စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ရန်ကုန်-ကလေး ကားခတွေ သိန်းဂဏန်းအထိ မြင့်တက်

မတ် ၁၂-၂၀၂၂
KK(VOM)
 
စက်သုံးဆီစျေးမြင့်တက်လာတာကြောင့် ရန်ကုန်-ကလေး ကားလက်မှတ်တွေ သိန်းချီ ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ကလေး ကနေ ရန်ကုန်အသွားနဲ့ ရန်ကုန်ကနေ ကလေး
သို့ အပြန်လက်မှတ်စျေးတွေလည်း ဈေးနူန်းမတူသလို နေ့စဥ်ထွက်တဲ့ကားတွေရှိနေပြီး အလှည့်ကျရက်နဲ့ထွ
က်တဲ့ကားတွေလည်းရှိတယ်လို့ အောင်မေတ္တာရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“ဟိုအရင်က ငါးသောင်း အခုနောက်ပိုင်း ရှစ်သောင်း တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းအထိ ပေါက်တယ်”လို့ သူကပြောပါတယ်။
 
ရန်ကုန်မှကလေးမြို့သို့ သွားရောက်သူတစ်ဦးက”ရန်ကုန်ကနေ သွားရင် အောင်မင်္ဂလာအဝေးပြေးမှာ လက်မှတ်ဝယ်ရင် ရှစ်သောင်းပဲပေးရတယ်၊ ဒါပေမယ့် တိုက်ရိုက်မရောက်ဘူး မုံရွာကနေတဆင့် ချိန်းပေးတာ”လို့ ပြောပါတယ်။
 
ရန်ကုန်-ကလေး ကားလက်မှတ်တွေ ဝယ်ယူရာမှာ ကားလေး၊ကားကြီးအပေါ်မူတည်၍ ကားလက်မှတ်ခတွေ ပြောင်းလဲသွားတာဖြစ်တယ်လို့ ရန်ကုန်-ကလေး ကားဂိတ်မှ တာဝန်ရှိသူတဦးကပြောပါတယ်။
 
“ကလေးဆို အနောက်က တစ်သိန်း အရှေ့က တစ်သိန်းတစ်သောင်း လေးငါးယောက်ပဲစီးရတာ၊ ကားကြီးက အန်စာတုံး အရှေ့က တစ်သိန်း အနောက်က ရှစ်သောင်း လိုက်မယ်ဆို ကြိုပြောရမှာ “လို့ ပြောပါတယ်။
 
စက်သုံးဆီစျေးမြင့်တက်မှုကြောင့် လူပြည့်အောင် စောင့်ရလို့ ရန်ကုန်-ကလေးကားတွေကို ဆယ်ရက်မှ တစ်ခါသာထွက်ပြီး ကြိုတင်စာရင်းပေးမှသာ ရရှိမှာဖြစ်တယ်လို့ ကားဂိတ်တခုက ပြောပါတယ်။
 
“ကားလေး အနောက်က တစ်သိန်း အရှေ့က တစ်သိ
န်းတစ်သောင်း၊ ကားလေးက အရှေ့တစ်သိန်း အနောက်ရှစ်သောင်း၊ စျေးက သိပ်မကွာပါဘူး ဆီစျေးကြီးလို့ တက်သွားတာပါ”လို့ အဲ့ဒီကားဂိတ်ကပြောပါတယ်။
 
အဲ့ဒီလို စျေးတက်နေတာကြောင့် ခရီးသည်တွေကို လူပြည့်အောင်စောင့်ရတာရှိသလို ဆီစျေးမြင့်တက်လာတာနဲ့ လမ်းခရီးမှာ စစ်ဆေးမှုတွေများလာတာကြောင့် ရပ်နားသွားတဲ့ ကားအုံနာတွေလည်းရှိတယ်လို့ ယာဥ်မောင်းတဦးက ပြောပါတယ်။
 
“အခုက အများကြီးကွာသွားပြီ ဆီစျေးနဲ့မကိုက်ဘူးလေ၊ မဖြစ်မနေ ရုံးကိစ္စအလုပ်ကိစ္စသွားရတဲ့ ခရီးသည်တွေလောက်ပဲ သွားကြတော့တယ်၊ အချို့ယာဥ်ပိုင်ရှင်တွေလည်း နားကုန်ပြီ”လို့ ပြောပါတယ်။
 
လက်တလော အခြေအနေအရ ရန်ကုန်-ကလေးကားလက်မှတ်တွေမှာ စျေးနှုန်းကွားခြားမှုများရှိနေပြီး တစ်သိန်းနှစ်သောင်းအထိ ပေါက်စျေးရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ရန်ကုန်-ကလေး ကားလက်မှတ်တွေဟာ ယခင်က သုံးသောင်းကျော်သာရှိခဲ့ရာ ၂၀၂၀ နှစ်ကုန်ခါနီးမှာ ငါးသောင်းဖြစ်လာပြီး ၂၀၂၁ နောက်ပိုင်းမှာ ရှစ်သောင်းကျပ်မှ တစ်သိန်းနှစ်သောင်းကျပ်အထိ မြင့်တက်လာတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်ကလေးကားခ #သိန်းဂဏန်းထိမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW