သရုပ်ဆောင်ပြေတီဦး၊အိန္ဒြာကျော်ဇင်နဲ့ အဆိုတော် ပိုပို၊ စောဖိုးခွားတို့ကို ထောင်ဒဏ်အသီးသီးချမှတ်

ဒီဇင်ဘာ ၃၀၊၂၀၂၁
KK(VOM)
 
ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး၊အိန္ဒြာကျော်ဇင်နဲ့အဆိုတော် စောဖိုးခွား၊ပိုပို တို့ကို ဒီကနေ့ နေ့လယ်ပိုင်း အင်းစိန်အထူးတရားရုံးကနေ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။
 
ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကို ဒီကနေ့ နေ့လယ်ပိုင်း အင်းစိန်အကျဥ်းထောင်ကနေ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တယ်လို့ တရားလွတ်တော်ရှေ့နေတဦးကပြောပါတယ်။
 
အဆိုတော်စောဖိုးခွားနဲ့ပိုပိုတို့ကိုလည်း ပုဒ်မ ၅၀၅
(က)နဲ့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထောင်ဒဏ်သုံး နှစ်ချမှတ်ခဲ့တယ်လို့ သူကပြောပါတယ်။
 
ဗြူးတီးဘလော့ဂါ ၀င်းမင်းသန်း ကိုလည်း ပုဒ်မ ၅၀
၅ (က)၊မတရားအသင်းအက်ဥပဒေ ၁၇(၁)နဲ့ အမှုနှစ်ခုလုံးအတွက် ဒီကနေ့ အင်းစိန်အကျဥ်းထောင်မှာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တယ်လို့ ရှေ့နေတဦးကပြောပါတယ်။
 
ဒီကနေ့မနက်ပိုင်းကလည်း ရုပ်ရှင်သရုပ်ဆောင်လူမင်းနဲ့ရဲတိုက်ကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှာပဲ့ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ်စီချမှတ်ခဲ့ပါသေးတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှာ သရုပ်ဆောင်ပိုင်တံခွန်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ပြေတီဦး #အိန္ဒြာကျော်ဇင် #ပိုပို #စောဖိုးခွား #ထောင်ဒဏ်ချမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW