ပြည်ပနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်မှု ဂျပန်သက်တမ်းတိုးမယ်

တိုကျို ၊ ဒီဇင်ဘာ-၁၉-၂၀၂၁
မျိုးဆက်(VOM)
 
ဂျပန်နိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ်ကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် တင်းကြပ်တဲ့နယ်စပ်ကန့်သတ်ချက်တွေကို သက်တမ်းတိုးဖို့ ရည်ရွယ်ထားတယ်လို့ ဝန်ကြီးချုပ် ကီရှီဒါဖူမီအိုက ပြောပါတယ်။
 
ပြည်ပနိုင်ငံသားတွေအားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်ထားတဲ့ အစဥ်အမံကို ဂျပန်အစိုးရဟာ နိုဝင်ဘာ ၃၀ ရက်မှာ ချတင်စမှတ်ခဲ့ပြီး အဲဒီအစီအမံကို ကနဦးမှာ တလသတ်မှတ်ခဲ့ပါတယ်။
 
လက်ရှိမှာတော့ အဲဒီအစီအမံတွေကို သက်တမ်းတိုးဖို့ စီစဥ်နေပြီး အိုမီခရွန်ဗိုင်းရပ်စ်ကြောင်ံ့ ဂျီ ၇ နိုင်ငံတွေအပေါ်မှာ တင်းပြ်တဲ့ အစီအမံတွေချမှတ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဆိုပါတယ်။
 
နယ်စပ်တွေထိန်းချုပ်ပြီး ပြည်ပနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်တာတွေကို လာမယ့်နှစ်အစောပိုင်းထိ သက်တမ်းတိုး သွားမှာဖြစ်ပြီး ထပ်ပြီးတော့လည်း သက်တမ်းတိုးသွားဖွယ် ရှိနေပါတယ်။
 
Ref:NHK
Photo:Kyodo
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW