၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူ သုံးသိန်းကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

မတ် ၁၁-၂၀၂၂
KK(VOM)
 
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း သုံးသိန်းကျော် ဖြေဆိုမယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
 
တိုင်းဒေသကြီး၊ပြည်နယ်နဲ့ နိုင်ငံခြားစာစစ်ဌာန အပါအဝင် စာစစ်ဌာန စုစုပေါင်း (၁၂၅၆)ခု ရှိနေပြီး စုစုပေါင်းဖြေဆိုသူအရေအတွက် ၃၁၂၂၉၉ဦး ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဝင်ရောက်ဖြေဆိုမယ့်သူတွေဟာ ပြည်နယ်တိုင်းဒေသကြီးများရှိ ခရိုင် ၇၁ ခရိုင်၊ မြို့နယ် ၃၂၁ မြို့နယ်က စာစစ်ဌာန ၁၂၅၆ခုမှာ ဖြေဆိုကြရမှာဖြစ်ပြီး ကျောင်းတွင်းဖြေဆိုသူ ၂၀၀၇၆၈ ဦးနဲ့ အလွတ်ဖြေဆိုမယ့်သူ ၁၁၁၅၃၁ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေဟာ ရခိုင်ပြည်နယ်မှ အများဆုံးဖြစ်ပြီး ရန်ကုန်နဲ့မန္တလေးက ဒုတိယနဲ့ တတိယအများဆုံးဝင်ရောက်ဖြေဆိုမှာဖြစ်ပါတယ်။
 
လက်တလော နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်တဲ့ ကယား
ပြည်နယ်မှာ ဖြေဆိုသူဦးရေ ၇၈၀ သာရှိပြီး ရှမ်းပြ
ည်နယ်အရှေ့ပိုင်းမှာ ၂၇၄၁ ဦးရှိပြီး ချင်းပြည်နယ်
မှာ ၂၉၅၈ဦးသာရှိပါတယ်။
 
ပြည်နယ်နှင့်တိုင်းအသီးသီးက စာစစ်ဌာန ၁၂၅၆ ခုမှာ ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေဆိုသူ နှစ်သိန်းကျော်ရှိပြီး ပြင်ပမှဖြေဆိုသူ တစ်သိန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။
 
နှစ်စဉ်မတ်လမှာကျင်းပပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၀-၂၀၂၁ မတ်လမှာ နိူင်ငံရေးအခြေအနေတွေအရ ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။
 
ပြီးခဲ့တဲ့ ၂၀၁၉ -၂၀၂၀ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၉၁၀၁၃၂ ဦးရှိပြီး ပျက်ကွက်သူ ၆၁၁၃၄ ဦးရှိတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #ပညာရေး #တက္ကသိုလ်ဝင်စာမေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW