အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုရှိနေတဲ့ မြန်မာ့ အိမ်နီးချင်းနိုင်ငံအရေအတွက် တိုးပွားလာနေ

ဂျကာတာ၊ ဒီဇင်ဘာ-၁၆-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံတို့မှာ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုတွေရှိနေပြီး အင်ဒိုနီးရှားနိုင်ငံမှာလည်း အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုကို စတင်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေး၀န်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဂျကာတာရှိ ဆေးရုံတစ်ရုံမှ ၀န်ထမ်းတစ်ဦးမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်နေတာကို ဒီဇင်ဘာ ၁၅ ရက်က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူဟာ ပြည်ပသို့ခရီးသွားရာဇ၀င်မရှိဘူးလို့ ကျန်းမာရေး၀န်ကြီးကပြောပါတယ်။
 
ဒါအပြင် အိုမီခရွန်သံသယလူနာ ငါးဦးကိုလည်းတွေ့ရှိထားပြီး မကြာသေးမီးက အမေရိကန်မှပြန်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦး၊ ဗြိတိန်မှပြန်လာတဲ့ တရုတ်နိုင်ငံသား သုံးဦးတို့ပါ၀င်ပြီး မျိုးရိုးဗီဇစစ်ဆေးမှုကို စောင့်ဆိုင်းနေကြပါတယ်။
 
တောင်အာဖရိကတွင် ပထမဆုံးတွေ့ရှိခဲ့ရသည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသည် ဂျပန်နဲ့ ဟောင်ကောင်အပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ နိုင်ငံပေါင်း ၇၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ကနဦးတွေ့ရှိချက်တွေအရ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ကူးစက်မှုနှုန်းမြန်ဆန်ပြီး ပြန်လည်ကူးစက်နိုင်ခြေလည်း မြင့်မားကြောင်း သုတေသီတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
 
Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW