အမေရိကန်နဲ့ ပြင်သစ်မှာ ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်နေ

၀ါရှင်တန်၊ ဒီဇင်ဘာ-၂၉-၂၀၂၁
မျိုးဆက်(VOM)
 
ကမ္ဘာတ၀န်းမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေချိန်မှာ အမေရိကန်နဲ့ ပြင်သစ်တို့မှာ ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်နေပါတယ်။
 
အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတွင်းမှာ ဒီဇင်ဘာ ၂၇ ရက်က ကူးစက်မှု လေးသိန်းလေးသောင်းကျော်ထိ ရှိခဲ့တယ်လို့ဆိုပါတယ်။
 
ဒါပေမယ့်လည်း ခရစ်စမတ်ကာလအတွင်း ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အစီရင်ခံမှုတွေနှောင့်နှေးတာကြောင့် အခုလိုကိန်းဂဏန်းအရေအတွက် များစွာခန့်မှန်းမိနိုင်တယ်လို့လည်း တာ၀န်ရှိသူတွေကပြောပါတယ်။
 
ပြင်သစ်နိုင်ငံမှာလည်း ကူးစက်မှုမြင့်တက်နေပြီး ဥရောပဒေသမှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်မှာ ၁၇၉၈၀၇ ဦးထိရှိခဲ့တယ်လို့ ပြင်သစ်ကျန်းမာရေး၀န်ကြီးကပြောပါတယ်။
 
ဒါ့အပြင် အီတလီ၊ ဂရိ၊ ပေါ်တူဂီနဲ့ အင်္ဂလန်တို့မှာလည်း ကူးစက်မှုအမြင့်ဆုံးအခြေအနေမှာရှိနေပါတယ်။
 
အိုမီခရွန်ဗိုင်းရပ်စ်ဟာ ဒယ်လ်တာဗိုင်းရပ်စ်ထက် ပိုမိုပျော့ပြောင်းပြီး ကူးစက်ခံရသူတွေ ဆေးရုံတက်ရမှုမှာ ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ နည်းပါးပါတယ်။ ဒါပေမယ့် ဥရောပတ၀န်းမှာ ကူးစက်မှုတွေမြင့်တက်လာပါက ကျန်းမာရေးစနစ်ပြိုလဲသွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။
 
ဒီဇင်ဘာ ၂၆ ရက်မတိုင်မီသီတင်းပတ်အတွင်း ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်မှု ၅၇ ရာခိုင်နှုန်းနဲ့ အမေရိကဒေသမှာ ၃၀ ရာခိုင်နှုန်းတိုးလာကြောင်း ဒီဇင်ဘာ ၂၈ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW