တောင်ကြီးမြို့နယ် NLDပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ

ဒီဇင်ဘာ ၁၈-၂၀၂၁
KK(VOM)
 
တောင်ကြီးမြို့နယ်ကNLDပါတီရဲ့ အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငွေကို မနေ့ ဒီဇင်ဘာ ၁၇ရက် ညပိုင်းက နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။
 
ဒေါက်တာသန်းငွေကို မနေ့ည ၁၁ နာရီခွဲက စစ်တပ်နဲ့ရဲတွေက CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးတယ်ဆိုပြီး လာဖမ်းသွားတာ၊ စရဖတွေရော ရဲတွေရော စစ်တပ်ရောအကုန်ပါတယ်”လို့ နီးစပ်သူတဦးက ပြောပါတယ်။
 
လက်တလောမှာ ဖမ်းဆီးသွားပြီးနောက်ပိုင်း ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ ဒေါက်တာသန်းငွေဟာ ၂၀၁၃ ကြားဖြတ်ရွေးကောက်ပွဲ၊၂၀၁၅ ရွေးကောက်ပွဲ၊၂၀၂၀ ရွေးကောက်ပွဲတွေမှာ သုံးကြိမ်တိုင် အနိူင်ရရှိထားသူလည်းဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ကလည်း ထောင်လေးလုံးအကျဥ်းထောင်မှာ ဖမ်းဆီးထားတဲ့ ပြည်သူပါတီမှ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းကို၊NLD ခရိုင်အတွင်းရေးမှူး ဦးစောရွှေ၊NLDရပ်/ကျေး ဦးဖြူ၊နိူင်ငံ
ရေးအကျဥ်းဟောင်းဦးမြင့်ဌေးတို့ကို ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်၂နှစ်ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #တောင်ကြီး #NLDပြည်နယ်ကိုယ်စားလှယ် #ဒေါက်တာသန်းငွေ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW