မြန်မာဒုက္ခသည်တွေကို အရေးပေါ်လက်ခံဖို့ ထိုင်းကို UNHCR တောင်းဆို

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂၁-၂၀၂၁
မျိုးဆက်(VOM)
 
ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည် ၃၀၀၀ ကျော်ကို အရေးပေါ်လက်ခံဖို့ ထိုင်းနိုင်ငံကို ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဒီဇင်ဘာ ၂၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
 
မြန်မာစစ်တပ်နဲ့ ကေအင်န်ယူအဖွဲ့တို့ကြား တိုက်ပွဲတွေဟာ ထိုင်းနယ်စပ်နဲ့မဝေးတဲ့ မြန်မာဘက်ခြမ်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ဖြစ်ပွားနေပါတယ်။
 
လက်နက်ငယ်တွေ၊ အမြောက်တွေနဲ့ပစ်ခတ်မှုကြောင့် မြန်မာဒုက္ခသည် ၇၀၀ ဟာ ဒီဇင်ဘာ ၁၆ ရက်မှာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲကို ၀င်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်မှာတော့ ဒုက္ခသည် ၃၉၀၀ ကျော်ထိ တိုးမြင့်လာတယ်လို့ UNHCR ကဆိုပါတယ်။
 
မြန်မာဒုက္ခသည်တွေရဲ့ စားသောက်နေထိုင်ရေးနဲ့ပတ်သက်ပြီး UNHCR က စိုးရိမ်နေပြီး အကူအညီတွေနဲ့အတူ ထိုင်းအာဏာပိုင်တွေကို ချဉ်းကပ်ပြောဆိုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
UNHCR နဲ့ NGOs တွေဟာ ဒုက္ခသည်တွေဆီကို လူသားချင်းစာနာထောက်ထားမှုနဲ့ အကာအကွယ်ပေးရေးအကူအညီတွေ အရေးပေါ်ရောက်ရှိဖို့အတွက် ထိုင်းအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
 
တိုက်ပွဲတွေရပ်တန့်သွားပြီးနောက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရဲ့နေရာနှစ်ခုမှာ မြန်မာဒုက္ခသည် ၃၅၀၀ ခန့်ကျန်ရှိနေသေးတယ်လို့ ခရိုင်အာဏာပိုင်တွေကပြောပါတယ်။
 
Ref: Mail Online
Photo: AFP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW