ရတနာပုံမ်နေပြည်…၊ တာရဲတန်း မှသည်…

ဆူးငှက် မန္တလေးသည် မြန်မာတို့၏ နောက်ဆုံးမင်းဆက် စိုးစံခဲ့သော မြို့တော်အဖြစ် ထင်ရှားခဲ့ရုံ သာမက ရိုးရာယဉ်ကျေးမှု အနုပညာများဖြင့် မြန်မာ၏ပြယုဂ်ကို ဖော်ဆောင်ခဲ့ရာ နေရာဒေသအဖြစ်လည်း မြို့တည်နန်းတည်နှစ် ၁ဝဝ သက်တမ်းအတွင်း ကျော်ကြားခဲ့သည်။ မန္တလေးမြို့တည် နန်းတည်စဉ်ကာလ ပြင်သစ်၊ အင်္ဂလိပ်စသော ဥရောပတိုက်ရှိ နိုင်ငံကြီးများနှင့် ဆက်ဆံခဲ့ရုံမက အိမ်နီးချင်းခြံစည်းရိုးချင်းဆက်နိုင်ငံများနှင့် ဆက်ဆံနေရာပေးမှုကလည်း သိသာထင်ရှားခဲ့၏။ မင်းတုန်းမင်းကြီးက မြန်မာတို့၏ မင်းနေပြည် မန္တလေးရတနာပုံမ် ရွှေမြို့တော်တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ဝင်းနှင့် အစုအဖွဲ့များကို စံနစ်တကျ နေရာချထားပေးရာ၌ လူမျိုးခြားများနှင့် ပတ်သက်၍လည်း သီးခြားစဉ်းစား နေရာပေးမှုများကလည်း ဂရုပြုဖွယ်ဖြစ်၏။ သံဝင်းတဲ့၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီစသော သံအရာရှိများ တစ်စုတစ်ဝေးတည်း နေထိုင်ကြသည့်နေရာဖြစ်သည်။ ယခု အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် တည်ရှိသည်။ ထို့နောက် ယိုးဒယားဈေး ဝင်းတဲ့။ အမရပူရခေတ် ကတည်းက သုံ့ပန်းများအဖြစ်ရာက်ရှိလာသော…

Read More
VOM News

FREE
VIEW