ကိုယ့်မြို့ ကိုယ့်သမိုင်း

——————————— ဆူးငှက် ၁၉၃၈ ခု ဒီဇင်ဘာ ၃၁ ရက် (၁၃၀၀ပြည့် ပြာသိုလဆန်း ၁၀) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နယ်မြေရှိ ဗုဒ္ဓံသရဏံပန်းပွင့် နီရဲရဲများကြား ကျောင်းသားသမဂ္ဂ အစည်းအဝေးမှ ပြဋ္ဌာန်းခဲ့သော အမျိုးသားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ထောက်ခံသောအားဖြင့် ၁၉၃၉ ခုနှစ်ဆန်း ဖေဖော်ဝါရီ ၉ ရက် (၁၃၀၀ပြည့် တပို့တွဲလပြည့်ကျော် ၆ ရက်)နေ့တွင် မန္တလေးမြို့ မဟာလောကရံသီ အိမ်တော်ရာစေတီတော် ပရိဝုဏ်အတွင်း (၁၄) ခန်းဇရပ်ကြီး၌ ရဟန်းရှင်လူ ကျောင်းသား မြို့လူထုပရိသတ်နှစ်သောင်းကျော်စုစည်းကာ နယ်ချဲ့အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာစီတန်းလှည့်လည် တုံ့ပြန်ခဲ့ကြသည်။ ၁၄ ခန်းဇရပ်ကြီး၌ နံနက် ၁၁ နာရီတွင် စတင်စုဝေးကြပြီး မွန်းလွဲ ၂ နာရီအချိန်၌ မြောက်ဘက် ၂၆ဘီလမ်းအတိုင်း အရှေ့ ပုလိပ်ရုံး (ယခုစည်ပင်သာယာရုံး) သို့ ဦးတည်ခဲ့ရာ ရိုးကုမ္ပဏီတိုက်ရှေ့ (ယခုဘဏ် ၁)…

Read More
VOM News

FREE
VIEW