တောင်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက် ၈ ခုက ကျူးကျော်တွေဖျက်သိမ်းပေးဖို့ အမိန့်စာထုတ်

ရန်ကုန်၊ဒီဇင်ဘာ ၂၂-၂၀၂၁
KK(VOM)
 
ရန်ကုန်​မြို့၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက် ၈ ခုက ကျူးကျော်နေအိမ်တွေကို ၇ ရက်အတွင်း အပြီးဖျက်သိမ်းပြောင်းရွှေပေးဖို့ မြို့နယ်စည်ပင်က မနေ့ဒီဇင်ဘာ ၂၁ရက်မှာ စာပေးပို့ခဲ့တယ်လို့ ကျူးကျော်နေသူတွေဆီက သိရပါတယ်။
 
တောင်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက် ၄၊၅၊၇၊၁၀၊၁၁၊၁၂၊၁၃၊၁၄ အစရှိတဲ့ရပ်ကွက်တွေက ကျူးကျော်နေထိုင်သူအားလုံးကို မနေ့က မြို့နယ်စည်ပင်က စာပေးပို့ခဲ့တာဖြစ်တယ်လို့ ၁၄ ရပ်ကွက်ကျူးကျော်နေသူတဦးကပြောပါတယ်။
 
“လက်တလော ဘာလုပ်ရမှန်းမသိဘူး၊ စာကလည်းဒီဇင်ဘာ၂၇ နောက်ဆုံးဆိုတော့ တပတ်ပဲအချိန်ရ
မှာ အိမ်ရှာရမှာပဲ”လို့ သူကပြောပါတယ်။
 
မြို့နယ်စည်ပင်က စာမပေးပို့မီ အောက်တိုဘာ ၂၃ ရက်ကလည်း အဆိုပါ ရပ်ကွက် ၈ ခုကကျူးကျော်နေထိုင်သူတွေကို မြို့နယ်ထွေအုပ်ကလည်း စာပေးပို့ခဲ့တာရှိတယ်လို့ ၁၂ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“ရှေ့လက ထွေ/အုပ်က စာပို့ထားသေးတယ် ဖျက်ပေးဖို့ ထပ်မဆောက်ဖို့၊ စည်ပင်က ဒုတိယအကြိမ် ထပ်ပို့တာ ၇ ရက်အတွင်း ဖျက်ပေးဖို”လို့ သူကပြောပါတယ်။
 
တောင်ဥက္ကလာမြို့နယ်အတွင်းရှိ အချို့ကျူးကျော်တွေဟာ ဝယ်ယူထားတဲ့မြေကွက်တွေအတွင်း ဝင်ရောက်ကျူးကျော်နေထိုင်မှုကြောင့် အခုလိုပြသာနာတွေ ဖြစ်လာတယ်လို့ မြို့ခံတဦးက သုံးသပ်ပြောဆိုပါတယ်။
 
ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့လပိုင်းက စတင်ကာ မြို့နယ်အချို့က ကျူးကျော်နေအိမ်တွေနဲ့လမ်းဘေးဝဲယာက ဆိုင်တွေကို ဖျက်သိမ်းခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #တောင်ဥက္ကလာ #ကျူးကျော် #အပြီးဖျက်ဖို့စာထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW