ကာတွန်း-မိုးသွင် #voiceofmyanmar #VOM #လက်မည်းကြီး #ကာတွန်းမိုးသွင်
Read MoreYear: 2021
ဒေါ်အောင်ဆန်းစုကြည်တို့အမှု စီရင်ချက်မချဖြစ်သေး
နေပြည်တော်-နိုဝင်ဘာ ၃၀-၂၀၂၁ KT(VOM) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင်၊ ဦးမျိုးအောင်တို့ကို စွဲဆိုထားတဲ့ ၅၀၅-ခ အမှုကို ဒီကနေ့ စီရင်ချက်ချမယ်လို့ အများကယူဆနေကြပေမယ့် အမိန့်မချဖြစ်သေးကြောင်း နေပြည်တော် ကောင်စီဝင်းအတွင်း အထူးတရားရုံးနားမှာစောင့်နေသူတွေက ပြောပါတယ်။ ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ တွေ့ရတဲ့ အမည်မဖော်လိုသူရှေ့နေတဦးကတော့ “ဒီနေ့အမေကိုအမိန်ချမယ်လို့တော့ကြားပါတယ် ၅၀၅-ခ ဆိုတော့အမြင့်ဆုံးပြစ်ဒဏ်ကသုံးနှစ်ပေါ့ အမိန့်ချပြီးရင် ထောင်ကျအကျဥ်းသားဖြစ်သွားပြီ၊ အမေ့အမှုတွေက တပတ်လုံးဆိုတော့ ရုံးထုတ်ရင် ထောင်ဝတ်စုံဝတ်ရမယ်၊ခြေကျင်းခတ်ရမယ်၊ ကျမတို့တွေကမြင်ခွင့်မရတော့ မသိနိုင်ဘူးလေ အဆင်ပြေမှာမဟုတ်ဘူး၊ အမှုတွေအားလုံးစစ်ဆေးပြီးမှ တပေါင်းတည်း ဘယ်အမှုကဘယ်လောက်ဆိုတာမျိုး ချလိမ့်မယ်ထင်ပါတယ်၊ မခန့်မှန်းတတ်ပါဘူး တရားရုံးရဲ့သဘောဖြစ်လိမ့်မယ်ထင်ပါတယ်”လို့ ပြောပါတယ်။ လတ်တလောအခြေအနေမှာတော့ တရားရုံးပတ်ဝန်းကျင်မှာ လုံခြုံရေးထူထူထပ်ထပ်ချထားပြီး လမ်းတခြမ်းပိတ်ထားတာတွေ့ရပါတယ်။ နိုင်ငံရေးအကဲခတ်တွေကလည်း အခြေအနေကို စောင့်ကြည့်လေ့လာနေကြပါတယ်။ နောက်ရုံးချိန်းကို ဒီဇင်ဘာ၆ ရက်နေ့ ပြန်ချိန်းလိုက်တယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု
Read Moreပင်လည်ဘူးမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌအပါအဝင် လူ ၂ ဦးသေ
နိုဝင်ဘာ ၊ ၃၀ -၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့ ၊ မြို့မပိုင်းထဲက လက်ဘက်ရည်ဆိုင်ထဲမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီ ပစ်ခတ်မှုကြောင့် လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ပင်လည်ဘူး ပြည်ခိုင်ဖြိုးမြို့နယ်ဥက္ကဌ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)နဲ့ အခြားလူ ၁ ယောက်သေဆုံးခဲ့တယ်လို့ ပင်လည်ဘူးမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီလောက်မှာ လက်ဘက်ရည်ဆိုင်ထဲကို သေနတ်သမားက ဝင်ပြီးပစ်သွားတာ ၊ ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးဝင်းသိန်းနဲ့ ဦးညိုသန်းတို့ ၂ ယောက် ကျည်ဆံထိမှန်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုနဲ့ ချိန်ကိုက်ပဲ ပြည်ခိုင်ဖြိုးဥက္ကဌ ဦးဝင်းသိန်းရဲ့ အိမ်ဘက်မှာ ပေါက်ကွဲသံ ကြားရတယ် ၊ ထိခိုက်ပျက်စီးမှု အခြေအနေက မသိရသေးဘူး ၊…
Read Moreအိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ် ကမ္ဘာလုံးဆိုင်ရာကူးစက်မှုမြင့်မားနိုင်တယ်လို့ WHO သတိပေး
ဂျီနီဗာ၊ နို၀င်ဘာ-၃၀-၂၀၂၁ မျိုးဆက်(VOM) အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုအန္တရာယ်မြင့်မားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ အချို့သောဒေသတွေမှာ ပြင်းထန်တဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ WHO ကဆိုပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးတွေထိုးနှံနိုင်ရေး ကမ္ဘာ့နိုင်ငံတွေက တွန်းအားပေးလုပ်ဆောင်ကြဖို့ WHO အကြီးအကဲတက်ဒရို့စ်က တိုက်တွန်းလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ မိမိတို့လူသားတွေအကြား ရေစက်မကုန်သေးဘူးလို့ သူကသတိပေးထားပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ယခုလအစောပိုင်းတွင် တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ကနဦးအထောက်အထားတွေအရ ပြန်လည်ကူးစက်နိုင်ခြေမြင့်မားတယ်လို့ ဆိုပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်ဟာ မကြုံစဖူးမျိုးရိုးဗီဇပြောင်းလဲမှုတွေရှိနေပြီး ကပ်ရောဂါဖြစ်ပွားမှုအပေါ် အလားအလာရှိတဲ့ သက်ရောက်မှုတွေအတွက် စိုးရိမ်စရာကောင်းတယ်လို့ WHO ကပြောပါတယ်။ ကမ္ဘာတ၀န်းရှိသိပ္ပံပညာရှင်တွေဟာ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ ကူးစက်နိုင်ခြေမြင့်မားခြင်း၊ ပြန်လည်ကူးစက်နိုင်ခြေနဲ့ ကာကွယ်ဆေးတွေအပေါ်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာတွေကို ရှာဖွေဖော်ထုတ်ဖို့ လုပ်ဆောင်နေကြတယ်လို့ WHO အကြီးအကဲက ပြောဆိုပါတယ်။ …
Read Moreအိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ဟာ အရင်အမျိုးအစားတွေထက် ကူးစက်မြန်တာမို့ ဘာတွေသတိထားကြမလဲ (အင်တာဗျူး)
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဒဏ်ထိ အလူးအလဲခံရပြီးပြီဖြစ်ပါတယ်။တချို့ကူးစက်ခံရပြီးပေမယ့် အမှတ်မရှိကြသလို တချို့က ပေါ့လျော့နေဆဲဖြစ်ပါတယ်။ ခုတခါ ကိုဗစ်၁၉ရဲ့ ဗီဇပြောင်း Omicron ဆိုတာ တချို့နိုင်ငံတွေမှာ စတင်တွေ့ရှိနေတာကြောင့် နိုင်ငံတကာမှာ ဘယ်လိုတွေကာကွယ် ကုသနေကြသလဲဆိုတာသိနိုင်ဖို့ အမေရိကန်နိုင်ငံမှာနေထိုင်ပြီး ကျန်းမာရေးပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။ VOM။ ။ အခု နောက်ဆုံး၊ ပေါ်လာတဲ့ Omicron variant နဲ့ ပတ်သက်ပြီး ကူးစက်ခံရမှု လက္ခဏာတွေ၊ ကာကွယ်မှု ကုသမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကျန်းမာရေး အသိုင်းအဝိုင်းက လုပ်ကိုင်နေတဲ့ အခြေအနေလေးတွေ အကြောင်း ဆရာသိသလောက် ဝေမျှပေးပါဆရာ။ မြန်မာနိုင်ငံမှာ ကူးစက်မှု ဖြစ်မလာအောင်၊ ဖြစ်လာခဲ့ရင်ရော ဘယ်လို ပြုမူနေထိုင်ကြရမလဲ ဆိုတာလေးပါ ပြောပြပေးပါဆရာ။ Dr Tint Swe- အွန်မီခရွန်ဟာ ကိုဗစ်ဗိုင်းရပ်စ်…
Read Moreသားသမီးတွေကို နိူင်ငံ့ဂုဏ်ဆောင်သူတွေဖြစ်စေချင်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာ
အေးချမ်းသူ(VOM) လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာ၊ ဓမ္မပါလလမ်းဘေးက ကျူး ကျော်တဲလေးအတွင်းမှာ ပစ္စည်းသိမ်းသူတွေ၊ ထုပ်ပိုးသူတွေနဲ့ မိ သားစုတွေ အလုပ်ရှုပ်လို့ နေပါတယ်။ ကားလမ်းဘေးမှာ ဆောက်ထားတဲ့ အိမ်ဖြစ်လို့ လမ်းမနဲ့တပြေးညီ မြေစိုက်အိမ်ပုံစံဆောက်လုပ်ထားပြီး အတွင်းမှာတော့ စကိတ်စီးဖိနပ်တွေ၊ တာဝေးပြေးဖိနပ်တွေ၊ ဝူးရူးအားကစားဝတ်စုံတွေနဲ့ ဝါးထရံပေါ်က နှစ်အလိုက် ဆုတံဆိပ်တွေ၊ ဒိုင်းဆုတွေက အားကစားသမားတွေ နေထိုင်တဲ့အိမ်ဆိုတာ သိသာစေပါတယ်။ ဖခင်ဖြစ်သူက စကိတ်စီးဖိနပ်တွေကို ပီနံအိတ်ထဲသေချာထည့်ကာ အသက်ဆယ်နှစ်ကျော် ကလေးငယ်ကတော့ သူ့ကိုဝိုင်းကူညီပေးနေ ပါတယ်။ အသက်ဆယ်နှစ်ဝန်းကျင် ကလေးမလေးကတော့ သူ့ရဲ့ညီမဖြစ်သူနဲ့အဝတ်အစားတွေကို သိမ်းဆည်းကာ နီးစပ်ရာမှာ စုပုံနေကြပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ကျေးရွာတွေက ကားလမ်း ဘေးဝဲယာတလျှောက်မှာရှိနေတဲ့ ကျူးကျော်တဲတွေကို ဖျက်သိ မ်းဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက အမိန့်စာထုတ်ပြန်ပြီးနောက် ကြို တင် ပြောင်းရွှေ့ဖို့ သူတို့မိသားစု စီစဉ်နေတာဖြစ်ပါတယ်။ ဓမ္မပါလလမ်းဘေးက ကျူးကျော်တဲက ပြောင်းရွှေ့ဖို့ စီစဉ်နေသူတွေကတော့ နိူင်ငံ့လက်ရွှေးစင်…
Read Moreဒေါက်တာသန်းထွန်း မန္တလေးမှာ ခေါင်းချသွားတာ ၁၆နှစ်ပြည့်ပြီ
ဆူးငှက် ကျွန်တော်က မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို ၁၉၇၅-၇၆ စာသင်နှစ်မှ ရောက်သည်။ ဒါတောင် ကံကောင်းထောက်မစွာဖြင့် တက္ကသိုလ်သို့ ပထမနှစ်ကတည်းက တက်ခွင့်ရသည့် ပညာရေးစနစ်ကို မှီလိုက်၍ဖြစ်သည်။ ကျွန်တော်တို့နောက်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးပါက မန္တလေးမြို့လယ်ခေါင် ယခင် ကဉ္စဏနှင့် နန်းကေသီ အမျိုးသမီးဆောင်များနှင့် ယခင် ဖားသားလဖုန်း (အ.ထ.က ၁၄) ကျောင်းဝင်းများနှင့် နန်းရှေ့ ယခင်ပွဲကုန်းကျောင်းနေရာများတွင် မန္တလေးတိုင်းဒေသကောလိပ်ဟု ဖွင့်လှစ်ပြီး ထိုဒေသကောလိပ်မှာ ၂ နှစ်နေပြီးမှ တက္ကသိုလ်သို့ ဆက်တက်ခွင့်ရသည်။ တက္ကသိုလ်သို့ တက်ခွင့်ရပြီဆိုကတည်းက စိတ်ထဲမှာ ချဉ်ခြင်းတက်နေတာက တက္ကသိုလ်အဝန်းအဝိုင်းနှင့် စပ်ဟပ်သက်ဆိုင်သော နေထိုင်ခြင်းအနုပညာနှင့် တက္ကသိုလ်မှ နာမည်ကျော်ဆရာကြီးများကို တွေ့မြင်လိုလှခြင်းဖြစ်သည်။ ဝတ္ထုတွေထဲက တက္ကသိုလ်သည် လွမ်းဆွတ် ဖွယ်ကောင်းလှ၏။ ဆွတ်ပျံ့ဖွယ်ကာင်းလှ၏။ ရဲရင့်တက်ကြွဖွယ်ကောင်းလှ၏။ ဂုဏ်ယူအားတက်ဖွယ်ကာင်းလှ၏။ ကိုယ့်ကိုယ်နှိုက်က စာပေအနုပညာမှာ ဝါသနာ အထုံပါခဲ့တော့ … တက္ကသိုလ်က ပညာရှင်ကြီးများထံ…
Read Moreမြန်မာနယ်စပ်အနီး အင်ဖာမြို့ထိ မီးရထားလမ်းဖောက်ဖို့ အိန္ဒိယအစိုးရစီစဉ်
ဒေလီ၊ နို၀င်ဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM) မြန်မာနယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ သာကွာဝေးတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့ထိဆက်သွယ်မယ့် မီးရထားလမ်းကို လာမည့်နှစ်နှစ်အတွင်းဖောက်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။ ဒီလိုမီးရထားလမ်းဖောက်လုပ်လိုက်မယ်ဆိုရင် မရှိမဖြစ်ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်ရေးမှာ မော်တော်ကားလမ်းကိုသာ အားထားနေရတဲ့ မဏိပူရပြည်နယ် မြို့တော်အင်ဖာအတွက် အဓိကအားထားရာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြစ်လာမှာပါ။ အာသံပြည်နယ်နယ်စပ် ဂျီရီဘမ်ကနေ ၁၁၁ ကီလိုမီတာရှည်လျားတဲ့ အဲဒီရထားလမ်း ဖောက်လုပ်ဖို့ကို အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ပေမယ့် လက်ရှိမှာတော့ လုပ်ငန်းတွေကို အလျင်အမြန် အကောင်အထည်ဖော်နေပြီးလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ မဏိပူရလူဦးရေရဲ့ ၇၀ ရာခိုင်းနှုန်းနီးပါးနေထိုင်တဲ့ မဏိပူရမြို့အတွက် ဒီရထားလမ်းဟာ လက်ရှိမှာ အရေးပါယုံမျှမက နောက်ပိုင်းမှာတော့ Trans-Asian ရထားလမ်းရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနယ်စပ်ထိပါ တိုးချဲ့ဖောက်လုပ်ဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။ ဂျီရီဘမ်-အင်ဖာ ရထားလမ်းကြောင့် မြို့နှစ်မြို့အကြားကို မော်တော်ကားနဲ့သွားရင်…
Read Moreရုရှားရဲ့ Pantsir-C1 လေကြောင်းရန်ကာကွယ်ရေးစနစ် မြန်မာကိုရောင်းချမယ်
မော်စကို၊ နို၀င်ဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM) ရုရှားနိုင်ငံဟာသူု့ရဲ့Pantsir-C1လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို မြန်မာနိုင်ငံအား ပေးပို့သွားမှာဖြစ်တယ်လို့ ရုရှားစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Dmitry Shugaev ကအတည်ပြုပြောဆိုလိုက်တယ်လို့ Urdupoint သတင်းဌာနကဖော်ပြထားပါတယ်။ အဲဒီ လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်ခုကို ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပေးပို့ဖို့ မျှော်လင့်ထားတယ်လို့ သူကဆိုပါတယ်။ အဲဒီစနစ်တွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဇန်နဝါရီလကတည်းက သဘောတူစာချုပ်ခဲ့တယ်လို့ သိရပါတယ်။ Pantsir-C1လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ KBP Instrument Design ဗျူရိုရဲ့အစိတ်အပိုင်းဖြစ်တဲ့ Shcheglovskaya Zasek ကနေထုတ်လုပ်တဲ့ မြေပြင်မှဝေဟင်ပစ် တာလတ်ပစ်ဒုံးပျံအမျိုးအစားဖြစ်ပါတယ်။ အဲဒီလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ လေယာဉ်၊ ရဟတ်ယာဉ်၊ ခရုဇ်ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ်နဲ့ လေကြောင်းမှခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ဒီဇိုင်ထုတ်လုပ်ထားတာ့ဖြစ်ပါတယ်။ Pantsir-C1 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး ရွေ့လျားနိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထဲက တခုဖြစ်ပြီး လက်ရှိချိန်ထိ အယ်လ်ဂျီးရီးယား၊ အာမေးနီးယား၊…
Read Moreပြည်ပနိုင်ငံသားအားလုံးကို ဂျပန်က ပြည်၀င်ခွင့် ပိတ်လိုက်ပြီ
တိုကျို၊ နို၀င်ဘာ-၂၉-၂၀၂၁ မျိုးဆက်(VOM) အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်မှုတွေကို စိုးရိမ်ပူပန်မှုကြောင့် ဂျပန်နိုင်ငံဟာ ပြည်ပနိုင်ငံသားတွေ အားလုံးကို ပြည်၀င်ခွင့်ပိတ်လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံတွင်းကို နိုင်ငံတကာကျောင်းသားတွေ၊ စီးပွားရေးသမားတွေနဲ့ သင်တန်းသားတွေအတွက် ဖြေလျှော့မှုတွေ လုပ်ဆောင်မယ်လို့ ကြေညာပြီးများမကြာခင်မှာ အခုလိုပြည်၀င်ခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။ အခုလိုပြည်ပနိုင်ငံသားတွေအားလုံးကို ပြည်၀င်ခွင့်ပိတ်လိုက်တာနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ကီရှီဒါဖူမီအိုက ဒီနေ့မှာကြေညာလိုက်တာဖြစ်ပါတယ်။ အရေးပေါ်အစီအမံအရ ကမ္ဘာတ၀န်းက ပြည်ပနိုင်ငံသားတွေအားလုံးကို နို၀င်ဘာ ၃၀ ရက်ကစပြီး ပြည်၀င်ခွင့်ပိတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သူကဆိုပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ အဆိုးဆုံးအခြေအနေတွေမဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့သူကဆိုပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲဟာ ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်လဲဆိုတာကို ပညာရှင်တွေက သိရှိလာချိန်ထိ အခုအစီအမံတွေကို ချမှတ်ထားမယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။ တောင်အာဖရိကနိုင်ငံမှာ နို၀င်ဘာ ၂၄ ရက်ကစတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ဘော့ဆွာနာ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်၊ အစ္စရေးတို့တွင် ကူးစက်မှုတွေရှိနေပြီး…
Read More