အိုမီခရွန်ကြောင့် ပြင်းထန်နာမကျန်းမှုကို ထပ်ဆောင်းကာကွယ်ဆေးက ၈၅ ရာခိုင်နူန်း လျှော့ချနိုင်

လန်ဒန်၊ ဒီဇင်ဘာ-၁၈-၂၀၂၁
မျိုးဆက်(VOM)
 
ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှံမှုဟာ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ပြင်းထန်သော နာမကျန်းဖြစ်ခြင်းကို ၈၅ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်လို့ ဗြိတိန်သုတေသီတွေက ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုဟာ ယခင်ဗိုင်းရပ်စ်တွေကိုကာကွယ်နိုင်တဲ့ အာနိသင်ထက် အိုမီခရွန်ဗိုင်းရပ်စ်ကို ခုခံရာမှာ လျော့နည်းကြောင်း လန်ဒန်အင်ပီရီရယ်ကောလိပ်မှ သုတေသီတွေက ပြောပါတယ်။
 
ဒါကြောင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပါက ဗိုင်းရပ်စ်ကြောင့် ပြင်းထန်သောနာမကျန်းဖြစ်တာကို ပိုမိုကာကွယ်နိုင်ပြီး ဆေးရုံတက်ရတဲ့နှုန်း ကျဆင်းနိုင်ကြောင်း သုတေသီတွေကပြောပါတယ်။
 
ဒါပေမယ့် အဲဒီတွေ့ရှိမှုဟာ အိုမီခရွန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အကန့်အသတ်ရှိတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီး သုတေသီများက လေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။
 
လျှင်မြန်စွာကူးစက်နေတဲ့ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်အကြောင်းကို လက်တွေ့ကမ္ဘာမှအချက်အလက်တွေကို ပိုမိုစုဆောင်းမရရှိမီအချိန်ထိ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးမသေချာမရေရာမှုတွေ ရှိနေဆဲဖြစ်ကြောင်း သုတေသီများက ပြောပါတယ်။
 
Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW