အောင်မြေ

————– ဆူးငှက် မန္တလေး အိမ်တော်ရာဘုရား ပရိဝုဏ်၏ ရာဟုထောင့်တွင် နာမည်ကျော် ၁၄ ခန်းဇရပ်ကြီးရှိသည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ သစ်သားတိုင်များဖြင့် ကြီးမား ခံ့ထည် ကျယ်ဝန်းလှသော ဇရပ်ကြီးဖြစ်သည်။ ၁၄ ခန်း ဇရပ်ကြီးထဲမှာ နာမည်ကျော် ပန်းချီဆရာကြီး ဦးချစ်မြဲ၏ နိပတ်တော် ပန်းချီကားများ ရှိသည်။ မူလ ၁၄ ခန်း ဇရပ်ကြီးမှာ ကိုတာမီးကြီးတုန်းက မီးသင့်သွားသဖြင့် မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ရွှေကုန်သည်ကျောင်းအမကြီး ဒေါ်စိုး၊ သမီး ကြည်ကြည်၊ သမီး တင်တင်ဦးတို့က ပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့သည်ဟု မှတ်သားရသည်။ ၁၄ ခန်း ဇရပ်ကြီးမှာ မြန်မာ့နိုင်ငံရေးသမိုင်းမျက်နှာစာတွင် မန္တလေး အခန်းကဏ္ဍ၌ အောင်မြေအဖြစ် အထင်အရှား တည်ရှိခဲ့သော ဘူမိနက်သန်ဖြစ်သည်။ နိုင်ငံရေးသာမက ဘာသာရေး၊ သာသနာရေး ကဏ္ဍများတွင်လည်း ဘူမိနက်သန် ဖြစ်ခဲ့၏။…

Read More
VOM News

FREE
VIEW