ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ လူ ၁၃ သန်းနေထိုင်တဲ့ တရုတ်နိုင်ငံ ရှီအန်မြို့ကို လော့ခ်ဒေါင်းချ

ပေကျင်း၊ ဒီဇင်ဘာ-၂၃-၂၀၂၁
မျိုးဆက်(VOM)
 
တရုတ်နိုင်ငံရှိ လူဦးရေ ၁၃ သန်းကျော်နေထိုင်တဲ့ ရှီအန်မြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားနေတာကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် အာဏာပိုင်တွေက လော့ခ်ဒေါင်းချလိုက်ပါတယ်။
 
နိုင်ငံမြောက်ပိုင်းရှိ အဲဒီမြို့မှာ ဒီဇင်ဘာ ၉ ရက်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၃ ဦးထိရှိနေပါတယ်။
 
လက်ရှိထုတ်ပြန်လိုက်တဲ့အမိန့်အရ မရှိမဖြစ်ကုန်ပစ္စည်းတွေ၀ယ်ယူဖို့ တစ်အိမ်တစ်ယောက် နှစ်ရက်တစ်ကြိမ်သာ ပြင်ပသို့သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။
 
ထုတ်ပြန်ထားတဲ့အမိန့်တွေဟာ ဒီဇင်ဘာ ၂၃ ရက်ညပိုင်းမှာ စတင်သက်၀င်မှာဖြစ်ပြီး ဒေသခံတွေအနေနဲ့ အာဏာပိုင်တွေရဲ့ခွင့်ပြုချက်မရရင် မြို့ကနေထွက်ခွင့်မရဘဲ အမိန့်ကတော့ ဘယ်လောက်ကြာမယ်ဆိုတာ မသိရသေးပါဘူး။
 
တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရာမှာ အစုလိုက်အပြုံလိုက် စစ်ဆေးခြင်းနဲ့ လော့ခ်ဒေါင်းချတဲ့နည်းဗျူဟာကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေပါတယ်။
 
ဖေဖော်ဝါရီလမှာ ၂၀၂၂ ခုနှစ်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်နေတဲ့အတွက် တရုတ်နိုင်ငံဟာကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အမြင့်ဆုံးတပ်လှန်ထားပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW