NLDကိုယ်စားလှယ်ဟောင်း ဒေါ်ဖြူဖြူသင်းရဲ့ နေအိမ်ကို တရားရုံးက ချိတ်ပိတ်ဖို့ ဝရမ်းစာကပ်

မေ ၅-၂၀၂၂
KK(VOM)
 
NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းရဲ့တောင်ဥက္ကလာပမြို့နယ်ကနေအိမ်ကို မနေ့ မတ်လ၄ နေ့လယ်ပိုင်းက ချိတ်ပိတ်ဖို့အတွက် တရားရုံးက ဝရမ်းလာကပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
တောင်ဥက္ကလာပမြို့နယ်၊ ၇ရပ်ကွက်၊ ၁၁လမ်းမှာရှိတဲ့ ဒေါ်ဖြူဖြူသင်းရဲ့နေအိမ်ကို မနေ့ နေ့လယ်ပိုင်းက အရှေပိုင်းခရိုင်တရားရုံးက ဝရမ်းလာကပ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“ပြီးခဲ့တဲ့လကလည်း ကိုမင်းကိုနိူင်အိမ် ချိတ်ပိတ်ခဲ့သေးတယ်၊ အခုက မဖြူအိမ်ကိုချိတ်ပိတ်ဖို့ လုပ်တာ၊ ဝရမ်းကပ်တယ်ဆိုတာ လာဖြေရှင်းဖို့ မလာရင် ချိတ်ပိတ်မှာ”လို့ သူကပြောပါတယ်။
 
ဒေါ်ဖြူဖြူသင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂နဲ့ တရားစွဲဆိုထားကာ ဝရမ်းထုတ်ဆင့်ထားမှုကိုလည်း မတ် ၁၈ ရက်မှာ အရှေ့ပိုင်းခရိုင်တရားရုံးကို လာရောက်ဖို့လည်း ဝရမ်းစာမှာ ဖော်ပြထားပါတယ်။
 
အဲ့ဒီအမှုတွေကို ဒေါ်ဖြူဖြူသင်းအနေနဲ့ လာရောက် ဖြေရှင်းခြင်း မရှိပါက နေအိမ်ကို ချိတ်ပိတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ ၂ ရပ်ကွက်၊ ဝေဇယန္တာလမ်းမှာရှိ ဦးမင်းကိုနိူင်ရဲ့နေအိ
မ်ကိုလည်း ဝရမ်းကပ်ခဲ့ပါတယ်။
 
ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့လတွေက ဒါရိုက်တာကိုပေါက်၊အဆိုတော်ချမ်းချမ်း၊အဆိုတော် ချစ်သုဝေနဲ့လင်းလင်း၊အစီအစဥ်တင်ဆက်သူကို
မောင်မောင်အေးတို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံခဲ့ရပါ
သေးတယ်။
 
#voiceofmyanmar #VOM #ဒေါ်ဖြူဖြူသင်းနေအိမ် #ချိတ်ပိတ် #ဝရမ်းစာကပ်

Related posts

Leave a Comment

VOM News

FREE
VIEW