲအတိုးအလျှော့လုပ်ရမယ်ဆိုတာက ပြင်ပစျေးကွက်မှာ အသုံးမဝင်ဘူး ” လို့…

Read More

ကိုဗစ်ကြောင့် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင် ထိုင်းခရီးစဉ်ဖျက်သိမ်း

ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁၆-၂၀၂၁ မျိုးဆက်(VOM)   အရှေ့တောင်အာရှခရီးစဉ်လာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ အတူလိုက်ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့၀င်တစ်ဦး ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရတာကြောင့် ထိုင်းနိုင်ငံကို သွားရောက်မှာမဟုတ်တော့ဘဲ အမေရိကန်ကို လှည့်ပြန်တော့မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၁၅ရက်မှာပြောပါတယ်။   နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ ထိုင်းနိုင်ငံ တာ၀န်ရှိသူတွေကို ဒီဇင်ဘာ ၁၆ရက်မှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အန္တရာယ်များတာကြောင့် ဝါရှင်တန်ကို ပြန်မှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီးကို ဘလင်ကင်က ပြောပါတယ်။   ဘလင်ကင်နဲ့ အတူလိုက်ပါလာတဲ့ အဖွဲ့၀င်ဟာ အင်ဒိုနီးရှားနိုင်ငံကနေ မလေးရှားနိုင်ငံကို ရောက်ရှိချိန်မှာ ကိုဗစ်-၁၉ ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။   မလေးရှားနိုင်ငံကိုရောက်ရှိချိန်အတွင်းမှာတော့ အဲဒီအဖွဲ့၀င်ဟာ ဘလင်ကင်နဲ့ အတူဘယ် အစီအစဉ်မှာမှ ပါ၀င်ခြင်းမရှိဘူးလို့ဆိုပါတယ်။   အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့လေယာဉ်ဟာ ထိုင်းနိုင်ငံမှာ စက်ပိုင်းဆိုင်ရာအတွက် ခေတ္တသာရပ်နားမှာဖြစ်ပြီး တရား၀င်အစည်းအဝေး တခုမှမလုပ်ဘဲ မဟုတ်ဘဲ အမေရိကန်နိုင်ငံသို့ ပြန်မှာဖြစ်ပါတယ်။…

Read More

အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုရှိနေတဲ့ မြန်မာ့ အိမ်နီးချင်းနိုင်ငံအရေအတွက် တိုးပွားလာနေ

ဂျကာတာ၊ ဒီဇင်ဘာ-၁၆-၂၀၂၁ မျိုးဆက်(VOM)   မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံတို့မှာ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုတွေရှိနေပြီး အင်ဒိုနီးရှားနိုင်ငံမှာလည်း အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုကို စတင်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေး၀န်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဂျကာတာရှိ ဆေးရုံတစ်ရုံမှ ၀န်ထမ်းတစ်ဦးမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်နေတာကို ဒီဇင်ဘာ ၁၅ ရက်က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူဟာ ပြည်ပသို့ခရီးသွားရာဇ၀င်မရှိဘူးလို့ ကျန်းမာရေး၀န်ကြီးကပြောပါတယ်။   ဒါအပြင် အိုမီခရွန်သံသယလူနာ ငါးဦးကိုလည်းတွေ့ရှိထားပြီး မကြာသေးမီးက အမေရိကန်မှပြန်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦး၊ ဗြိတိန်မှပြန်လာတဲ့ တရုတ်နိုင်ငံသား သုံးဦးတို့ပါ၀င်ပြီး မျိုးရိုးဗီဇစစ်ဆေးမှုကို စောင့်ဆိုင်းနေကြပါတယ်။   တောင်အာဖရိကတွင် ပထမဆုံးတွေ့ရှိခဲ့ရသည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသည် ဂျပန်နဲ့ ဟောင်ကောင်အပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ နိုင်ငံပေါင်း ၇၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေကြောင်း…

Read More

ကိုဗစ်ရောဂါကြောင့် ၃၂ ကြိမ်မြောက် နာဂရိုးရာပွဲတော် မပြုလုပ်နိုင်

ဒီဇင်ဘာ ၊ ၁၆-၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း နာဂအုပ်ချုပ်ခွင့်ရဒေသက မြို့နယ်တွေမှာ အခုလဆန်းပိုင်းကစလို့ စာသင်ကျောင်းတချို့ကကျောင်းသား/ကျောင်းသူတွေ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း နှစ်စဥ် ဇန်နဝါရီ ၁၅ ရက်ရောက်တိုင်း ပြုလုပ်လေ့ရှိတဲ့ နာဂရိုးရာပွဲတော်ကို အခုလာမယ့်နှစ်မှာ ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ နာဂရိုးရာ ယဥ်ကျေးမှုနဲ့စာပေအဖွဲ့ကနေ သိရပါတယ်။   ” ကိုဗစ်ရောဂါကြောင့် ၃၂ ကြိမ်မြောက် ပွဲတော်ရက် လုပ်နိုင်မှာမဟုတ်ပေမယ့် အဲ့ဒီရက်မှာ မြို့အလိုက် ရွာအလိုက် ကိုဗစ် စည်းမျဥ်းစည်းကမ်းနဲ့အညီ အထိမ်းအမှတ်လုပ်တာလောက်တော့ ရှိမယ် ၊ ရိုးရာပွဲလမ်း အခင်းအကျင်းတွေ ပါမှာ မဟုတ်ဘူး “လို့ နာဂရိုးရာ ယဥ်ကျေးမှုနဲ့စာပေအဖွဲ့ ဥက္ကဌ ဦးအောင်ထွဋ်က ပြောပါတယ်။   ဒါ့အပြင် နာဂ အုပ်ချုပ်ခွင့်ရ လဟယ်မြို့ခံတယောက်က ” နာဂရိုးရာပွဲတော်ဆိုတာ ၊ နာဂ…

Read More

လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ဘေးရှောင်နဲ့ပိတ်မိသူ သုံးထောင်နီးပါးရှိ

ဒီဇင်ဘာ ၁၆-၂၀၂၁ KK(VOM)   ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်မှာ မနေ့ ဒီဇင်ဘာ ၁၅ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နဲ့ပိတ်မိသူ ၃၀၀၀နီးပါးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်ကို စစ်တပ်က ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်ကာ လွှတ်တော်ကိုယ်စားလှယ်တဦးအပါအဝင် ၆၀ဦးကို ဖမ်းဆီးခဲ့ရာမှ နှစ်ဘက်တင်းမာမှုတွေဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။   “KNU ဘက်က စစ်တပ်ကို နယ်မြေအတွင်းတပ်စွဲထားတာ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပြီးနောက် မနေ့မနက်ပိုင်း ၁၁ နာရီကျော်မှာ နှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်”လို့ သူကရှင်းပြပါတယ်။   လေးကေ့ကော်မြို့သစ်မှာရောက်ရှိနေသူတဦးက”တိုက်ပွဲနှစ်ကြိမ်ဖြစ်တယ် မနက်ပိုင်းနဲ့ညနေပိုင်းမှာ၊ စစ်တပ်ဘက်ဘ အမြှောက်တွေပါသုံးလာတယ်၊ ဒီဘက်က ထိုးစစ်ဆင်တော့ သူတို့ဘက်ကျဆုံးတာများတယ်၊ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင် ၂၅၀၀နီးပါး ဘေးလွှတ်ရာကို ရှောင်တိမ်းနေထိုင်နေရပြီး ပြည်သူငါးရာခန့်မှာ…

Read More

စစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်တည်း မိုင်းထိလို့ သေတဲ့ ရဲ ၄ ဦးထက်မနည်းရှိ

ဒီဇင်ဘာ ၊ ၁၆ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ အခုလ ၁၅ ရက် မနေ့က ၁ ရက်တည်းမှာတင် မိုင်းစထိမှန် သေဆုံးတဲ့ ရဲဝန်ထမ်း အရေအတွက်ဟာ ၄ ဦးထက်မနည်း ရှိခဲ့ပြီး အဲ့ဒီအပြင် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ ရဲဝန်ထမ်းတွေလည်း ရှိတယ်လို့ မိုင်းပေါက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာတွေက နယ်ခံလူ တချို့ရဲ့ အပြောအရ သိရပါတယ်။   ” ဝန်းသိုမြို့မရဲစခန်းက စခန်းမှူးနဲ့အဖွဲ့ဟာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တဲ့နေရာကနေ အလောင်းကောက်ယူပြီး အပြန် လမ်းမှာ မိုင်းထိမှန်ခဲ့လို့ ဒုရဲမှူး ဟန်ဝင်းနဲ့ ရဲတပ်သား မျိုးကျော်ထွန်း တို့ ၂ ​ယောက် စီးတဲ့ကားဟာ ခတ်ချိုရွာနားမှာ မိုင်းထိတယ် ၊ ကားမီးလောင်တယ် ၊…

Read More

ကန်ပိုက်တီဂိတ် ဖွင့်မပေးသေးတာကြောင့် တစ်သျှုးငှက်ပျောကားတွေ ရာနဲ့ချီပိတ်မိနေပြီး ပျက်စီးမှုတွေရှိနေ

ဒီဇင်ဘာ ၁၆-၂၀၂၁ GH ( VOM )   ကချင်ပြည်နယ်၊ ကန်ပိုက်တီ ကုန်သွယ်ရေး နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို တစ်သျှုးငှက်ပျော တင်ပို့ဖို့ စောင့်နေတဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပြီးရှိနေတယ်လို့ ကုန်ကားမောင်းသူတွေဆီက သိရပါတယ်။   မကြာခင် တရုတ်နှစ်သစ်ကူး ပိတ်ရက်ကလည်းရောက်ရှိတော့မှာဖြစ်လို့ ကန်ပိုက်တီဂိတ်ကို အခုရက်ပိုင်းအတွင်း အမြန်ဆုံးဖွင့်ပေးဖို့ လိုအပ်နေကြောင်း၊လက်ရှိမှာတော့ ဂိတ်အဖွင့်ကို စောင့်ဆိုင်းရတာ ကြာမြင့်မှုနဲ့အတူ ငှက်ပျောသီးတွေ ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။   ” ကားတွေက နယ်စပ်ဂိတ်နားမှာပိတ်မိနေတာမဟုတ်ဘူး။ အလုပ်ဆိုဒ်တွေထဲမှာ ပိတ်မိနေတာ။ဂိတ်က၅ရက်နေ့ဖွင့်မယ်ဆိုတော့ ကားတွေက အကုန်တက်လာကြတယ်။ငှက်ပျောခြံတွေကလည်း ကြိုပြီးခုတ်ကြတယ်၊ တချို့ဆို ကားပေါ်အကုန်အဆင်သင့်တင်ပြီးပြီ။ကားတွေက အခုထိမထွက်ရသေးဘူး။ မကြာခင် တရုတ်နှစ်သစ်ကူးကရောက်တော့မယ်။ အခုရက်ပြန်ဖွင့်မယ်ဆိုရင်တောင် အစီအစဉ်တကျမဟုတ်ဘဲ အမြန်လုပ်ရမှာ ၊ အခြေအနေကတော့ မကောင်းဘူး။ ကားသမားရော၊ခြံစိုက်သူရော အကုန်အခက်အခဲဖြစ်မှာ ” လို့ ကန်ပိုက်တီ ကုန်ကားမောင်းသူတဦးကပြောပါတယ်။…

Read More
VOM News

FREE
VIEW