တစ်ခါက ရွှေမြို့တော်

ဆူးငှက် ““ချစ်တဲ့ သူငယ်လေး … သူငယ်ချင်းကောင်း ယောင်းမတို့လေ … နှမထွေးမယ်တို့အိမ်ကို သိလိုချင်မှု နတ်ခရိုင်နှင့် ဈေးဆိုင်နှင့် အိမ်ရှေ့ကမူ အုတ်ပလ္လင်နှင့် ညောင်ပင်နှင့် … အိမ့်တောင်ကမူ ကြက်သွန်ခင်းနှင့် ရေတွင်းနှင့် အိမ့်မြောက်ကမူ စပါးလင်နှင့် ဒန်းပင်နှင့် အိမ့်နောက်ကမူ မိဿလင်နှင့် ချင်းပင်နှင့် …။”” (ရှင်ငြိမ်းမယ် – အိုင်ချင်း) စာဆိုရှင်ငြိမ်းမယ်က သူ့အိုင်ချင်းကို ညောင်ရမ်းခေတ်တွင် ရေးစပ်ခဲ့သည်ဟု ဖတ်မှတ်ရသည်။ အကယ်၍ ရှင်ငြိမ်းမယ်သာ အမရပူရခေတ်တွင် စာဆိုရလျှင် ““နှမထွေး မယ်တို့အိမ်ကို သိလိုချင်မူ နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်၊ အိမ်ရှေ့ကမူ စပျစ်ပင်နှင့် ရက်ကန်းစင်နှင့် …”” ဟု စပ်ဆိုပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အင်းဝဆင်ဖြူရှင်မင်းလက်ထက် သက္ကရာဇ် ၁၁၃၅ ခုနှစ်ကတည်းက ကွမ်ယင်စီခေါ် ဗာဓိသတ်ဘုရားလောင်းအတွက် ဗိမာန်ဆောင်တစ်ခုကို အင်းဝနေပြည်တော်တွင် တည်ဆောက်ခွင့်ရရှိသည်။ ထို့နောက် ဘိုးတော်ဘုရားက…

Read More
VOM News

FREE
VIEW