စစ်ကိုင်းတိုင်း ဥပဒေချုပ်ကို ၅၀၅ ခ နဲ့ ထောင် ၂ နှစ်ချ

ဒီဇင်ဘာ ၊ ၁၈- ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်က အထူးတရားခွင်ကနေ အရင် တိုင်းအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်လှကို မနေ့ ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” တိုင်းအစိုးရအဖွဲ့က ဥပဒေချုပ် ဦးခင်မောင်လှ ကို ပုဒ်မ ၅၀၅ ခ နဲ့ ပြစ်ဒဏ် ၂ နှစ်ချမှတ်ခံရတာဖြစ်တယ် ၊ ချုပ်ရက်ထုတ်နုတ်ခံစားခွင့် ပါတယ် ” လို့ ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။
 
တိုင်းအစိုးရအဖွဲ့က ဥပဒေချုပ် ဦးခင်မောင်လှနဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း တိုင်းအစိုးရဝန်းထဲက ဝန်ကြီးအိမ်ယာမှာရှိတဲ့ နေအိမ်မှာ အကျယ်ချုပ်စတင်ကျခံခဲ့ရပြီး ၊ အဲ့ဒီကနေတဆင့် မုံရွာအကျဥ်းထောင်ကို ပြောင်းရွေ့ ချုပ်နှောင်ခံခဲ့ရတာဖြစ်တယ်
လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်း #ဥပဒေချုပ် #ထောင်၂နှစ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW