မတ်ပဲစျေးကွက် အတက်အကျကြမ်းနေပြီး အရောင်းအဝယ်မရှိဖြစ်နေ

အောက်တိုဘာ ၁၂-၂၀၂၁ GH ( VOM)   မတ်ပဲစျေးနူန်း အခုတပတ်ကျော်အတွင်း စျေးနူန်း အတက်အကျ ကြမ်းနေပြီး အရောင်းအဝယ်မရှိဖြစ်နေတယ်လို့ မတ်ပဲစျေးကွက်ကနေ သိရပါတယ်။   ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်လောက်မှာ မတ်ပဲစျေး တစ်တင်းကို ၇၁၀၀၀ အထိ စျေးပေါက်ခဲ့ရာကနေ မနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ မတ်ပဲတတင်းကို ၄၉၅၀၀ ကျပ်အထိ စျေးကျဆင်းခဲ့ပြီး ဒီကနေ့မှာတော့ မတ်ပဲတတင်းကို ကျပ် ၅၀၀၀၀ နဲ့ ၅၆၀၀၀ကြား စျေးပေါက်တယ်လို့ သိရပါတယ်။   ” စျေးကျသွားတာဟုတ်တယ်။ အခုစျေးကွက်က အဝယ်ပဲရှိတယ် အရောင်းမရှိဘူး။ ဒေါ်လာစျေး အတက်အကျအပေါ်မူတည်ပြီး မတ်ပဲစျေးကဖြစ်နေတာပေါ့။ အခုတော့ ဆက်တိုက်ကိုကျလာတယ်။ မနေ့ကဆို ၄၉၅၀၀ ပေါက်တယ်။ “လို့ ဟင်္သာတကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးကပြောပါတယ်။   လက်ရှိ မတ်ပဲဟာ စျေးကွက်ထဲမှာ စျေးနူန်းအတက်အကျ…

Read More

စစ်ကိုင်းတိုင်းက ကားလမ်းတွေမှာ ပေါက်ကွဲမှုတွေဖြစ်လို့ သေဆုံး၊ ဒဏ်ရာရနဲ့ ကားပျက်စီးတာတွေဖြစ်ခဲ့

အောက်တိုဘာ ၊ ၁၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်းက ကားလမ်းတွေမှာ အခုရက်ပိုင်းအတွင်း လမ်းဘေးမိုင်းတွေပေါက်ကွဲတဲ့အတွက် မိုင်းစထိမှန်ပြီး လူသေဆုံးတာ ၊ ဒဏ်ရာရတာတွေအပြင် ကားတွေ ပျက်စီးတာလည်းရှိတယ်လို့ အဲ့ဒီဖြစ်စဥ်တွေမှာ ကူညီပေးခဲ့ရတဲ့ စေတနာ့ဝန်ထမ်းတွေဆီက သိရပါတယ်။   ကားလမ်းဘေးမှာ ပေါက်ကွဲတာတွေနဲ့ ပတ်သက်ပြီး စေတနာ့ဝန်ထမ်းတယောက်က “မနေ့ ( အောက်တိုဘာ ၁၁)မနက်က ယင်းမာပင်မြို့နယ် တယ်ပင်ကန်ရွာနားက မုံရွာ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် ၁၀ / ၄ နဲ့ ၆ အကြားနေရာမှာ ပေါက်ကွဲတယ် ၊ သေဆုံးသူက အသက် ၃၃ နှစ်အရွယ် အမျိုးသား ဖြစ်တယ် ၊ ဦးခေါင်း ၊ ရင်ဘတ် ၊ လက်တွေမှာ မိုင်းစမှန်ပြီး သေဆုံးတာပါ ၊ ဒဏ်ရာရသူကတော့ အသက် ၇၀…

Read More

အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီတွေ ဒီကနေ့တွေ့ဆုံမယ့်အစီအစဉ် ပျက်

အောက်တိုဘာ ၁၂-၂၀၂၁ KT(VOM)   နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့နေ့လယ်ပိုင်း အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီ (၈)ခုတွေ့ဆုံမယ့်အစီအစဉ်ပျက်သွားတယ်လို့ သိရပါတယ်။   တက်ရောက်မယ့်ပါတီတစ်ခုက “နိုင်ငံရေးပါတီ ၈ ပါတီနဲ့အာဆီယံကိုယ်စားလှယ်တို့ UEC မှာတွေ့ဆုံဖို့စီစဥ်ထားမှုပျက်သွားတယ်လို့ UEC ကနေ တက်ရောက်ခွင့်ရတဲ့ နိုင်ငံရေးပါတီတွေကို အကြောင်းကြားတယ်လို့ သိရပါတယ်၊ ဒီနေ့တွေ့ဆုံမှုမဖြစ်ပေမယ့် မနက်ဖြန်တော့ တွေ့ဆုံမှာဖြစ်တယ်၊ ရွေးကောက်ပွဲကော်မရှင်ရုံးက အကြောင်းကြားပါတယ်”လို့ VOMကိုပြောပါတယ်။   မနက်ဖြန် အောက်တိုဘာ ၁၃ရက်မှာတော့ နိုင်ငံရေးပါတီတွေအပြင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့အဖွဲ့ဝင်တွေကိုပါ တွေ့ဆုံမှာဖြစ်ပြီး တွေ့ဆုံမယ်အချိန်ကိုတော့ ပြန်လည်အကြောင်းကြားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ ဖိတ်ကြားခံရတဲ့ ပါတီဝင်တဦးရဲ့ပြောပြချက်အရ သိရပါတယ်။   #voiceofmyanmar #VOM #အာဆီယံအထူးကိုယ်စားလှယ် #ဒီနေ့တွေ့ဆုံပွဲပျက်

Read More

လှိုင်သာယာမှာ ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမား ၄ ယောက် ထောင်တသက်လွတ်ရက်မရှိ အမိန့်ချမှတ်ခံရ

အောက်တိုဘာ ၁၂-၂၀၂၁ GH (VOM )   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၄ ယောက်ကို ထောင်တသက်လွတ်ရက်မရှိ အင်းစိန်ထောင် စစ်ခုံရုံးကနေ အမိန့်ချလိုက်တယ်လို့ အလုပ်သမားရေးဆောင်ရွက်သူဆီက သိရပါတယ်။   အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေဖြစ်တဲ့ ကိုရဲထွန်းတောက် ၊ကိုခင်မောင်ဇော်၊ မကြည်ပြာဝင်း၊ မခင်မျိုးဦးတို့ ၄ ယောက်ကို အောက်တိုဘာ ၆ ရက်နေ့က အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   “၆ရက်နေ့ကလို့ သတင်းတက်လာပါတယ်၊ သူတို့က ဆန္ဒပြပွဲမှာ အဖမ်းခံရတာမဟုတ်ဘူး။သူတို့က သမဂ္ဂခေါင်းဆောင်တွေပါ။PDFဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတာပါ၊ အခုချတဲ့အမိန့်က တစ်သက်တစ်ကျွန်းထက်ပိုပါတယ်။ “လို့ အမည်မဖော်လိုသူ အလုပ်သမားအရေးဆောင်ရွက်နေသူတဦးက ပြောပါတယ် ။   ပုဒ်မ-၁၇(၁)၊ ၁၇(၂)၊ အကြမ်းဖက်မှု၊ နိုင်ငံတော်ပုန်ကန်မှုတွေကျူးလွန်တယ်ဆိုပြီး အင်းစိန်ထောင်စစ်ခုံရုံးကနေ ထောင်တစ်သက်လွတ်ရက်မရှိ အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။   သူတို့ ၄ ယောက်ကို…

Read More

ဖမ်းခံထားရသူ ၅ ဦးက ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ရာ လူ ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ၊ ကံသာကြီးကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၀ မနက်အစောပိုင်း ၂ နာရီလောက်မှာ ရဲနဲ့ စစ်သားတွေဟာ ဖမ်းဆီးထားတဲ့ လူ ၅ ယောက်ကို ကားပေါ်ကနေ ခုန်ချထွက်ပြေးတယ်ဆိုပြီး သေနတ်နဲ့ ပစ်ခတ်လို့ လူ ၁ ယောက်သေဆုံးကာ ကျန် လူ ၄ ယောက်မှာ ကျည်ဆံထိမှန် ဒဏ်ရာတွေရခဲ့တယ်လို့ ပွင့်ဖြူမြို့ခံတွေက ပြောပါတယ်။   ” အဖမ်းခံရတဲ့ လူ ၅ ယောက်က ကံသာကြီးရွာက ကိုထက် ၊ ကိုစိုးလွင်ဦး ၊ ကိုသန်းလွင်မြင့် ၊ အောင်ချမ်းသာ ကွက်သစ်က လူ ၁ ယောက်နဲ့ စံပြရွာက ကိုခန့်စည်သူတို့ဖြစ်တယ် ၊…

Read More

ကျိုက်ထီးရိုးဘုရားတောင်တော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ အကျဉ်းချုံးပြုလုပ်မယ်

အောက်တိုဘာ ၁၁-၂၀၂၁ GH ( VOM )   ကျိုက်ထီးရိုးဘုရား တောင်တော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ အကျဉ်းချုံးပြုလုပ်သွားမှာဖြစ်တယ်လို့ ကျိုက်ထီးရိုဘုရားဂေါပကအဖွဲ့ဆီက သိရပါတယ်။   ” တောင်တော်ဖွင့်ပွဲကို အကျဉ်းချုံးလုပ်မှာပေါ့။မနှစ်ကလည်းလုပ်တယ်။ ကိုဗစ်စည်းကမ်းနဲ့အညီ လုပ်မှာပါ။ အခုလည်း ဘုရားဖူးတွေ လာပါတယ်။ တောင်တက်ကားတွေကလည်းရှိတော့ အဆင်ပြေနေတာပေါ့ ” လို့ ကျိုက်ထီးရိုဘုရားရင်ပြင်တော် တာဝန်ခံ ဦးအေးမြင့်သိန်းကပြောပါတယ်။   လာမယ့် သီတင်းကျွတ်လပြည့်နေ့ကစပြီး ကဆုန်လပြည့်နေ့ ( မေလ ၁၄ ရက်နေ့ ၂၀၂၂ ခုနှစ်)အထိ ၇ လတိုင်တိုင် ကျိုက်ထီးရိုဘုရားပွဲတော်ကို ကျင်းပသွားမှာဖြစ်တယ်လို့ ဂေါပကအဖွဲ့တာဝန်ရှိသူကပြောပါတယ်။   လက်ရှိမှာလည်း ကျိုက်ထီးရိုးဘုရားကို နေ့စဉ်လာရောက်တဲ့ခရီးသွားတွေရှိကြောင်း၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေကိုလည်း စနစ်တကျ ရောင်းချခွင့်ပြုထားတယ်လို့သိရပါတယ်။   ဒါပေမယ့် ရင်ပြင်တော်ပေါ်မှာ စျေးရောင်းချခွင့်ကိုတော့ တားမြစ်ထားပြိး အသိပေးစာတွေလည်းကပ်ထားတယ်လို့ သိရပါတယ်။  …

Read More

အိန္ဒိယနိုင်ငံရောက် မြန်မာယက္ကန်းလုပ်သား ၆၀ ကျော် အိန္ဒယမှတ်ပုံတင်အတုကိုင်ဆောင်မှုနဲ့ ဖမ်းခံထားရ

အောက်တိုဘာ ၊ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ ချန်ဒဲလ်ခရိုင် ၊ မိုးရေးမြို့ရဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဂိတ်မှာ မြန်မာလုပ်သား ၂၀ ကျော်ကို နိုင်ငံသားမှတ်ပုံတင်အတု ကိုင်ဆောင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယလူမှုဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ မြန်မာလုပ်သားအရေးကို စောင့်ကြည့်နေတဲ့ တမူးမြို့ခံတွေက ပြောပါတယ်။   ဖမ်းခံထားရတဲ့ မြန်မာလုပ်သား ၂၀ ကျော်ဟာ မုံရွာမြို့နယ်ဘက်က ယက္ကန်းလုပ်သား လူငယ် ၂၅ ယောက်နဲ့ မှီခိုသူ ကလေး ၃ ယောက် အားလုံး ၂၈ ယောက်ဖြစ်ပြီး မဏိပူရ်ပြည်နယ်ထဲကို ယက္ကန်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခုလ ၆ ရက်မှာ မြန်မာ-အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကို ရောက်နေချိန် အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။  …

Read More

ကြံခင်းမှာ လက်နက်တွေမိတဲ့ကိစ္စ နစကရဲ့ဖြေရှင်းချက်

နေပြည်တော်၊ အောက်တိုဘာ ၁၁-၂၀၂၁ KT(VOM)   -ကြံခင်းမြို့မှာ အခုရက်ပိုင်းအတွင်း လက်နက်တွေဖမ်းဆီးရမိတဲ့ကိစ္စနဲ့ပတ်သက်ပြီး နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်းကို အခုလို ပြောထားပါတယ်။   “အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကြံခင်းမြို့ထဲမှာ KNU တပ်မ ၆ နယ်မြေမှ သင်တန်းဆင်းလာတဲ့ PDF တစ်ယောက်ရောက်နေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းရလို့ သွားရောက်ဖမ်းဆီးတဲ့အခါမှာ PDF တစ်ယောက်ကိုမိပါတယ်၊ .စစ်ဆေးတဲ့အခါမှာ(သူကတော့ ကြံခင်းမြို့မှာနေသူမဟုတ်ပါဘူး..လှိုင်သာယာကလို့သိရပါတယ်)သူကိုစစ်ဆေးတဲ့အခါမှာ ကြံခင်းအနီးဝန်းကျင်က ရွာတစ်ရွာအနီးမှာ လက်နက်ခဲယမ်းတွေဖွက်ထားတယ်ဆိုတဲ့သတင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်၊နောက်ဆက်တွဲ ဆက်လက်စုံစမ်းပါတယ်၊ အဲဒီမှာလက်နက်တွေဖြစ်တဲ့ MK 12 မောင်းပြန်ရိုင်ဖယ် ၁၁ လက်၊ M 22 မောင်းပြန်ရိုင်ဖယ် ၈ လက်၊M 16 မောင်းပြန်ရိုင်ဖယ် ၃၀ လက်၊ကျည်အိမ် ၄၀ ကျော်၊ကျည်မျိုးစုံ ၂၀၀၀ ကျော်နဲ့ရှေ့ထွက်မိုင်း ၂ လုံး၊နင်းမိုင်းတွေ၊စနစ်တံတွေ၊ချိန်ကိုက်နာရီတွေသိမ်းဆည်းရမိတယ်လို့”ပြောပါတယ်။  …

Read More

ခရီးသည် ၁ ​ယောက်ကို ကားခ ၅ သိန်းနီးပါး တောင်းတဲ့ကားသမားကို လောက်ကိုင်ရဲကဖမ်း

အောက်တိုဘာ ၊ ၁၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ဖြတ်တောက်တဲ့အနေနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေကိုတာ စီစစ်ခွင့်ပြုထားပြီး ခရီးသွားလုပ်ငန်းတွေကို တင်းကြပ်စွာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။   အဲ့ဒီလို တင်းကြပ်ထားတဲ့ကာလမှာ ကားသမားတွေဟာ ခရီးသည်တွေဆီကနေ ကားခ ၄ သိန်းကနေ ၅ သိန်းအထိ အဆမတန် တောင်းယူပြီး ခရီးသည်တွေကို လောက်ကိုင်မြို့ထဲ သွင်းခဲ့တာကို လောက်ကိုင်ရဲကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။   ” ကိုဗစ်ရောဂါကြောင့် လောက်ကိုင်မှာ လူဝင်လူထွက် တင်းကြပ်ထားတာပါ ၊ အဲ့ဒီ အခြေအနေကို ကားသမားတွေက အခွင့်ကောင်းယူပြီး ခရီးသည်တွေဆီကနေ ကားခတွေ အဆမတန်တောင်းယူတယ် ၊ နောက်ပြီး ခရီးသည်တွေကို ကုန်ပစ္စည်းတွေကြားမှာ ဝှက်ပြီး မိုးကာအုပ်လို့ ကိုဗစ်စစ်ဆေးရေးဂိတ်ကို…

Read More

တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနှစ်သန်းနီးပါး ရေဘေးသင့်နေ

ပေကျင်း၊ အောက်တိုဘာ-၁၁-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်မှာဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း နှစ်သန်းနီးပါး ရေဘေးသင့်နေတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။   ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် အဲဒီပြည်နယ်ရှိ ခရိုင်နဲ့မြို့ ၇၀ ကျော်မှာ နေအိမ်ပြိုကျမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ပွားနေပါတယ်။   လက်ရှိအချိန်ထိ မိုးသည်းထန်စွာရွာသွန်းမှုတွေက ကယ်ဆယ်ရေးအားထုတ်မှုတွေ အဟန့်အတားဖြစ်နေပါတယ်။   ရေဘေးကြောင့် လူ တစ်သိန်းနှစ်သောင်းကျော်ကို အရေးပေါ်ရွှေ့ပြောင်း ကယ်ဆယ်နေရာချထားရပြီး ပြည်နယ်အတွင်းမှာ နေအိမ် ၁၇၀၀၀ ကျော်ပြိုကျခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။   အခြားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး အချက်အလက်ထုတ်ပြန်ခြင်းမရှိပေမယ့် မြေပြိုမှုတစ်ခုကြောင့် ရဲတပ်ဖွဲ့၀င်လေးဦးသေဆုံးသွားတယ်လို့ ဂလိုဘယ်တိုင်းမ်သတင်းသတင်းဌာနကလည်း ဖော်ပြထားပါတယ်။   ရှန်ဇီပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရေဘေးဟာ ယခုနှစ်အစောပိုင်းက ဟီနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာထက် ပိုမိုဆိုးရွားဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။   Ref : BBC…

Read More
VOM News

FREE
VIEW