ဘားအံမြို့တွင်းက KBZဘဏ်ခွဲ ဓားပြတိုက်ခံရ

မတ် ၄-၂၀၂၂
VOM (GG)
 
ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ အမှတ် ၂ ရပ်ကွက်က KBZ ဘဏ်ခွဲမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ ၊ညနေ ၃ နာရီလောက်က ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
 
မျက်နှာဖုံးစွပ်ထားတဲ အမည်အသိ အမျိုးသား ၅ ယောက်က သေနတ်ပစ်ဖောက်ပြီး ဘဏ်အတွင်းဝင်ရောက်ကာ ငွေတွေကိုယူဆောင်သွားတာဖြစ်ပြီး အခုချိန်ထိတော့ ဓားပြတိုက်သူတွေကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
” ငွေကတော့ ထောင်ကျော် ပါသွားတယ် ကြားပေမယ့် သေချာတော့မသိရသေးဘူး။ Bank ဝန်ထမ်းတွေရဲ့ ဖုန်းပါယူသွားတယ်၊ CCTV ပါဖြတ်သွားပြီး ဟိုက်ဂျက် နဲ့ ထွက်ပြေးသွားတာလို့ပြောကြတယ်။လူက ၅ ယောက်လာပြီးလုပ်သွားတာတဲ့၊မျက်နှာဖုံးတွေလည်းစွပ်ထားတယ်ပြောတယ်၊အဲ့ဒီ kbz ဘဏ်က မြို့တွင်းက ဘဏ်ကြီး ၊ ဒါကို ဓားပြတိုက်ရဲတယ်ဆိုတော့ အခြေအနေတွေက လန့်စရာကောင်းနေပြီ ” လို့ ဘားအံဒေသခံတဦးကပြောပါတယ်။
 
KBZ ဘဏ်ဓားပြတိုက်ခံရပြီးနောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ ဝင် အယောက် ၄၀ နီးပါးက ဘဏ်မှာလုံခြုံရေးယူခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိလည်း ဘားအံမြို့ထဲမှာ စစ်ဆေးမှုတွေရှိနေသေးတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်းရှမ်းပြည်နယ်၊ သီပေါမြို့က KBZ ဘဏ်ခွဲတစ်ခု ဓားပြတိုက်ခံရပြီး သိန်း ၁၀၀၀ ကျော်ပါသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဓားပြတိုက်ခဲ့သူတွေကိုတော့ အခုထိဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ် ။
 
နစက အာဏာယူပြီးနောက် ပုဂ္ဂလိကဘဏ် ၁၀ ခုအထက် ဓါးမြတိုက်ခံရမှုဖြစ်ခဲ့ပါတယ်။
 
#VoiceOfMyanmar #VOM #ဘားအံ #KBZ #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW