ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို ထောင်ဒဏ် လေးနှစ်ချမှတ်

ဒီဇင်ဘာ ၂၃၊၂၀၂၁
KK(VOM)
 
ပြည်သူ့လွှတ်တော်ဒုဥက္ကဌဦးထွန်းထွန်းဟိန်ကို မနေ့ ဒီဇင်ဘာ ၂၂ရက်က နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)(ခ)တွေနဲ့ ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
 
ဦးထွန်းထွန်းဟိန်ကို လားရှိုးအကျဥ်းထောင်အတွင်းက အထူးတရားရုံးကနေ မနေ့မနက်ပိုင်းက အလုပ်နဲ့ထောင်ဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ NLD ပါတီဝင်တဦးက ပြောပါတယ်။
 
“ဖေဖော်ဝါရီလက ထုတ်ပြန်ချက်နှစ်စောင်နဲ့ပါတ်သတ်ပြီး လူထုအုံကြွအောင်လှုံ့ဆော်တာ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်တာဆိုပြီး စွပ်စွဲချက်နဲ့ တရားစွဲတာပါ”လို့ပြောပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၁၃ ရက်ကထုတ်ပြန်ခဲတဲ့ ကြေညာချက်နှစ်စောင်နဲ့ ပါတ်သတ်ပြီး စစ်တပ်မှ ပုဒ်မ ၅၀၅(က)(ခ)တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။
 
ဦးထွန်းထွန်ဟိန်ကို ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ကဖမ်းဆီးခဲ့ပြီး နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်နဲ့ ထားခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းမှာပြန်လည်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ ဦးထွန်းထွန်းဟိန်ဟာ၁၉၉၀၊၂၀၁၅၊၂၀၂၀ အစရှိတဲ့ရွေးကောက်ပွဲတွေမှာ သုံးကြိမ်တိုင်အနိုင်ရရှိထားသူဖြစ် ပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာကို မကွေးထောင်အတွင်း အထူးတရားရုံးမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင် ဥပဒေပုဒ်မ ၂၅ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဦးထွန်းထွန်းဟိန်

Related posts

Leave a Comment

VOM News

FREE
VIEW