မူဆယ်မှာ သေနတ်နဲ့ပစ်ပြီး ငွေလုယက်၊ အမျိုးသမီးတယောက်ဒဏ်ရာရ

ဒီဇင်ဘာ ၂၁-၂၀၂၁
GH ( VOM)
 
မူဆယ်မြို့လယ်ခေါင်မှာ ငွေလဲနေသူတွေဆီကနေ ငွေထုတ်လုယက်ခဲ့တဲ့အပြင် သေနတ်နဲ့ပါပစ်ခဲ့လို့ အမျိုးသမီးတယောက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဒီဇင်ဘာ၂၀ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
” မနေ့ကည ၇ နာရီလောက်ဖြစ်မယ် ၊ ငွေလဲလုပ်နေတဲ့သူဆီက လုကြတာ။ သေနတ်နဲ့လည်းပစ်တယ် ဒဏ်ရာရတယ်တော့ကြားတယ်။လက်နက်ကိုင်တဖွဲ့ကလို့တော့ကြားတယ် ဘယ်သူတွေဆိုတာတော့မသိဘူး။ ” လို့ မူဆယ်ဒေသခံတဦးကပြောပါတယ်။
 
ပိုက်ဆံလုယက်ခဲ့သူတွေဟာ ကားနဲ့ လာရောက်ပြီး သေနတ်နဲ့ပစ်ခတ်ကာ ငွေတွေလုယူခဲ့ကြောင်း၊ လုယက်ခံရတဲ့ ငွေပမာဏကိုတော့ အတိအကျ မသိရဘူးလို့ပြောပါတယ်။
 
လက်ရှိမှာတော့ သေနတ်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီိးကို မနေ့ကတည်းက ဆေးရုံကိုပို့ဆောင်ပေးထားကြောင်းနဲ့ ဒဏ်ရာကတော့ စိုးရိမ်စရာ မရှိဘူးလို့သိရပါတယ်။
 
အခင်းဖြစ်ပွားပြီးနောက်မှာ မူဆယ်မြို့ရဲတပ်ဖွဲ့အပါအဝင်တာဝန်ရှိသူတွေက လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် လက်ရှိအထိတော့ငွေလုယက်သူတွေကိုဖမ်းဆီးရမိကြောင်းမကြားမိသေးဘူးလို့သိရပါတယ်။
 
#voiceofmyanmar #VOM #မူဆယ#လုယက်ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW